မျိုးပေါင်းစု

From Wikipedia, the free encyclopedia

မျိုးပေါင်းစု
Remove ads

ဇီဝဗေဒသုံး မျိုးတူစု အုပ်စုခွဲပုံအားဖြင့်၊ မျိုးပေါင်းစု (အင်္ဂလိပ်: Phylum) သည် — လောက တစ်ခုခုအတွင်းရှိ ပိုမိုဆင်တူရာ မျိုးပေါင်း များကို ခြုံငုံကာ ခေါင်းစဉ်လိုက်ပေးထားခြင်း ဖြစ်၏။ အစဉ်အလာအရ ရုက္ခဗေဒဆိုင်ရာ အသုံးအနှုန်းတွင် ဒဗစ်ရှင်း သို့မဟုတ် မျိုးခွဲ (Division) ဟူသော ဝေါဟာရကို ဖိုင်လဲမ် (Phylum) အစားသုံးလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာ ရေညှိ၊ မှိုနှင့်အပင်များ အမည်ပေးခြင်း စည်းမျဉ်းတွင်မူ ၎င်းအသုံးအနှုန်းနှစ်ခုကို တူညီသည်ဟု လက်ခံထားသည်။[][][]

Thumb
ဇီဝမျိုးရိုးခွဲခြားခြင်း အဓိကအဆင့်များ - နယ်ပယ်(Domain)၊ လောက(kingdom)၊ မျိုးပေါင်းစု(phylum)၊ မျိုးပေါင်း(class)၊ မျိုးစဉ်(order)၊ မျိုးရင်း(family)၊ မျိုးစု(genus)၊ မျိုးစိတ်(species)။ ပုံတွင်နမူနာအနေဖြင့် မြေခွေးနီဇီဝမျိုးရိုးခွဲပုံအဆင့်များကို ယှဉ်ကြည့်နိုင်ရန်ပြထားသည်။
Thumb
(ဇီဝမျိုးရိုးခွဲခြားမှုဆိုင်ရာ အဓိကအဆင့်ကြီး) (၈)ဆင့် ရှိသည်။ လောက (kingdom) တစ်ခု၏အောက်တွင် မျိုးပေါင်းစု (Phylum) တစ်ခုဖြစ်စေ၊ အများဖြစ်စေ ရှိသည်။ အခြား အဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads