ဗာရာဏသီမြို့

From Wikipedia, the free encyclopedia

ဗာရာဏသီမြို့
Remove ads

ဗာရာဏသီမြို့သည် ကာသီတိုင်း၏ မင်းနေပြည်မြို့ ဖြစ်လေသည်။ ဗုဒ္ဓခေတ်မတိုင်မီ ကာလက ရံခါရံခါအားဖြင့် -

  • သုရုဒ္ဓန,
  • သုဒဿန,
  • ဗြဟ္မဝဒ္ဓန,
  • ပုပ္ဖဝတီ,
  • မောလိနီ နှင့်
  • ရမ္မနဂရ ဟူသော ဤအမည်များ ဖြစ်ခဲ့ဘူးလေသည်။ ယင်းမြို့၏အကျယ်အဝန်းမှာ ၁၂-ယူဇနာ ရှိခဲ့သည်။ ဗာရာဏသီမြို့သည် ဂင်္ဂါမြစ်ဘေးတွင် တည်ရှိသည်။ ဗာရာဏသီမြို့အနီး ဣသိပတန မိဂဒါယ (ခေါ်) ဆာရနာထ်၌ ဗုဒ္ဓဘုရားရှင်သည် တရားစကြာလည်စေ၍ ယင်းဌာန၏ အလေးပြုထိုက်သော၊ မြင့်မြတ်သောအဖြစ်ကို လွန်စွာပေးခဲ့သည်။ (ဝါ) လွန်စွာတိုးပွားစေခဲ့သည်။ ဣသိပတန မိဂဒါယသည် ဗုဒ္ဓဓမ္မ၏ ပြန့်ပွားရာ တစ်ခုသော မြတ်သောဆိပ်ကမ်း ဖြစ်ပေသည်။
Thumb
ဂင်္ဂါမြစ်ကမ်းဘေးရှိ ဗာရာဏသီမြို့

ဗာရာဏသီမြို့သည် လက်မှုပညာသိပ္ပံအတတ်၊ အသက်မွေးမှု၊ ကုန်ရောင်းကုန်ဝယ်အတတ်၊ နှုတ်မှုပညာ၊ ဝိဇ္ဇာအတတ် စသည်၏လွန်စွာကြီးကျယ်သော ဗဟိုဌာနကြီးဖြစ်ခဲ့သည်။ ထိုမြို့မှ ရောင်းဝယ်ဖေါက်ကားသူတို့၏ဆက်သွယ်မှုသည် သာဝတ္ထိ၊ တက္ခသီလာ၊ ရာဇဂဟ စသောမြို့ကြီးများနှင့် ဖြစ်ခဲ့သည်။ ကာသီတိုင်းထွက် ကျန်ဒန်း(ခေါ်) စန္ဒကူး၊ ထို့ပြင် ကာသိတိုင်းဖြစ် ရောင်စုံအဝတ်၊ ပိုးထည်၊ ချည်ထည်များသည် လွန်စွာထင်ပေါ် ကျော်ကြားခဲ့ကုန်သည်။[]

Remove ads

ဗာရာဏသီ

[] ဗာရာဏသာမြစ်၏ မနီးမဝေး၌ ဖြစ်သောကြောင့် ဗာရာဏသီ၊ ၁၂-ဦးသော ရသေ့ မုနိတို့ သက်ဆင်းဝင် ရောက်ရာ (သို့မဟုတ်) အသိန်းမကသော ဘုရားရှင်တို့ ဓမ္မစကြာတရား ဟောတော်မူရန် သက်ဆင်းရာဌာန ဖြစ်သောကြောင့် ဗာရာဏသီ၊ မျောက်ဦးခေါင်းရှိရာ(သို့မဟုတ်) မျောက်ဦးခေါင်းနှင့်တူသော ကျောက်ရှိရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊ မြို့တည်စ အခါ၌ မင်း ၂-ဦးတို့ စစ်ထိုးရာဌာနဖြစ်သောကြောင့် ဗာရာဏသီ၊ ဝရဏာမြစ်, အသီမြစ် ၂-သွယ်တို့၏ အကြား၌ တည်သောကြောင့် ဗာရာဏသီဟု အမျိုးမျိုး ဖွင့်ဆိုကြသည်။ []

Remove ads

အကျယ်အဝန်း

ယင်းမြို့မှာ ပါဠိစာပေလာ အတိတ်, ပစ္စုပ္ပန်, အနာဂတ်ကာလများ၌ ဖြစ်ထွန်း ပေါ်ပေါက်နေသည့် ဇာတ်လမ်းဇာတ်ကွက် အဖြစ်အပျက်များတွင် အများဆုံး ပါဝင် အသုံးခံရာ ဌာနဖြစ်၍ အချိန်ကာလအလိုက် ထင်ဟပ်ချက်များကို ကန့်သတ်ပိုင်းခြား ရေးသား ဖော်ပြလိုပေသည်။ ကဿပရှင်တော်ဘုရား ပွင့်တော်မူသည့် တချိန်လုံးနှင့် ထိုမှ နောက်ပြန် အတိတ်ဗာရာဏသီမြို့များအနက် အလွန်ကြွယ်ဝ၍ လူသူအစည်ကားဆုံး ဗာရာဏသီ၏ အကျယ်အဝန်းမှာ ၁၂-ယူဇနာဖြစ်သည်။ []

ဆင်ခြေဖုံးနှင့်တကွဆိုလျှင် ယူဇနာ ၃၀၀-ရှိသည်။ []

ဗာရာဏသီမြို့၏ မြို့ရိုး အုတ်တံတိုင်းအမြင့်မှာ ၁၈-တောင် ဖြစ်သည်။ [] []

Remove ads

အတိတ်ကဗာရာဏသီ

အတိတ် ဗာရာဏသီ၌ နန်းစိုက်စိုးစံခဲ့သော မင်းများ၏ အမည်၊ အတိတ်ဗာရာဏသီ၏ အမည် အမျိုးမျိုး၊ ဗာရာဏသီနှင့် ကောသလတိုင်းတို့ မကြာခဏ စစ်မက်ဖြစ်ပွါးလေ့ရှိခြင်း အကြောင်းများကို ကာသိ-ပုဒ်ကြည့်။ ဗာရာဏသီပြည်၌ သူဌေး များစွာရှိသော်လည်း သီးခြားနာမည်မတွင်၊ ဗာရာဏသီသူဌေးဟုသာ နာမည်တွင်ကြသည်။ []

ဗာရာဏသီနှင့်တက္ကသိုလ် ယူဇနာ ၂၀၀-ကွာဝေးသည်။ []

၂-ပြည်လုံး၌ အဆင့်အတန်းမြင့်သည့် ပညာသင်ကျောင်းများရှိ၍ [] အပြန်အလှန် ပညာသင်ရန် သွားကြသည်ကိုလည်း တွေ့ရသည်။ [၁၀]

သို့သော် တက္ကသိုလ်ပြည်၌ ပညာသင်ကြားပြီးနောက် ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာ ပြုလုပ်၍ တပည့်များအား ပညာသင်ကြားပေးကြောင်း တွေ့ရသဖြင့် တက္ကသိုလ်ပြည် ပညာသင်ကျောင်းက ပို၍ရှေးကျဘွယ်ရှိသည်။ [၁၁] []

ဂေါတမဘုရားလက်ထက် ဗာရာဏသီ

ဂေါတမဘုရားရှင်လက်ထက် ဗာရာဏသီပြည်၏ အကျယ်အဝန်း ပမာဏကို ပါဠိစာပေ၌ မတွေ့ရ။ ရှင်အာနန္ဒာက ဘုရားရှင်အား ပရိနိဗ္ဗာန်ပြုရန်လျှောက်ထားသောမြို့ကြီးများ၌ဗာရာဏသီလည်း တမြို့အပါအဝင်ဖြစ်သည်။ [၁၂]

သာသနာတွင် မဟာလတာတန်ဆာ ဝတ်ဆင်ရသူ အမျိုးသ္မီး ၃-ဦးအနက် ဗာရာဏသီ သူဌေးသမီးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ [၁၃]

အခြားသော ဗုဒ္ဓရှင်တော်များမှာ မိဂဒါဝုန်သို့ ကောင်းကင် ခရီးဖြင့်သာ ကြွသွားတော်မူမြဲ ဖြစ်သော်လည်း [၁၄] ဥပကအာဇီဝက၏ နောင်တချိန်တွင်အရဟတ္တဖိုလ်သို့ ရောက်လတ္တံ့သည်ကို မြင်တော်မူ၍ ဗောဓိမဏ္ဍိုင်မှ ၁၈-ယူဇနာဝေးသော ဗာရာဏသီပြည်သို့ [၁၅] ဂေါတမရှင်တော်ဘုရား ခြေလျှင် ခရီးဖြင့် ကြွသွားတော်မူသည်။ [၁၆]

ကောသမ္ဗီနှင့် ဗာရာဏသီအကြားမြစ်ကြောင်း လမ်းခရီးအက္ခာအဝေးမှာ ယူဇနာ ၃၀-ဖြစ်သည်။ [၁၇]

ဗိမ္မိသာရမင်းသူ၏ဆေးဆရာဇီဝကကို ဗာရာဏသီသူဌေးသား၏ အူထုံးရောဂါကုသရန်အတွက် ပို့လွှတ် စေခိုင်းသည် [၁၈]ကို ထောက်ရှု၍ ပြည်ထောင်အချင်းချင်း ဆက်ဆံရေးကောင်း မွန်ပုံရသည်။

ဗာရာဏသီပြည်အနီး မိဂဒါဝုန်ဝယ် ဝါဆိုလပြည့်နေ့ ညဉ့်အခါ၌ ပဉ္စဝဂ္ဂီ ၅-ဦးတို့အား ဓမ္မစကြာဒေသနာကို ဟောကြားတော်မူသည်။ [၁၉] အကျယ်ကို မိဂဒါယ-ကြည့်။ ပထမဝါ ယင်းမိဂဒါဝုန်၌ ဝါဆိုတော်မူသည်။ [၂၀]

ဗာရာဏသီ ပြည်အနီး ကုက္ကို ၇-ပင်ရှိရာဌာန၌ ဘုရားရှင်သည် ဧရကပတ္တနဂါးမင်းအား “ကိစ္ဆော မနုဿပဋိလာဘော” စသော တရားကို ဟောကြားတော်မူသဖြင့် ဧရကပတ္တနဂါးမင်းအမှူးရှိသော ပရိသတ် ၈၄၀၀၀-တရားထူး ရကြသည်။ [၂၁]

စုန္ဒဋ္ဌိလရွာသား ပြိတ္တာတစ်ဦးကို ရည်စူး၍ ကောလိယအမတ်ကြီး ဦးဆောင် ပြုလုပ်သော အမျှဝေပွဲကြီး၌ ဘုရားရှင်တရားကို ကြားနာရသဖြင့် ပရိသတ် ၈၄၀၀၀-တရားထူး ရကြသည်။ [၂၂][]

Remove ads

အနာဂတ် ဗာရဏသီ

ဤ ဗာရာဏသီပြည်သည် အနာဂတ် ကာလ၌ ကေတုမတီနာမည်ဖြင့် ထင်ရှား၍ မေတ္တေယျ ဘုရားရှင် ပွင့်တော်မူရာမြို့ ဖြစ်လိမ့်မည်။ [၂၃] အကျယ်ကို မေတ္တေယျ-ကြည့်။ []


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads