အဝါရောင်သည် အလင်း၏ ရောင်စဉ်တွင် အစိမ်းရောင်နှင့် လိမ္မော်ရောင်ကြားရှိ အရောင်တခုဖြစ်သည်။ ပန်းချီရေးဆွဲခြင်းနှင့် ပုံနှိပ်ခြင်း လုပ်ငန်းတို့တွင် အဓိက အသုံးပြုသည့် အရောင်တခု ဖြစ်သည်။ အဝါရောင်အား ငှက်ပျောသီး၊ ပြောင်းဖူး စသည်တို့တွင် တွေ့ရှိနိုင်သည်။ နေသည် မိုးကုတ်စက်ဝိုင်းအနီးသို့ရောက်သောအခါ နေရောင်ခြည်သည် အဝါရောင်အဖြစ်သို့ အနည်းငယ်သမ်းသွားသည်။

အချက်တိုများ အဝါရောင်, ရောင်စဉ်တန်း ကိုဩဒိနိတ်များ ...
အဝါရောင်
 
Thumb
Thumb
Thumb
Thumb
Thumb
Thumb
Thumb
ရောင်စဉ်တန်း ကိုဩဒိနိတ်များ
လှိုင်းအလျား575–585[1] nm
ကြိမ်နှုန်း521–512 THz
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#FFFF00
sRGBB (r, g, b)(255, 255, 0)
HSV (h, s, v)(60°, 100%, 100%)
CIELChuv (L, C, h)(97, 107, 86°)
ရင်းမြစ်HTML/CSS[2]
B: Normalized to [0–255] (byte)
H: Normalized to [0–100] (hundred)
ပိတ်ရန်

ဥရောပ၊ ကနေဒါနိုင်ငံ၊ အမေရိကန် ပြည်ထောင်စုရှိ စစ်တမ်းများအရ အဝါရောင်သည် လူကြီးလူကောင်းဆန်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဟာသဉာဏ်ရှိခြင်း စသည်တို့နှင့် ဆက်နွယ်မှု ရှိသည်ကို တွေ့ရသည်။ သို့သော်လည်း အဝါရောင်သည် မနာလိုမှု၊ လောဘနှင့်လည်း ဆက်နွယ်မှုရှိပြီး အမေရိကန်တွင် သူရဲဘောကြောင်ခြင်းနှင့်လည်း ဆက်စပ်သည်။[3] အီရန်နိုင်ငံတွင် အဝါရောင်သည် ဖျားနှာမှုနှင့် ဆက်နွယ်သည့်အပြင်[4] ပညာရှိခြင်းကိုလည်း ကိုယ်စားပြုသည်။[5] တရုတ်နိုင်ငံနှင့် အာရှတိုက်ရှိနိုင်ငံများတွင် အဝါရောင်သည် ပျော်ရွှင်မှု အောင်မြင်မှုနှင့် ပညာရှိခြင်းအဖြစ် ရှုမြင်ကြသည်။[6]


ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.