ဘားအံမြို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကရင်ပြည်နယ်၏ မြို့တော် From Wikipedia, the free encyclopedia

ဘားအံမြို့map
Remove ads

ဘားအံမြို့ (အင်္ဂလိပ်: Hpa-an; အရှေ့ပိုးကရင်: ဍုံထ်ုအင်) သည် မြန်မာနိုင်ငံကရင်ပြည်နယ်မြို့တော်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်က သံလွင်မြစ် ကမ်းနဖူးတွင် စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိ ရွာလေးတစ်ရွာသာ ဖြစ်ခဲ့သည်။ ရွာကလေးတည်ရာ သံလွင်မြစ်၏ကမ်းစွယ်တွင် အဓိကရ ကျောက်စွန်းကြီးတစ်ခု ရှိသည်။ ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား အမ်း(ကျောက်+အစွယ်)ဟု ခေါ်ခဲ့သည်။ ဖားအမ်းမှတစ်ဆင့် အသံအနည်းငယ်ပြောင်း၍ ဘားအံဟု အမည်တွင်လာသည်။ ၁၉၀၇ ခုနှစ်တွင် မြို့ကွက် ရိုက်ခဲ့သည်။

အချက်တိုများ ဘားအံ ဍုံထ်ုအင်, နိုင်ငံအမည် ...
Thumb
ဘားအံမြို့မှ တွေ့ရသော သံလွင်တံတား(ဘားအံ)

ဘားအံမြို့နယ်တွင် ထင်ရှားသောတောင်သည် ဇွဲကပင်တောင် ဖြစ်သည်။ တောင်ပေါ်တွင် ဇွဲကပင် ဆုတောင်းပြည့်စေတီတော် တည်ရှိသည်။ ဘားအံမြို့မှ သံလွင်မြစ်ညာ ရှစ်မိုင်ခန့် အကွာ ကော့ဂွန်းတောင်၏ အရှေ့ဘက်၌ ကော့ဂွန်းဂူရှိသည်။ ဘားအံ၏ အနောက်ဘက်(၁၂) မိုင်ကွာအရပ်၌ ဘုရင်ဂျီဂူ (ဘုရင့်ညီဂူ) ရှိသည်။

ဘားအံသည် မြန်မာနိုင်ငံတွင် ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်သည်။ ၂၀၁၇ ခုနှစ်ကုန်ပိုင်းမှစ၍ ဘားအံမြို့သည် ခရီးသွားတို့၏ဆွဲဆောင်ရာနေရာတစ်ခုဖြစ်လာပြီး ပြည်တွင်းပြည်ပခရီးသွားအများစုစိတ်ဝင်စားသည့် ဒေသတစ်ခုဖြစ်သည်။

Remove ads

လမ်းပန်းဆက်သွယ်ရေး

ကိုးကွယ်ယုံကြည်မှု

အဓိက ကိုးကွယ်သည့် ဘာသာ မှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး ဒုတိယမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ လဲ(လယ်)ကယ်ဘာသာ၊ တလဂုဏ်ဘာသာ နှင့် နတ်ကိုးကွယ်သူများလည်း ရှိသည်။

ကျန်းမာရေး

  • ဘားအံ အထွေထွေရောဂါကု ဆေးရုံကြီး
  • ကုတင်(၁၀၀) စစ်ဆေးရုံ၊ တောင်ကလေး

အားကစား

ဘားအံ အောင်သံလွင် အားကစားကွင်းသည် ဘက်စုံသုံးအားကစားကွင်း တစ်ခုဖြစ်ပြီး ဘားအံမြို့ တွင် တည်ရှိသည်။ ဇွဲကပင် ယူနိုက်တက် ဘောလုံးအသင်း သည်ဘားအံမြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။

ပညာရေး

အထင်ကရ ပုဂ္ဂိုလ်များ

ပြခန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads