SOTUS S: The Series
From Wikipedia, the free encyclopedia
SOTUS S: The Series (ထိုင်း: SOTUS S: The Series – พี่ว้ากตัวร้ายกับนายปีหนึ่ง, RTGS: SOTUS S: The Series – Phi Wak Tua-rai Kap Nai Pi Nueng) သည် Perawat Sangpotirat (Krist) နှင့် Prachaya Ruangroj (Singto) တို့ပါဝင်သရုပ်ဆောင်ထားသည့် ၂၀၁၇-၂၀၁၈ တွင်ထုတ်လွှင့်ပြသခဲ့သော ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်သည်။ ဤဇာတ်လမ်းသည် Bittersweet၏ အမည်တူဝတ္ထုကို အခြေခံကာရိုက်ကူးထားခြင်းဖြစ်သည်။[1]
SOTUS S: The Series | |
---|---|
အမျိုးအစား |
|
ဖန်တီးသူ | GMMTV |
အခြေခံထားသည်မှာ | BitterSweet ၏ SOTUS S : โซตัส เอส |
ဒါရိုက်တာ | Jane Botta |
သရုပ်ဆောင် | |
အဖွင့်တီးလုံး | "ล้มลุกคลุกคลาน" (Lom Look Kloog Klahn) by Tachaya Prathumwan |
အပိတ်တီးလုံး | "คำตอบอยู่ที่หัวใจ" (Kam Tob You Tee Hua Jai) by Thanasit Jaturaput |
နိုင်ငံ | Thailand |
ဘာသာစကား | Thai |
အပိုင်းပေါင်း | 13 |
ထုတ်လုပ်သူ | Bear House Production |
ပြသချိန် | 50 minutes |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
မူရင်းရုပ်သံလိုင်း | |
မူလပြသမှု | ၉ ဒီဇင်ဘာ ၂၀၁၇ (၂၀၁၇-၁၂-၀၉) – ၁၀ မတ် ၂၀၁၈ (၂၀၁၈-၀၃-၁၀) |
ယခင်ဇာတ်လမ်း | SOTUS: The Series |
ဆက်စပ်မှုများ | |
ထုတ်လုပ်မှု ဝက်ဘ်ဆိုဒ် |
ဒါရိုက်တာ Jane Botta ရိုက်ကူးပြီး GMMTV နှင့် Bear House တို့ ပူးပေါင်းထုတ်လုပ်သည့် ဤဇာတ်လမ်းတွဲသည် ၂၀၁၇ခုနှစ် မတ်လ၂ရက်နေ့တွင် GMMTV ၏ "6 Natures+" အခမ်းအနား၌ ပြသခဲ့သော ၂၀၁၇ခုနှစ်အတွက် ရုပ်သံဇာတ်လမ်းတွဲ ၆ခုအနက်မှ တစ်ခုဖြစ်သည်။[2] One31 နှင့် LINE TV ရုပ်သံလိုင်းများတွင် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၉ရက် နေ့မှစတင်ကာ အပတ်စဉ် စနေနေ့ ၂၂:၁၅ နာရီ (ယခင် ပထမဆုံး အပိုင်း၄ပိုင်းကို ၂၂:၀၀ နာရီ) နှင့် ၂၃:၀၀ နာရီ (ယခင် ပထမဆုံး အပိုင်း၄ပိုင်းကို ၂၃:၀၀ နာရီ) တို့တွင် အသီးသီး ထုတ်လွှင့်ခဲ့သည်။[3][4] ဤဇာတ်လမ်းတွဲသည် ၂၀၁၈ခုနှစ် မတ်လ ၁၀ရက် နေ့၌ ပြီးဆုံးခဲ့သည်။[5]
Our Skyy ဇာတ်လမ်းတွဲ၏ အပိုင်း(၅) သည် ဤဇာတ်လမ်းတွဲ၏ နောက်ဆက်တွဲ တစ်ခု ဖြစ်သည်။[6]