ကညွှတ်ကွင်းမြို့
သခင်သန်းထွန်း ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ(၁၉၄၅-၁၉၆၈) သခင်သန်းထွန်းကို ခရစ်နှစ် ၁၉၁၁ ခု၊ ဩဂ From Wikipedia, the free encyclopedia
Remove ads
ကညွှတ်ကွင်းမြို့သည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် တည်ရှိသည်။ အနီးနားရှိ မြို့များမှာ တောကျွဲအင်းမြို့နှင့် ဖြူးမြို့တို့ ဖြစ်သည်။ ကားလမ်းနှင့် ရထားလမ်း ပေါက်ရောက်ပြီး အခြားသော မြို့နယ် ဒေသများသို့ လွယ်ကူစွာ ကူးလူးသွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့တစ်မြို့ ဖြစ်သည်။ ထင်ရှားသည့်ကညွှတ်ကွင်းမြို့သားများမှာ သခင်သန်းထွန်း၊ သူရ ရွှေမန်းတို့ ဖြစ်သည်။ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းနှင့် မီးရထားလမ်းသည် ကညွှတ်ကွင်းမြို့မှ ဖြတ်သန်းသွားသည်။ ရန်ကုန်မြို့မှ ကညွှတ်ကွင်းအထိ မီးရထားဖြင့်ဆိုပါက ၁၂၃ မိုင် ကွာဝေးသည်။ ပဲခူးမြို့မှ မြောက်ဘက် မိုင် ၈၀ အကွာတွင် ရှိသည်။
ကညွှတ်ကွင်းမြို့သည် ကိုလိုနီခေတ်ဦးကာလက ကျေးရွာတစ်ရွာအဖြစ်တည်ရှိခဲ့သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကာထားလုပ်ကိုင်ကြပြီး ရန်ကုန်-မန္တလေးမီးရထားလမ်း ဖောက်လုပ်သောအခါ တစ်စတစ်စ စည်ကားလာကာ မြို့ကလေးအသွင်း ပြောင်းလဲလာခဲ့သည်။ ရန်ကုန်မြို့က ကားလမ်းအတိုင်း မိုင်တိုင် ၁၃၀ တွင်တည်ရှိသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads