အစိမ်းရောင်
အရောင် / From Wikipedia, the free encyclopedia
အစိမ်းရောင်သည် မြင်နိုင်သောအလင်းထဲတွင် စိမ်းပြာရောင် (cyan) နှင့် အဝါရောင်ကြားရှိ အရောင်တခုဖြစ်သည်။ ယင်းသည် ပုံနှိပ်ခြင်းနှင့် ပန်းချီဆွဲခြင်းလုပ်ငန်းတွင်လည်း အသုံးပြုသော အရောင်တခုဖြစ်သည်။ ရုပ်မြင်သံကြားနှင့် ကွန်ပျူတာမျက်နှာပြင်တွင် အစိမ်းရောင်အား အဝါရောင်နှင့် စိမ်းပြာရောင်မှတဆင့် ဖန်တီးထားခြင်းဖြစ်သည်။ သဘာဝတွင် အစိမ်းရောင်၏ အများဆုံး ပံ့ပိုးထားမှုသည် ကလိုရိုဖီးလ်ဖြစ်ပြီး ယင်းသည် အပင်များက အလင်းမှီစုဖွဲ့ခြင်းနည်းဖြင့် အလင်းရောင်မှ ဓာတုစွမ်းအင်အဖြစ် ပြောင်းလဲပေးသည်။ သတ္တဝါအများစုသည် အစိမ်းရောင်နှင့် ထပ်တူနီးပါး ကိုယ်ယောင်ဖျောက်ခြင်းဖြင့် လိုက်လျောညီထွေစွာ ပြုမူနေထိုင်တတ်ကြသည်။ မြကဲ့သို့သော တွင်းထွက်ပစ္စည်းအများစုသည်လည်း အစိမ်းရောင် ရှိကြသည်။
အစိမ်းရောင် | |
---|---|
ရောင်စဉ်တန်း ကိုဩဒိနိတ်များ | |
လှိုင်းအလျား | 495–570 nm |
ကြိမ်နှုန်း | ~575–525 THz |
ရောင်စဉ်တန်း ကိုဩဒိနိတ်များ | |
Hex triplet | #00FF00 |
sRGBB (r, g, b) | (0, 255, 0) |
HSV (h, s, v) | (120°, 100%, 100%) |
CIELChuv (L, C, h) | (88, 136, 128°) |
ရင်းမြစ် | sRGB approximation to NCS S 2060-G[မှတ်စု 1] |
B: Normalized to [0–255] (byte) H: Normalized to [0–100] (hundred) |
အမေရိကန် ပြည်ထောင်စု၊ ဥရောပနိုင်ငံများနှင့် အစ္စလမ္မစ်နိုင်ငံများရှိ စစ်တမ်းများအရ အစိမ်းရောင်သည် သဘာဝ၊ သက်ရှိ၊ ကျန်းမာရေး၊ ငယ်ရွယ်နုပျိုမှု၊ မျော်လင့်ချက်၊ နွေဦးနှင့် မနာလိုမှုကို ကိုယ်စားပြုသည်။[1] ဥရောပသမ္မဂနှင့် အမေရိကန်ပြည်ထောင်စုတွင် အစိမ်းရောင်သည် တခါတရံ အဆိပ်သင့်မှုနှင့် ကျန်းမာရေးညံ့ဖျင်းမှုကို ကိုယ်စားပြုသည်။[2] သို့သော် တရုတ်နိုင်ငံနှင့် အာရှတိုက်ရှိ နိုင်ငံအများစုတွင် အစိမ်းရောင်သည် ဆန့်ကျင်ဘက်အဖြစ် ပျော်ရွှင်မှုနှင့် မွေးဖွားနှုန်းကို ကိုယ်စားပြုသည်။[1] အစိမ်းရောင်သည် မိုဟာမက်၏ ကိုယ်စားပြုအရောင်လည်းဖြစ်သည်၊ ထို့ကြောင့် အစ္စလမ္မစ်နိုင်ငံအများစု၏ အလံတွင် အစိမ်းရောင်ကို တွေ့ရှိရခြင်းဖြစ်သည်။[3]