ကချင်အမျိုးသားများ ကွန်ဂရက်
မြန်မာ နိုင်ငံရေးပါတီ From Wikipedia, the free encyclopedia
Remove ads
ကချင်ပြည်နယ် မှ ဆမားဒူဝါး ဆင်ဝါးနောင် ခေါင်းဆောင်ကာ ပြည်သူ့ ယဉ်ကျေးမှုနှင့် တိုးတက် ကြီးပွားရေးအဖွဲ့ (ပယကဖ) ကို ၁၉၃၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီးနောက် မရှေးမနှောင်းတွင် ကချင်အမျိုးသား ကွန်ဂရက် (ကေအန်စီ) အမည်ဖြင့် သီးခြားကချင်အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာပြန်သည်။ ဒူးဝါး ဇော်လွန်း နှင့် ဦးဇန်ထားဆင် တို့ ခေါင်းဆောင်သည့် အဆိုပါ (ကေအန်စီ)သည် ဖဆပလ အဖွဲ့ကြီးနှစ်ခြမ်းကွဲချိန်တွင် တည်မြဲဖဆပလဟု အမည်ရသော “ဆွေငြိမ်း”ဖက်မှရပ်တည် ခဲ့ကြသည်။ ၁၉၅၁-၅၂ ခုနှစ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ကေအန်စီသည် အမတ်အများဆုံး အရွေးချယ်ခံခဲ့ရသော်လည်း ကချင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ် ဦးနု ကကေအန်စီ ခေါင်းဆောင် ဒူးဝါးဇော်လွန်းကို မခန့်အပ်ဘဲ အမတ်နေရာ တတိယသာလိုက်သည့် ပယကဖ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ၎င်း၏မဟာမိတ်ဖြစ်သည့် ဆမားဒူးဝါးဆင်ဝါးနောင် ကိုသာ ခန့်အပ်ခဲ့သည်။ ၁၉၆၁ တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားများ နှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာသည့် ပြည်နယ်များညီညွတ်ရေး အဖွဲ့ တွင် ကေအန်စီ မှ ဒူးဝါးဇော်လွန်း ပါဝင်ခဲ့ပြီး ဖက်ဒရယ်မူ (ရှမ်းမူ) အား ကေအန်စီအနေဖြင့် ထောက်ခံခဲ့ပါတယ်။
Remove ads
ကိုးကား
- ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads