ဖြူးမြို့နယ်

ပဲခူးတိုင်း​ဒေသကြီးရှိမြို့နယ် From Wikipedia, the free encyclopedia

ဖြူးမြို့နယ်
Remove ads

ဖြူးမြို့နယ် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[] မြို့နယ်ရုံးစိုက်ရာမြို့မှာ ဖြူးမြို့ ဖြစ်သည်။

အချက်တိုများ ဖြူးမြို့နယ်, နိုင်ငံ ...
Remove ads

အကြောင်းအရာ

မူလကရွာမျှသာရှိသေးသော ဖြူးသည် (၁၉၀၄)ခုနှစ်တွင် ဖြူး-အုတ်ဖြတ်-မုန်း(ကျောက်ကြီး)-ထန်းတပင်-‌ေတာင်ငူလမ်းကိုဖောက်လုပ်ပြီး ပိုမိုစည်ကားလာသည်။ ရန်ကုန်-မန္တလေးကားလမ်းဟောင်းသည် ဖြူးမြို့နယ်ကို ဖြတ်သန်းဖောက်လုပ်ထားသည်။ ရန်ကုန်-မန္တ‌လေးအမြန်လမ်းသစ်ကြီး(AH-1)သည်လည်း ဖြူးမြို့၏နောက်ဘက် (၃) မိုင်ခန့်အကွာမှ ဖောက်လုပ်ထားသည်။ ရန်ကုန်-မန္တလေးမီးရထားလမ်းသည်လည်း ဖြူးမြို့မှဖြတ်၍ ဖောက်လုပ်ထားသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ်နှင့် အနောက်ဘက်တွင် ပဲခူးရိုးမတို့က ဝန်းရံထားသည်။ ဖြူးချောင်းသည် မြို့လယ်တွင် ဖြတ်သန်းသွားပြီး၊ ကွင်းချောင်းသည် မြို့၏တောင်ဘက်‌ ကျောက်တံခါးမြို့နယ်နှင့် နယ်နိမိတ်စည်းမျည်းဖြစ်သည်။ ဖြူးမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက်(၁၅၆) ပေ အထက်တွင်တည်ရှိသည်။ ဖြူးမြို့နယ်၏လက်ရှိအခြေအနေမှာ သစ်တောဖုံးလွှမ်းမှု ၆၉.၉၆% ရှိပြီး ၎င်းအနက်မှ သစ်တောကြိုးဝိုင်းဖုံးလွှမ်းမှု ၆၁.၉၆% နှင့် ကြိုးပြင် ၃၈.၁၃% ခန့်ရှိသည်။

Remove ads

သမိုင်းကြောင်း

ပျူခေတ်တွင် တ အ ခေ ကမ်းပါးမြင့်ခေါ်ဆွာမြို့၊ကြခတ်ဝါးရံခေါ်ဒွါရာဝတီမြို့များမှာ ပျူမင်းများသည် မွန်များ၏ မကြာခဏ တိုက်ခိုက်ဖျက်ဆီးခြင်းခံရသဖြင့် ကြာလတ်သော် ယာယီထီးနန်းသစ်ထိုက်ထူပြီးလျှင် ပုန်းအောင်းနေထိုင်ကြရသည်။ ထိုသို့ပျူမင်းများပုန်းအောင်းရာဒေသကို မင်းပုန်းဟုခေါ်တွင်ခဲ့ရာ ယနေ့တိုင် မင်းပုန်း၊ရေဝေ၊လင်ပံကွင်း၊ချင်းလယ် ဟူ၍တောင်ပေါ်ရွာဟောင်းများတည်ရှိခဲ့သည်။ ထိုသို့ပျူလူမျိုးများနေထိုင်ရာဒေသမှ စတင်စီးဆင်းလာသောချောင်းကို ပျူချောင်းဟုခေါ်တွင်ခဲ့ကြောင်းသိမှတ်သားရသည်။ ထို့အပြင်ဇေယျဝတီမြို့ဟောင်း တည်ရှိရာ အဘယမုနိဘုရားကြီး၏မော်ကွန်းတင်သမိုင်းတွင် သက္ကရာဇ်(၉၁၂)ခုနှစ်တွင် သားတော်တပင်ရွှေထီး နတ်ရွာစံပျော်ပြီးနောက် ဟံသာဝတီဆင်ဖြူရှင် ဘုရင်နောင်ကျော်ထင်အနော်ရထာသည် ရာမညတိုင်း၊တံမ္ပဝတီတိုင်း၊သုနာပရန္တိတိုင်း ကိုးတိုင်းကိုးဌာနကိုအပိုင်သိမ်းယူတော်မူပြီးနောက် တောင်ငူကေတုမတီကို နန်းစံ‌ပြီးလျှင် ဇေယျဝတီမြို့ကို ကေတုမတီ တောင်တံခါးမြို့ခြေရင်းက သူတိုးမင်းလှကျော်ထင်ကို အကြီးအမှူးပြု၍ ပျူးချောင်းမြောက်ဘက်ကမ်းထိပ်ဟူ၍တွေ့ရသည်။ ဇေယျဝတီမြို့ဟောင်းအနီးတွင်ဖြတ်သန်းစီးဆင်းလျက်ရှိသော ယခုဖြူးချောင်းမှာ ယခင်က ပျူချောင်းဟုခေါ်တွင်ခဲ့ကြောင်းထင်ရှားသည်။ ဇေယျဝတီမြို့ဟောင်းတည်ထားသည့် နေရာ၏အနောက်ဘက်(၃)မိုင်အကွာ ပျူချောင်းဘေးတွင် ရွာကြီးတစ်ရွာရှိခဲ့ရာ ထိုရွာကိုပျူရွာဟုခါ်တွင်ကြောင်းသိရသည်။ ထို့အပြင် မြန်မာသက္ကရာဇ် (၆၆၁)တွင်တောင်ငူမြို့ကိုတည်ထောင်သော သဝန်ကြီး၊သဝန်ငယ်တို့၏ဖခင် သဝန်လက်ယာ အားမွန်ဘုရင်ဝါရီရှူ့သည် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ရာ အောင်မြင်ခဲ့၍ သဝန်လက်ယာ၊မိဘုရားကြီးနှင့်သားသမီးများကို ခေါ်ဆောင်ကာ ပျူရွာတွင် အကျယ်ချုပ်ထားရှိကြောင်း၊ ထိုပျူရွာမှာ ယခုအခါဖြူးမြို့ပင်ဖြသ်ကြောင်းတောင်ငူသမိုင်းအရသိရသည်။ ခရစ်သက္ကရာဇ်(၁၈၉၀)ခုနှစ်တွင်‌ရန်ကုန်မြို့မှတောင်ငူမြို့သို မီးရထားလမ်းဖောက်လုပ်သောအခါ ရထားဘူတာ၏နာမည်ကို ပျူဘူတာ ဟုမှည့်‌ေခါ်လာခဲ့ရာ ကာလ ကြာရှည်လာသော ဖြူးဘူတာ ဟုအမည်‌ေရွှ့လျားပြောင်းလဲလာကြောင်းသိရသည်။

Remove ads

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

ဖြူးမြို့နယ်

  1. မြို့(၄)မြို့

(ဖြူး၊ဇေယျဝတီ၊ညောင်ပင်သာ၊ကညွတ်ကွင်း)

  1. ရပ်ကွက်(၁၈)ခု
  2. ကျေးရွာအုပ်စု(၅၈)ရွာ
  3. ကျေးရွာ(၃၁၃)ရွာ

နယ်နိမိတ်

ဖြူးမြို့နယ်၏ အရှေ့ဘက်တွင် ထန်းတပင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ အနောက်ဘက်တွင် နတ္တလင်းမြို့နယ်၊‌ ပေါက်ခေါင်းမြို့နယ်၊ တောင်ဘက်တွင် ကျောက်တံခါးမြို့နယ်၊ မြောက်ဘက်တွင် အုတ်တွင်းမြို့နယ်တို့နှင့် ထိစပ်နေသည်။

ပညာရေး

ဖြူးမြို့နယ်လုံးတွင် အထက်တန်းကျောင်း ၁၄ ကျောင်းရှိသည်။

  1. အထက (၁)ဖြူး၊ဆေးရုံရပ်ကွက် ယခင်အမျိုးသားအထက်တန်းကျောင်း
  2. အထက (၂)ဖြူး၊အုတ်ဖြတ်ရပ်ကွက်
  3. အထက (၃)ဖြူး၊ထန်းကုန်းရပ်ကွက်
  4. အထက (၁)ဇေယျဝတီ၊ဂျေပူကျေးရွာ
  5. အထက (၂)ဇေယျဝတီ၊မြို့မ(၂)ရပ်ကွက်
  6. အထက (၃)ဇေယျဝတီ၊မြို့မ(၁)ရပ်ကွက်
  7. အထက (ညောင်ပင်သာ)၊ညောင်ပင်သာမြို့
  8. အထက (၁)ကညွတ်ကွင်း၊အရှေ့(၁)ရပ်ကွက်
  9. အထက (၂)ကညွတ်ကွင်း၊အနောက်(၁)ရပ်ကွက်
  10. အထက (ဘန်းလောင်)၊ဘန်းလောင်ကျေးရွာအုပ်စု
  11. အထက (ဝဲကြီး)၊ဝဲကြီးကျေးရွာအုပ်စု
  12. အထက (လှေဒုံး)၊လှေဒုံးကျေးရွာ
  13. အထက (ဘုရားလဟာ)၊ဘုရားလဟာကျေးရွာ
  14. အထက(အုတ်ဖြတ်)အုတ်ဖြတ်ကျေးရွာ

အထက်တန်းကျောင်း(ခွဲ)(၁၀)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၃၆)ကျောင်း၊မူလတန်းလွန်ကျောင်း(၁၅၁)ကျောင်း နှင့် မူလတန်းကျောင်း(၅)ကျောင်း ရှိသည်။

Remove ads

ကျန်းမာရေး

ဖြူးမြို့တွင်

  • [ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ(ဖြူး)]၊
  • [(၂၅) ကုတင်ဆံ့ဆေးရုံ (ကညွတ်ကွင်း)]၊ *[(၁၆)ကုတင်ဆံ့‌ ဆေးရုံ (၄)ရုံ(‌ဇေယျဝတီ၊ညောင်ပင်သာ၊ ဝဲကြီး၊ကျော်လှ)]၊
  • [ပုဂ္ဂလိကဆေးရုံ(၂)ရုံ] ၊
  • [ ကျေးလက်ကျန်းမာရေးဌာန(၁၀)ခု]၊ နှင့်
  • [ဌာနခွဲ(၃၉)ခု]ရှိသည်။



ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads