ကနက်သီရိရွာ၊ သရက်ချောင်းမြို့နယ်

From Wikipedia, the free encyclopedia

ကနက်သီရိရွာ၊ သရက်ချောင်းမြို့နယ်map
Remove ads

ကနက်သီရိရွာ(အင်္ဂလိပ်: Kanetthiri)သည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်ကနက်သီရိကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၂၈၄ ဖြစ်သည်။ ကနက်သီရိ တာတမံသည် အရှည် ပေ ၁၄၅၀၀ ရှိကာ၊ လယ်ဧက ၅၃၀ ကို အကျိုးပြုသည်။ ကနက်သီရိ-ထားဝယ်ကို မှန်လုံကား၊ ဟိုင်းလပ်ကားဖြင့် ပြေးဆွဲသည်။ ရငဲ-ကျွဲမင်းကုန်း-ကနက်သီရိ ကတ္တရာလမ်းသည် ၆ မိုင်ရှည်သည်။ ဈေးရှိသည်။ ကနက်သီရိအထကသည် ဧက ၃၀၀*၃၀၀ ကျယ်ဝန်းပြီး၊ ဆရာ/မ ၄၀ ကျော်၊ ကျောင်းသား/သူ ၁၂၀၀ ကျော် ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ လူမှုရေးနာရေးကူညီမှု အနေဖြင့် င ရပ်ကွက်တွင် မြင့်မြတ်နှလုံးသား သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့ထားသည်။ အိမ်ခြေ ၂၀၀ အသုံးပြုသော ရေကန် ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁၄၄၉၊ စုစုပေါင်း ၆၆၇၃ ဦးနေထိုင်သည်။ []

အချက်တိုများ ကနက်သီရိ, ကနက်သီရိရွာ ...
Remove ads

ရပ်ကွက်များ

  1. ကံပြင်ရပ်ကွက် (ကမ်းပ္လန်ရပ်ကွက်)
  2. ဘဲစားတန်းရပ်ကွက် (ဘဲဇားဒန်းရပ်ကွက်)
  3. ရွာထဲရပ်ကွက် (ဝါထဲရပ်ကွက်)
  4. ဘော်ကုန်းရပ်ကွက် (ဘော်ဂူးရပ်ကွက်)
  5. သေလကုန်းရပ်ကွက် (သေလဂူးရပ်ကွက်)
  6. မန်ကျည်းပင်ကွင်းရပ်ကွက် (ဂျေးပန်ကွမ်းရပ်ကွက်)
  7. သီဟိုဠ်ကုန်းရပ်ကွက် (ရှစ်က္လစ်ဂူးရပ်ကွက်)
  8. ပိန္နဲကျွန်းရပ်ကွက် (နဲက္လောဒေါရပ်ကွက်)

ရပ်ကွက်များကို (က) ရပ်ကွက်၊ (ခ) ရပ်ကွက် စသည်ဖြင့် သတ်မှတ်ထားသော်လည်း ထိုသို့ ခေါ်ဆိုမှုနည်းလှပြီး ရှေးအခေါ် ကံပြင်၊ ဘဲစားတန်း စသည်ဖြင့်သာ ရပ်ကွက်အမည်များကို အခေါ် အပြော များသည်။

Remove ads

နေထိုင်ကြသည့်လူမျိုးများ၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှု

ထားဝယ်လူမျိုးများ အဓိက နေထိုင်ကြပြီး ဗမာလူမျိုး၊ တရုတ်လူမျိုးနှင့် အခြား မပြောပလောက်သည့် အရေအတွက်ဖြင့် တိုင်းရင်းသားလူမျိုး အချို့တို့ နေထိုင်ကြသည်။ ထေရဝါဒ ဗုဒ္ဓသာသနာကို အထူးသက်ဝင် ယုံကြည်ကြပြီး နတ်ကိုးကွယ်မှုများကိုလည်း ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ ထားဝယ်ယဉ်ကျေးမှု အဓိက လွှမ်းမိုးပြီး တိုင်းတပါး ယဉ်ကျေးမှုအနေဖြင့် တရုတ်ယဉ်ကျေးမှု အချို့နှင့် ထိုင်းယဉ်ကျေးမှုအချို့တို့ လွှမ်းမိုးမှုရှိသည်။

ဓာတ်ပုံများ

Thumb
အ.ထ.က ကနက်သီရိ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads