မြန်မာစာ From Wikipedia, the free encyclopedia
ဆရာကြီး မောင်ခင်မင် ( ဓနုဖြူ ) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ မြန်မာစာပေပညာရှိ နှင့် အငြိမ်းစားတက္ကသိုလ် မြန်မာစာ ပါမောက္ခ ဖြစ်သည်။
ဤဆောင်းပါးတွင် ပြဿနာများစွာရှိသည်။ ကျေးဇူးပြု၍ ဆောင်းပါးတိုးတက်ကောင်းမွန်လာစေရန် ကူညီနိုင်သည်။ သို့မဟုတ် ဆွေးနွေးချက်စာမျက်နှာ တွင် ဤပြဿနာများအကြောင်း ဆွေးနွေးနိုင်၏ ။(ဤသို့သော တမ်းပလိတ်စာတွဲများကို မည်သို့နှင့် မည်သည့်အချိန်တွင် ဖယ်ရှားနိုင်သည်ကို လေ့လာရန်)
|
မောင်ခင်မင် (ဓနုဖြူ) | |
---|---|
အမည်ရင်း | ဦးခင်အေး |
မွေးဖွား | ဓနုဖြူမြို့နယ်၊ ကျုံတစ်နီးရွာ | ဇန်နဝါရီ ၂၊ ၁၉၄၂
အလုပ်အကိုင် | ပါမောက္ခ |
ပညာရေး | မဟာဝိဇ္ဇာဘွဲ့(ဂုဏ်ထူး) |
ရရှိသည့်ဆုများ | ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ |
မိဘ | ဦးရာမ + ဒေါ်စောတင် |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
၁၉၄၂ - ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့ က ဖွားမြင်သည်။ အမည်ရင်း ဦးခင်အေးဖြစ်သည်။
၁၉၅၄ - ရန်ကုန်မြို့ မြူနီစီပယ် ပညာရေးအဖွဲ့ကစစ်ဆေးသော စတုတ္ထတန်းစာမေးပွဲကို ပထမအဆင့်မှ အောင်မြင်။
၁၉၅၇ - သတ္တမတန်းနှင့်အလယ်တန်းပညာသင်ဆု (စကောလားရှစ်)စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်သဖြင့် အလယ်တန်းပညာသင်ဆု(စကောလားရှစ်)ဆုရ။ စာနယ်ဇင်းများတွင် ဆောင်းပါးများစရေး။
၁၉၅၉ - တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်ပြည်လုံး၌ မြန်မာစာအမှတ်အများဆုံးဖြင့် အတန်းတိုင်း၌ ထူးချွန်စွာအောင်မြင်ခဲ့။
၁၉၆၃ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(အထွေထွေဂုဏ်ထူး)ရရှိ။
၁၉၆၉ - မဟာဝိဇ္ဇာဘွဲ့(ဂုဏ်ထူး)ရရှိခဲ့။
၂၀၀၂ - အောက်တိုဘာလ(၁၉)ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ကိုချီးမြှင့်အပ်နှင်းခြင်း ခံရ။
၁၉၆၃ - ပုသိမ်ကောလိပ် မြန်မာစာဌာန၌ နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ် ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့။
၁၉၉၇ - ၉၉ - တွဲဖက်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်အစိုးရပညာရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်အရ ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် မြန်မာစာဧည့်ပါမောက္ခအဖြစ် (၂)နှစ် တာဝန်ထမ်းဆောင်ခဲ့။
၂၀၀၂ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူသည်။
ယခုအခါ-ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါမောက္ခအဖြစ်မှ အငြိမ်းစားယူပြီး ဇနီးဒေါ်စုစုနွယ်(တွဲဖက်ပါမောက္ခ-မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) သမီး-သူသူနွယ်အေးတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ အငြိမ်းစားယူပြီး ရေးသားသော မြန်မာ စာလုံးပေါင်းသတ်ပုံ ဆိုင်ရာ လူထုပညာပေးဆောင်းပါး များမှာ အထူး လူကြိုက်များသည်။ [1]
၁၉၇၉ - စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်ထွက်ရှိ။
၁၉၈ဝ - စကားပြေအဖွဲ့ပုံစံများနှင့် ဘာသာပြန်လေ့လာချက်။ ရုံးသုံးမြန်မာစာ၊ ပြည်သူ့အတွက် မြန်မာ စကားပြေ စသောစာအုပ်များထွက်။
၁၉၈၅ - မြန်မာစာပေသမိုင်း(အခြေခံပညာအထက်တန်း စိတ်ကြိုက်မြန်မာစာ) (ဦးစောထွန်းနှင့်ပူးတွဲ) ပြုစု။
၁၉၈၇ - စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ပညာရပ်တွင် ပထမဆုရရှိခဲ့။
၁၉၉ဝ - မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာစာအုပ်ထွက်ရှိ။
၁၉၉၂ - မြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကားအမြင် စာအုပ်ထွက်။ စာစီစာကုံးသင်ကြား ရေး၊ လမ်းမပျောက်ပါ စသောစာအုပ်များဆက်ထွက်။
၁၉၉၃ - စန္ဒာမုနိသွန်းစက်တော်၏ ရာပြည့်ခရီးစာအုပ်ထွက်။
၁၉၉၄ - အခြေခံအထက်တန်းအဆင့် စကားပြေသင်ကြားရေး စာအုပ်ထွက်။
၁၉၉၅ - ကဗျာသဘောတရားနှင့် ကဗျာလေ့လာနည်း စာအုပ်ထွက်။
၁၉၉၆ - နှင်းဆီဝတ်မှုန် စာစီစာကုံး သဘောတရားနှင့်လက်တွေ့အရေးအသား( ဦးသန်းထွဋ်နှင့်ပူးတွဲ) ပြုစု။
၁၉၉၇ - မေတ္တာနှလုံးသား ပုံရိပ်များ၊ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း၊ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာ စသော စာအုပ်များထွက်။
၂၀၀ဝ - တစ်သံ နှစ်သံ သုံးလေးသံ စာအုပ်ထွက်။
၂၀၀၁ - သုတေသနလက်စွဲစာအုပ်ထွက်။
၂၀၀၂ - နှစ်လေးဆယ်ဘဝမှတ်တိုင်များစာအုပ်ထွက်။ (ယင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု(စာပဒေသာဆု)ရရှိ။
၂၀၀၃ - ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံတကာ ရသစာပေဆွေးနွေးပွဲတွင် MyanMa Post-colonial Literature စာတမ်းကို ဖတ်ကြားခဲ့။ စာဆိုဘဝ၊ စာဆိုတော်-စာဆိုလက်ရာ စာအုပ်ထွက်။
၂၀၀၄ - ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့၌ AUNကကျင်းပသော ဘာသာစကားသင်ကြားရေး ဆွေးနွေးပွဲတွင် Some Phonological Problem in Teacher Myanma or a Foreign Language in Foreigners စာတမ်းဖတ်ကြားခဲ့။ အတ္ထဗေဒနိဒါန်း၊ တပည့်နှင့်ဆရာ-ဆရာနှင့်တပည့်၊ စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း စသောစာအုပ်များ ထွက်။
၂၀၀၅ - သက်တံရောင်စုံဘာသာစကား၊ မောင်ရုပ်ဆိုးနှင့်မယ်မဒ္ဒီ ရသစာတမ်းများ စသောစာအုပ်များထွက်။
ဆရာမောင်ခင်မင်(ဓနုဖြူ)သည် ဘာသာစာပေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများ၊ စာပေဗ္ဗိမာန်စာတမ်း ဖတ်ပွဲများတွင် ဘာသာစကားဆိုင်ရာ၊ မြန်မာစကားပြေဆိုင်ရာ စာတမ်းငယ်ဆိုင်ရာ စာတမ်းများကို ရေးသားပြုစု ဖတ်ကြားခဲ့သည်။
၁၉၈၇ - စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ပညာရပ်တွင် ပထမဆုရရှိသည်။
၂၀၀၂ - အောက်တိုဘာလ(၁၉)ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ကိုချီးမြှင့်အပ်နှင်းခြင်း ခံရသည်။
၂၀၀၂ - နှစ်လေးဆယ်ဘဝမှတ်တိုင်များစာအုပ်ဖြင့် အမျိုးသားစာပေဆု(စာပဒေသာဆု)ရရှိသည်။
၁။ စကားပြေ သဘောတရား စကားပြေ အတတ်ပညာ (စတုတ္ထအကြိမ်) ၁၉၇၉/ ၂၀၀၄
၂။ စကားပြေ အဖွဲ့ ပုံစံများနှင့် ဘာသာပြန် လေ့လာချက် ၁၉၈၀
၃။ ရုံးသုံး မြန်မာစာ ၁၉၈၀
၄။ ပြည်သူ့အတွက် မြန်မာ စကားပြေ ၁၉၈၀
၅။ မြန်မာစကား မြန်မာစာ ရုပ်ပုံလွှာ ၁၉၉၀
၆။ မြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကား အမြင် (ပြန်ရိုက်) ၁၉၉၂/၂၀၀၅
၇။ စာစီစာကုံး သင်ကြားရေး ၁၉၉၂
၈။ လမ်းမပျောက်ပါ ၁၉၉၂
၉။ စန္ဒာမုနိသွန်းစက်တော်၏ ရာပြည့်ခရီး ၁၉၉၃
၁၀။ အခြေခံ အထက်တန်း အဆင့် စကားပြေ သင်ကြားရေး ၁၉၉၄
၁၁။ ကဗျာ သဘောတရားနှင့် ကဗျာ လေ့လာနည်း ၁၉၉၅
၁၂။ မေတ္တာ နှလုံးသား ပုံရိပ်များ ၁၉၉၇
၁၃။ စာပေ သမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း (ပြန်ရိုက်) ၁၉၉၇/၂၀၀၅
၁၄။ စကားသုမုဒ္ဒရာ စာသမုဒ္ဒရာ ၁၉၉၇
၁၅။ တသံ နှစ်သံ သုံးလေးသံ ၂၀၀၀
၁၆။ နှစ်လေးဆယ် ဘဝမှတ်တိုင်များ ၂၀၀၂
၁၇။ သုတေသန လက်စွဲ ၂၀၀၁
၁၈။ စာဆိုဘဝ စာဆိုတော်၊ စာဆိုလက်ရာ ၂၀၀၃
၁၉။ အတ္ထဗေဒနိဒါန်း ၂၀၀၄
၂၀။ တပည့်နှင့်ဆရာ ဆရာနှင့်တပည့် ၂၀၀၄
၂၁။ စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း ၂၀၀၄
၂၂။ သက်တံရောင်စုံ ဘာသာစကား ၂၀၀၅
၂၃။ မောင်ရုပ်ဆိုးနှင့် မယ်မဒ္ဒီရသစာတမ်းများ ၂၀၀၅
၂၄။ လူငယ်အကြောင်း ပညာအကြောင်း ဆရာအကြောင်း တစေ့တစောင်း ၂၀၁၉
၁။ မြန်မာစာပေသမိုင်း (အခြေခံပညာ အထက်တန်း စိတ်ကြိုက်မြန်မာစာ) (ဦးစောထွန်းနှင့်ပူးတွဲ) ၁၉၈၅
၂။ နှင်းဆီဝတ်မှုန် စာစီစာကုံး သဘောတရားနှင့် လက်တွေ့ အရေးအသား (ဦးသန်းထွတ်နှင့် ပူးတွဲ) ၁၉၉၆
၃။ မြန်မာစကား၊ မြန်မာစာ (ဦးတင်ရွှေနှင့် ပူးတွဲ)
၁။ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ
၂။ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ
၃။ မြန်မာဘာသာစကားပညာရှင်များနှင့် ဘာသာစကားအမြင်
၄။ မေတ္တာနှလုံးသားပုံရိပ်များ
၅။ စာပေသမုဒ္ဒရာ၌လက်ပစ်ကူးခြင်း
၆။ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာ
၇။ နှစ်လေးဆယ်ဘဝမှတ်တိုင်များ
၈။ စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း
၉။ မောင်ရုပ်ဆိုးနှင့်မယ်မဒ္ဒီရသစာတမ်းများ
၁၀။ နှစ်ဆယ်ရာစု စကားပြေဆရာများ။ [2]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.