ကရင်ပြည်နယ် တရားလွှတ်တော်

From Wikipedia, the free encyclopedia

Remove ads

ကရင်ပြည်နယ်တရားလွှတ်တော် သည် ကရင်ပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။

အချက်တိုများ ကရင်ပြည်နယ်တရားလွှတ်တော် High Court of the Kayin State, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကရင်ပြည်နယ်တရားရုံးကို ကရင်ပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၁)ဦး စုစုပေါင်း (၂)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ

ကရင်ပြည်နယ်တရားလွှတ်တော်သည် ဘားအံမြို့တွင် တည်ရှိသည်။

တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁-လက်ရှိ)

  • ဦးစောစံလင်း(၃၀-၃-၂၀၁၁ မှ ၂၈-၂-၂၀၂၁)
  • ဦးသိန်းကိုကို(၁-၃-၂၀၂၁ မှ ၁၄-၃-၂၀၂၂)
  • ဒေါ် ခင်​ဆွေထွန်း (၂၃-၃-၂၀၂၂ မှ ၂၈-၁၂-၂၀၂၄)
  • ဦးညွန့်လင်း (၂၉-၁၂-၂၀၂၄ မှ လက်ရှိ)


ဖွဲ့စည်းပုံ

ကရင်ပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[]

ခရိုင်တရားရုံးများ

  • ဘားအံခရိုင်တရားရုံး
  • ကော့ကရိတ်ခရိုင်တရားရုံး
  • မြဝတီခရိုင်တရားရုံး
  • ဖာပွန်ခရိုင်တရားရုံး

မြို့နယ်တရားရုံးများ

  • ဘားအံမြို့နယ်တရားရုံး
  • လှိုင်းဘွဲ့မြို့နယ်တရားရုံး
  • သံတောင်ကြီးမြို့နယ်တရားရုံး
  • ကော့ကရိတ်မြို့နယ်တရားရုံး
  • ကြာအင်းဆိပ်ကြီးမြို့နယ်တရားရုံး
  • မြဝတီမြို့နယ်တရားရုံး
  • ဖာပွန်မြို့နယ်တရားရုံး

တရားသူကြီးများ

၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၂)ဦးရှိသည်။၂၀၂၃ တွင် တရားသူကြီးချုပ်(၁)ဦးနှင့်တရားသူကြီး(၂)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads