စစ်တပ်အဖွဲ့အစည်းစနစ် (အင်္ဂလိပ် : Military Junta ) ဆိုသည်မှာ အစိုးရ ကိုစစ်တပ်မှအဖွဲ့အစည်းဖြင့် ဦးဆောင်အုပ်ချုပ်သော စစ်အစိုးရ စနစ်တစ်မျိုးဖြစ်သည်။ "Junta" (ဟွန်တာ သို့မဟုတ် ဂျွန်တာ) ဟူသောဝေါဟာရသည် 'ကော်မတီ'၊ 'အဖွဲ့အစည်း' ဟူ၍အဓိပ္ပာယ်ရပြီး ပန်နင်ဆူးလားစစ်ပွဲ (Peninsular war) ကာလ၌ စပိန်လူမျိုးများမှ ပြင်သစ်နယ်ချဲ့များကိုတော်လှန်ရန်အဖွဲ့များ ဖွဲ့စည်းရာမှဖြစ်ပေါ်လာခဲ့သည်။[1] နောက်ပိုင်းတွင်မူ "ဟွန်တာ" အခေါ်အဝေါ်ကို စစ်အာဏာရှင်စနစ် ကိုရည်ညွှန်းရာတွင် သုံးနှုန်းခေါ်ဆိုကြသည်။[2]
ဩဂတ်စတို ပီနိုချက် (Augusto Pinochet) ဦးဆောင်သော ချီလီနိုင်ငံ စစ်အစိုးရ (မတ် ၁၉၈၆)
ထိုစစ်တပ်အဖွဲ့အစည်းစနစ်ကို အဓိကအားဖြင့် Open rule နှင့် Disguised rule ဟူ၍ ခွဲခြားနိုင်သည်။[3] Open rule သည် စစ်တပ်မှကိုယ်ပိုင်အဖွဲ့ဖြင့် တိုက်ရိုက်အုပ်ချုပ်ခြင်းဖြစ်သည်။ Disguised rule တွင် Civilianization နှင့် Indirect rule ဟူ၍ ထက်မံခွဲခြားနိုင်သည်။ [4] Civilianization သည် အရပ်သားအစိုးရကို ဖွဲ့စည်းပေးသော်လည်း ထိုအစိုးရအတွက်နိုင်ငံရေးပါတီကို ဗိုလ်ချုပ်တစ်ဦးမှဖွဲ့စည်းခြင်းဖြစ်သည်။ Indirect rule တွင်မူ အရပ်သားအစိုးရကို အယောင်ပြအဖြစ်သာထား၍ ပကတိအာဏာကိုစစ်တပ်ကသာ ဆက်လက်ချုပ်ကိုင်ထားသည်။[4]
၁၉၂၀ ဝန်းကျင်မှစ၍ လက်တင်အမေရိက ဒေသများတွင် ထိုစစ်အဖွဲ့အစည်းစနစ်များ ပေါ်ပေါက်လာခဲ့သည်။ ထိုစစ်တပ်အဖွဲ့များတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ် စသည်တို့မှ အရာရှိများပါဝင်ကြသည်။[3] နိုင်ငံရေးသိပ္ပံပညာရှင် ဆင်မြူရယ် ဖိုင်နာ (Samuel Finer) ၏လေ့လာချက်အရ လက်တင်အမေရိကနိုင်ငံများ၏ စစ်တပ်အဖွဲ့များတွင် ပျမ်းမျှ ၁၁ ယောက်အစား သုံးလေးယောက်မျှသာ ပါဝင်ခဲ့ကြသည်။
အာဂျင်တီးနား – အမျိုးသားပြန်လည်ဖွဲ့စည်းရေးလုပ်ငန်းစဉ် (National Reorganization Process) (၁၉၇၆–၁၉၈၃)
ဘိုလီးဗီးယား – Bolivian military juntas (၁၉၇၀-၁၉၇၁ နှင့် ၁၉၈၀-၁၉၈၂)
ဘရာဇီး – ၁၉၃၀ နှင့် ၁၉၆၉ မှ စစ်အစိုးရများ
ချီလီ – Government Junta (၁၉၇၃-၁၉၉၀)
တရုတ် – Temporary Provisions against the Communist Rebellion (၁၉၄၈–၁၉၉၁) တရုတ်ပြည်မကြီး သည် ကွန်မြူနစ် လက်အောက်သို့ ကျရောက်ခြင်းကြောင့်ပြုလုပ်ရခြင်း
အီဂျစ် – တပ်မတော်ကောင်စီကြီး (Supreme Council of the Armed Forces) (၂၀၁၁-၂၀၁၂)
အယ်ဆာဗေဒို – တော်လှန်ရေးအစိုးရအဖွဲ့ (Revolutionary Government Junta) (၁၉၇၉–၁၉၈၂)
အီသီယိုးပီးယား – အီသီယိုးပီးယားဆိုရှယ်လစ်နိုင်ငံ၏ ပြင်ဆင်မှုတပ်မတော်အစိုးရ (Provisional Military Government of Socialist Ethiopia၊ "Derg" ဟု လူသိများ) (၁၉၇၄–၁၉၈၇)
ဖီဂျီ – Frank Bainimarama ၏ စစ်အစိုးရ (၂၀၀၆–၂၀၁၄)[5]
ဂရိ – တော်လှန်ရေးကော်မတီ (Revolutionary Committee) (၁၉၆၇–၁၉၇၄)
ဂျော်ဂျီယာ – စစ်တပ်ကောင်စီ (Military Council of the Republic of Georgia) (၁၉၉၂ ဇန်နဝါရီ ၆ မှ မတ်လ ၁၀)
ဂီနီ – ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေးအမျိုးသားကောင်စီ (National Council for Democracy and Development) (၂၀၀၈-၂၀၁၀)
ဟေတီ – ၁၉၉၁ ၌ အာဏာသိမ်း၍ ၁၉၉၄ တွင် ဖြုတ်ချခံခဲ့ရသည်။
လိုက်ဘေးရီးယား - ပြည်သူကယ်တင်ရေးကောင်စီ (People's Redemption Council) (၁၉၈၀-၁၉၈၄)
မာလီ – ပြည်သူကယ်ဆယ်ရေးအတွက် အမျိုးသားကော်မတီ (National Committee for the Salvation of the People) (၂၀၂၀-လက်ရှိ)
မြန်မာ – နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၈၈–၂၀၁၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၂၀၂၁-လက်ရှိ)
နီကာရာဂွါ – နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးအဖွဲ့ (Junta of National Reconstruction) (၁၉၇၉-၁၉၈၅)
နိုင်ဂျီးရီးယား – Nigerian Military juntas (၁၉၆၆–၁၉၇၉ နှင့် ၁၉၈၃–၁၉၉၈)
ပီရူး – Peruvian Military Junta (၁၉၆၈–၁၉၈၀)
ပိုလန် – အမျိုးသားကယ်ဆယ်ရေးတပ်မတော်ကောင်စီ (Military Council of National Salvation) (၁၉၈၁-၁၉၈၃)
ပေါ်တူဂီ – အမျိုးသားကယ်ဆယ်ရေးအဖွဲ့ (National Salvation Junta) (၁၉၇၄-၁၉၇၅)
တောင်ကိုရီးယား – နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးကောင်စီကြီး (Supreme Council for National Reconstruction) (၁၉၆၁-၁၉၆၃)
ဆူဒန် – Transitional Military Council (၂၀၁၉)
ထိုင်းနိုင်ငံ – အမျိုးသားလုံခြုံရေးကောင်စီ (Council for National Security) (၂၀၀၆-၂၀၀၈) နှင့် အေးချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီ (National Council for Peace and Order) (၂၀၁၄-၂၀၁၉)
ယူဂန်းဒါး – အမျိုးသားခုခံရေးလှုပ်ရှားမှုပါတီ (National Resistance Movement) (၂၀၂၀)
Junta , Encyclopædia Britannica (last updated 1998).
Brooker, Non-Democratic Regimes (2d ed.), p. 153.
Paul Brooker, Comparative Politics (ed. Daniele Caramani: Oxford University Press, 2014), pp. 101-102.