SOTUS: The Series
From Wikipedia, the free encyclopedia
SOTUS: The Series (ထိုင်း: SOTUS: The Series – พี่ว้ากตัวร้ายกับนายปีหนึ่ง, RTGS: SOTUS: The Series – Phi Wak Tua-rai Kap Nai Pi Nueng, lit. 'SOTUS: The Series – စီနီယာဆိုးနှင့် ပထမနှစ်ကျောင်းသားလေး') သည် Perawat Sangpotirat (Krist) နှင့် Prachaya Ruangroj (Singto) တို့ ပါဝင်သရုပ်ဆောင်ထားသည့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သော ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး၊ Bittersweet ၏ SOTUS: พี่ว้ากตัวร้ายกับนายปีหนึ่ง ဝတ္ထုကို အခြေခံကာ ရိုက်ကူးထားခြင်း ဖြစ်သည်။[1] ဇာတ်လမ်းအမည် "SOTUS" သည် S.O.T.U.S စနစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။
SOTUS: The Series | |
---|---|
၂၀၁၇ Attitude ဆုရ SOTUS | |
အမျိုးအစား |
|
ဖန်တီးသူ | GMMTV |
အခြေခံထားသည်မှာ | BitterSweet ၏ SOTUS: พี่ว้ากตัวร้ายกับนายปีหนึ่ง |
ဒါရိုက်တာ | Lit Samajarn |
သရုပ်ဆောင် |
|
အဖွင့်တီးလုံး | "โซซัดโซเซ" (So Sud So Say) by Tachaya Prathumwan |
အပိတ်တီးလုံး | "ความลับในใจ" (Kwarm Lup Nai Jai) by Achirawich Saliwattana and Phurikulkrit Chusakdiskulwibul |
နိုင်ငံ | Thailand |
ဘာသာစကား | Thai |
အတွဲပေါင်း | 2 |
အပိုင်းပေါင်း | 16 |
ထုတ်လုပ်သူ | Felloww |
ပြသချိန် | 50 minutes |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
မူရင်းရုပ်သံလိုင်း |
|
မူလပြသမှု | ၂၀ ဩဂုတ် ၂၀၁၆ (၂၀၁၆-၀၈-၂၀) – ၁၄ ဇန်နဝါရီ ၂၀၁၇ (၂၀၁၇-၀၁-၁၄) |
နောက်ထွက်ဇာတ်လမ်း | SOTUS S: The Series |
ဆက်စပ်မှုများ | |
GMM 25 Show Details | |
ထုတ်လုပ်မှု ဝက်ဘ်ဆိုဒ် |
ထိုစနစ်အရ Kongpob (Prachaya Ruangroj) အပါအဝင် ပထမနှစ်ကျောင်းသားသစ်များသည် တတိယနှစ်ကျောင်းသား Arthit (Perawat Sangpotirat) ခေါင်းဆောင်သည့် စီနီယာကျောင်းသားအဖွဲ့၏ တရားဝင်ဂျူနီယာကျောင်းသားများအဖြစ် အသိအမှတ်ပြုခံရစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ နောက်ပိုင်းတွင် အချင်းချင်းပဋိပက္ခများကို ပြန်လည်သင့်မြတ်အောင်ဆောင်ရွက်ရင်း အုပ်စုနှစ်စုအကြား သူငယ်ချင်း သံယောဇဉ်နှင့် ချစ်ခြင်းတရားတို့ တဖြည်းဖြည်းပေါက်ဖွားလာပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။
ဒါရိုက်တာ Lit Samajarn ရိုက်ကူးပြီး GMMTV နှင့် Felloww တို့ပူးပေါင်းထုတ်လုပ်သော ဤဇာတ်လမ်းတွဲသည် Senior Secret Love ဇာတ်လမ်းတွဲနှင့်အတူ ၂၀၁၆ ခုနှစ်အစောပိုင်းတွင် GMMTVမှ ကြေညာခဲ့သော ရုပ်သံဇာတ်လမ်းတွဲနှစ်ခုအနက်တစ်ခုဖြစ်သည်။[2] ဤဇာတ်လမ်းကို One32 နှင့် LINE TV ရုပ်သံလိုင်းတို့တွင် ၂၀၁၆ခုနှစ် ဩဂုတ်လ ၂၀ရက် မှစတင်ကာ အပတ်စဉ် စနေနေ့ ၂၂:၀၀နာရီ နှင့် ၂၄:၀၀နာရီအချိန်တို့တွင် ထုတ်လွှင့်ပြသသည်။[3] ဇာတ်လမ်းတွဲ၏ ပထမအပိုင်း ၈ ပိုင်းကို ၂၀၁၆ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့ နှင့် အောက်တိုဘာလ ၈ရက်နေ့အတွင်း ထုတ်လွှင့်ခဲ့သည်။ ထိုင်းဘုရင် ဘူမိဗလအတုလျတေဇ နတ်ရွာစံပြီးနောက်တွင် တရားဝင်ဝမ်းနည်းခြင်းကာလ ရက်ပေါင်း၃၀အတွင်း ဤဇာတ်လမ်းကို ထုတ်လွှင့်ခြင်းရပ်ဆိုင်းခဲ့ရသည် သို့ဖြစ်၍ ကျန်အပိုင်း ၈ ပိုင်းကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့ နှင့် ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့အတွင်း ဆက်လက်ထုတ်လွှင့်ခဲ့ရာ မူလသတ်မှတ်ပြီးဆုံးရက် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ ထက် နောက်ကျခဲ့သည်။[4] ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့တွင် ဇာတ်လမ်း၏ အထူးအပိုင်းအဖြစ် SOTUS: Very Special EP ခေါင်းစဉ်ဖြင့် ယခင်မထုတ်လွှင့်ခဲ့သော အပိုင်းများနှင့် ရိုက်ကွင်းနောက်ကွယ် အပိုင်းများကို ထုတ်လွှင့်ပြသခဲ့သည်။[5]
၂၀၁၇ခုနှစ် မတ်လအစောပိုင်းတွင် အဓိကသရုပ်ဆောင်နှစ်ဦးဖြစ်သည့် Perawat နှင့် Prachaya တို့ ပြန်လည်ပါဝင်သရုပ်ဆောင်မည့် SOTUS S: The Series အမည်ဖြင့် နောက်ဆက်တွဲ ဇာတ်လမ်းတွဲအကြောင်း ကြေညာခဲ့သည်။[6] ၎င်းနောက်ဆက်တွဲဇာတ်လမ်းကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့ပြီး ၎င်းနောက်တွင်ထုတ်လွှင့်ခဲ့သည့် Our Skyy (၂၀၁၈) ဇာတ်လမ်းတွဲတွင် ထိုနောက်ဆက်တွဲဇာတ်လမ်း၏ အပိုင်းဆက်တစ်ပိုင်းပါဝင်ခဲ့သည်။[7]