ကာမိုင်းမြို့
From Wikipedia, the free encyclopedia
Remove ads
ကာမိုင်းမြို့ သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။ မိုးကောင်းမြို့မှ အထက်သို့ မိုးကောင်းချောင်းအတိုင်း ဆန်တက်သော် ရေလမ်းခရီး မိုင် ၇ဝ ခန့် အကွာတွင် တည်ရှိသည်။ သို့သော် ကားလမ်းမှဆိုလျှင် ၂၅ မိုင်မျှသာ ဝေးလေသည်။ ကားမိုင်းမြို့မှာ ယခင်က မြစ်ကြီးနားခရိုင်၌ ပါဝင်၍ ကာမိုင်းတောင်တန်းနယ်၊ မိုးကောင်းတောင်တန်းနယ်၊ မိုးညှင်းတောင်တန်းနယ်၊ ဟူးကောင်း ပယင်း တွင်းနယ်၊ နာဂတောင်တန်းနယ်နှင့် ကျောက်စိမ်းတွင်းနယ်များ ဆိုင်ရာ တောင်တန်းဝန်ထောက် ရုံးစိုက်ရာမြို့ ဖြစ်ခဲ့သည်။
မြို့မှာ စတုရန်းတစ်မိုင် ကျယ်ဝန်းပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၉,၄၃၀ ယောက်မျှရှိ၏။[၁] မြို့သူမြို့သားများမှာ အများအားဖြင့် တံငါနှင့်တောင်သူလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ မိုးကောင်း ချောင်းဖျားရှိ ကော်ဖတ်ခြံများမှ ကော်ဖတ်များနှင် ကျောက်စိမ်းများကို အရောင်းအဝယ် ပြုကြသည်။
ရာသီဥတုမှာ အေးမြစိုစွတ်သဖြင့် မိုးဥတုတွင် အဖျားအနာ ထူထပ်၏။ ကျောက်စိမ်းစသော တွင်းထွက် ပစ္စည်းများအတွက် အကောက်တော်ရုံးရှိ၍ နှစ်စဉ် အခွန်တော်များစွာ ရရှိလေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads