ကမ္ဘာ့လူဦးရေ

ကမ္ဘာ့စုစုပေါင်းလူဦးရေ (သက်ရှိ ) From Wikipedia, the free encyclopedia

ကမ္ဘာ့လူဦးရေ
Remove ads

ကမ္ဘာ့လူဦးရေ ဆိုသည်မှာ လက်ရှိအသက်ရှင်လျက်ရှိသော လူသား စုစုပေါင်းဦးရေဖြစ်သည်။ ၂၀၁၇ ဧပြီလ ၂၄ တွင် ကမ္ဘာ့လူဦးရေသည် ခန့်မှန်းခြေ ၇,၅၀၀,၀၀၀,၀၀၀ ရောက်ရှိခဲ့ပြီဖြစ်သည်။[] ကုလသမဂ္ဂမှ ကြိုတင်ခန့်မှန်းထားသည်မှာ ကမ္ဘာ့လူဦးရေသည် ၂၁၀၀ ခုနှစ်တွင် ၁၁.၂ ဘီလီယံ တိုးပွားလာမည်ဟုဆိုသည်။[]

Thumb
World population estimates from 1800 to 2100, based on "high", "medium" and "low" United Nations projections in 2015 and UN historical estimates for pre-1950 data
Thumb
Population growth graph generated with data supplied by World Bank, via Google
Thumb
World population percentage by country

ကမ္ဘာ့လူဦးရေသည် ၁၃၁၅-၁၇ ငတ်မွတ်ခေါင်းပါးမှုကြီးနှင့် ၁၃၅၀ သေမင်းတမန်ကပ်ဆိုး ပြီးကတည်းက ဆက်တိုက်တိုးပွားလာခဲ့သည်။ ယင်းအချိန်က ၃၇၀ မီလီယံခန့်သာ ရှိခဲ့သည်။[] တစ်နှစ်လျင် ၁.၈% အထက်သို့ တိုးပွားလာသော အမြင့်ဆုံး ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းသည် ၁၉၅၅-၁၉၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်း၌ နှစ်စဉ်မွေးဖွားနှုန်းသည် ၁၃၉ မီလီယံခန့်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်။[] ယခုအခါမူ ၁၃၅ မီလီယံ ပုံသေနှုန်းထားဟု ဆိုသည်။[] နှစ်စဉ် သေဆုံးနှုန်းသည် ၅၆ မီလီယံရှိပြီး ၂၀၄၀ ခုနှစ်တွင် ၈၀ မီလီယံနှုန်း ရှိလိမ့်မည်ဟု မျော်လင့်ရသည်။[] ကုလသမဂ္ဂ လူဦးရေ ထောက်ပံ့ရေး၏အဆိုအရ ၂၀၁၁ အောက်တိုဘာ ၃၁ တွင် ၇ ဘီလီယံသို့ ရောက်ရှိခဲ့သည်။[][][]အမေရိကန် သန်ခေါင်စာရင်းဌာနအရမူ ၂၀၁၂ မတ်လ ၁၂ တွင် ဖြစ်သည်။[၁၀]

၂၀၁၆ ခုနှစ်အရ ကမ္ဘာ့လူဦးရေ၏ ပျမ်းမျှအသက်သည် ၃၀.၁ နှစ်ဖြစ်ပြီး အမျိုးသား ၂၉.၄ နှင့် အမျိုးသမီးမှာ ၃၀.၉ နှစ်ဖြစ်သည်။[၁၁] ၂၀၁၂ ကုလသမဂ္ဂ၏ မျော်မှန်းချက်များအရ ကမ္ဘာ့လူဦးရေသည် ပုံမှန်တိုးတက်ဖွယ်ရှိပြီး ၂၀၅၀ ခုနှစ်တွင် ၈.၃ ဘီလီယံမှ ၁၀.၉ ဘီလီယံကြား ရောက်လိမ့်မည်ဟုဆိုသည်။[၁၂][၁၃] ၂၀၀၃ UN Population Division အရမူ ကမ္ဘာ့လူဦးရေသည် ၂၁၅၀ ခုနှစ်တွင် ၂၄ ၈ ဘီလီယံရှိလာမည်ဟုဆိုပြီး[၁၄] ၂၀၁၄ ခန့်မှန်းချက်အရ ၉.၃ နှင့် ၁၂.၆ ဘီလီယံဟု ကြိုတင်ခန့်မှန်းထားသည်။[၁၅][၁၆] အချို့သော သုံးသပ်သူများက လူသားများ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု၊ ကမ္ဘာလုံးဆိုင်ရာ အစာပင်ရင်းနှင့် စွမ်းအင်အရင်အမြစ်များအပေါ် လွန်ကဲစွာ သုံးစွဲမှု စသည်တို့ကြောင့် ကမ္ဘာ့လူဦးရေသည် ရေရှည်တွင် ကြာရှည်ခံ/မခံ ဆိုသည်အား မေးခွန်းထုတ်ကြသည်။[၁၇][၁၈][၁၉] ခန့်မှန်းချက်အရ အသက်ရှင်ခဲ့ဖူးသမျှ လူသားဦးရေ စုစုပေါင်းသည် ၁၀၆ မှ ၁၀၈ ဘီလီယံကြား ရှိသည်ဟုဆိုသည်။[၂၀][၂၁][၂၂]

အချက်တိုများ World population (millions, UN estimates), # ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads