From Wikipedia, the free encyclopedia
လွတ်လပ်စွာ စုဝေးခြင်း၊ တစ်ခါတစ်ရံ အစည်းအရုံး၏လွတ်လပ်ခြင်း ဟူ၍လည်း ဖလှယ်၍ သုံးစွဲခြင်း သည် အများ၏စိတ်ဝင်စားမှုများကို တစ်စုတစ်ဝေးတည်း ဖော်ပြရန်၊ မြှင့်တင်ရန်၊ ဆက်လက်လုပ် ဆောင်ရန်နှင့် ကာကွယ်ရန်အတွက် အတူတကွလာရန် တစ်ဦးချင်းစီ၏ အခွင့်အရေးဖြစ်သည်။ အစည်းအရုံး၏ လွတ်လပ်ခြင်း အခွင့်အရေးသည် လူ့အခွင့်အရေးတစ်ရပ်၊ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် လူမှုရေး လွတ်လပ်မှုတစ်ရပ် ဖြစ်သည်ဟု ခံယူထားကြသည်။
လွတ်လပ်စွာ စုဝေးခြင်း နှင့် အစည်းအရုံးလွတ်လပ်ခွင့် တို့ကို လူအများ စုဝေးရာနေရာများတွင် လွတ်လပ်စွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ကို လွတ်လပ်စွာ ဝင်ရောက်ခွင့်တို့အကြား ခွဲခြားရန် အသုံးပြုနိုင်သည်။ လွတ်လပ်စွာ စုဝေးခြင်းကို ဆန္ဒပြရန် အခွင့်အရေးဟူသော စကားစပ်တွင် အသုံးပြုလေ့ရှိသော်လည်း အသင်းအဖွဲ့ လွတ်လပ်ခွင့်ကို အလုပ်သမားအခွင့်အရေးများနှင့် အလုပ်သမားသမဂ္ဂနှင့် အလုပ်ရှင်တို့ ဆွေးနွေး ညှိနှိုင်းခြင်း အခွင့်အရေးတို့တွင် အသုံးပြုသည်၊ ဥပမာ အလုပ်သမား အစည်းအရုံးသို့ ဝင် ရောက်ခြင်းဖြစ်သည်။ လွတ်လပ်စွာ စုဝေးခြင်းသည် ကနေဒီယန် အခြေခံဥပဒေ နှင့် အမေရိကန်အခြေခံဥပဒေတို့တွင် အာမခံချက်ပေးထားသည့်အတိုင်း လွတ်လပ်စွာ စုဝေးခြင်းနှင့် အသင်းအဖွဲ့ တစ်ခုကို လွတ်လပ်စွာဝင်ရောက်ခြင်း နှစ်ခုစလုံးကို အဓိပ္ပာယ်သက်ရောက်စေရန် ဖော်ပြထားသည်။
လွတ်လပ်စွာ စုဝေးခြင်းသည် အောက်ပါ လူ့အခွင့်အရေးဆိုင်ရာပြဋ္ဌာန်းပေးသော စာချုပ်စာတမ်း များတွင် အမြတ်တနိုးထား၍ ထိန်းသိမ်းထားသည်-
လွတ်လပ်စွာ စုဝေးခြင်းကို အသိအမှတ်ပြုထားသော နိုင်ငံတော်နှင့် ဒေသတွင်း ဖွဲ ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဥပမာများမှာ-
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.