ဖြူးမြို့
From Wikipedia, the free encyclopedia
Remove ads
ဖြူးမြို့သည် ရန်ကုန်မြို့၏မြောက်ဘက် ကားလမ်းအားဖြင့်မိုင် ၁၄၀ အကွာ နှင့် မီးရထားလမ်းအားဖြင့် ၁၃၄ မိုင်အကွာတွင် တည်ရှိသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ် နှင့် အနောက်ဘက်တွင် ပဲခူးရိုးမတို့က ဝန်းရံထားသည်။ ရန်ကုန်မှ ဖြူးသို့ ကားလမ်းခရီး ၁၄၂ မိုင်၊ မီးရထားလမ်းဖြင့် ၁၃၄.၂၅ မိုင် ကွာဝေးသည်။ စီးပွားရေး၊ ကျန်းမာရေးအထူးကောင်းမွန်ကြပြီး စပါး၊ ပဲ စသည့်စိုက်ပျိုးရေးလုပ်ငန်းတို့မှာ ဒေသထွက်ကုန်များဖြစ်သည်။
Remove ads
မြို့ရာဇဝင်
တောင်ငူရာဇဝင်အရ ဖြူးမြို့၏ မူလအမည်မှာ "ပျူရွာ"ဖြစ်သည်။ ပျူလူမျိုးများ နေထိုင်ခဲ့ဖူးရာ ရွာကြီးတစ်ရွာ ဖြစ်သည်။ ခရစ်နှစ် (၁၃)ရာစုအစောပိုင်းကာလက သဝန်လက်ျာနေထိုင်ရာ ကမ္ဘားမြင့်ရွာသို့ မုတ္တမဘုရင် စာခူရီမင်း လာရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်က သဝန်လက်ျာ၏မိသားစုကို ပျူရွာ၌ ထိန်းသိမ်းထားခဲ့ဖူးသည်။
ခရစ်နှစ် ၁၂၇၈ ခုနှစ်နောက်ပိုင်းတွင် ပျူရွာ၌ အကျယ်ချုပ်နေထိုင်ရသူ သဝန်လက်ျာ ကွယ်လွန်ခဲ့သည်။ ပျူရွာမှာ နောင်နှစ်ကာလကြာရှည်သောအခါ ဖြူးမြို့ဖြစ်လာခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ဖြူးမြို့၌ လူဦးရေ ၁၀၄၄၃ ဦး နေထိုင်ပါသည်။ မြို့၏တောင်ဘက်ရှိ မဟာပုညမုနိဘုရားမှာ ထင်ရှားသည်။ [၃]
ဖြူးမြို့တွင် ကိုလိုနီခေတ်ဦးကာလက အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်ရာ အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းသည် အမျိုးသားကျောင်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်ဖူးသည်။ [၄]
Remove ads
အထင်ကရပုဂ္ဂိုလ်
- ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဉာဏ (ကျောက်တိုင်တောင်ရွာ)
- ဒေါက်တာ မောင်ဖြူး (ခ) ဦးဂွမ်လျောင်
- ရဲဘော်မြ
- တက္ကသိုလ် ရှင်သီရိ
- ဦးမြင့်ဆွေ (ဖြူး)
- ဦးအေးဖေ (တိုင်းရင်းမေ)[၄]
အကိုးအကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads