ကန်ကြီးရွာ၊ နောင်ချိုမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ကန်ကြီးရွာ (အင်္ဂလိပ်: Kangyi; ကံကြီး ဟုလည်း စာလုံးပေါင်း)သည် ရှမ်းပြည်နယ် (မြောက်)ကျောက်မဲခရိုင်နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၆၁၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကန်ကြီးကျေးရွာအုပ်စုတွင် ကျား ၂၂၂၄ ဦး၊ မ ၂၄၅၀ ဦး၊ လူဦးရေ စုစုပေါင်း ၄၆၇၄ ဦးနေထိုင်သည်။ မူလက ဓနုလူမျိုးများ နေထိုင်သည့်ရွာ ဖြစ်သည်။ ယခုအခါ အခြားလူမျိုးများလည်း နေထိုင်ကြသည်။ []

အချက်တိုများ ကန်ကြီး, ကန်ကြီးရွာ ...
Remove ads

ထင်ရှားသည့်နေရာ

ကံကြီးဈေး

ကံကြီးဈေးမှာ ရှေးဟောင်းဈေးတဈေး ဖြစ်သည်။ ငါးရက် တဈေးဖြစ် ပြီး ဈေးနေ့များတွင် အခြားရွာများမှ ဈေးသည် ဈေးဝယ် များဖြင့် အလွန်စည်ကားသည်။

ပန်းစိုက်ခင်းများ

ကံကြီးရွာသည် ပန်း မျိုးစုံ စိုက်ပျိုး တင်ပို့ ရောင်းချသည့် ရွာဖြစ်သည်။ ကံကြီး ထွက် ပန်းများကို နောင်ချို၊ ပြင်ဦးလွင်၊ မန္တလေး မြို့များသို့ တင်ပို့ ရောင်းချသည်။


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads