ကျိုက်ကေလာသဆံတော်ရှင်စေတီတော်

From Wikipedia, the free encyclopedia

Remove ads

ကျိုက်ကေလာသဆံတော်ရှင်စေတီသည် မွန်ပြည်နယ်ရေးမြို့နယ်လမိုင်းမြို့တွင် တည်ရှိသည်။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားကြသော ဥက္ကလာပမြို့သား တဖုဿနှင့် ဘလ္လိကညီနောင် နှစ်ယောက်တို့သည် ပွင့်တော်မူစ မြတ်စွာဘုရားထံတော်မှ ဆံတော်ရှစ်ဆူ ချီးမြှောက်ပေးသနားတော်မူခဲ့သည်ကို ခံယူခဲ့ချိန်တွင် သုဝဏ္ဏဘူမိနယ်မှ မုနိပါလရသေ့သည်လည်း ထိုညီနောင် နည်းတူ ဆံတော်ရှစ်ဆူကို တစ်ချိန်တည်း ချီးမြှောက်ပေးသနားတော်မူပြီး မုနိပါလရသေ့ရရှိသော ဆံတော်ဓာတ် ရှစ်ဆူကို ဌာပနာပြုထားသော စေတီ ဖြစ်ကြောင်း ဘုရားသမိုင်းအရ ဆိုသည်။ သို့သော် စေတီသမိုင်းနှင့်ပတ်သက်၍ ရှေးစာပေများအရ မူကွဲများ ရှိသည်။ အချို့စာပေများတွင်မူ ဤစေတီတော်ရှိ ဌာပနာထားသော ဆံတော်ဓာတ်သည် မြတ်စွာဘုရား ဝါတော် ရှစ်ဝါအရ သုဝဏ္ဏဘူမိဒေသသို့ ကြွရောက်လာစဉ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဖော်ပြထားကြသည်။ စေတီတော်သည် ရေးမြို့နယ်၊ လမိုင်းမြို့ကို ဗဟိုပြု၍ ဒေသ၊ကျေးရွာများ၏ ကျက်သရေဆောင် ဗုဒ္ဓသာသနာတော်ထွန်းကားရာ ဗဟိုချက်မဖြစ်​သဖြင့် ထင်ရှားလှသည်။ စေ​တီတော်သည် မြေပြင်မှ စိန်ဖူးတော်အထိ ဉာဏ်တော် အတောင် ၈၀ (ပေ ၁၂၀)ရှိသည်။

Remove ads

ကိုးကား

  • ကျိုက်ကေလာသဆံတော်ရှင်စေတီသမိုင်း
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads