ရေးမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ရေးမြို့နယ် သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ရေးခရိုင်တွင် ပါဝင်သော မြို့နယ်ဖြစ်သည်။ ရေးမြို့နယ်တွင် ရေးမြို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့ တို့ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ရေးမြို့ ဖြစ်သည်။
Remove ads
ထင်ရှားသော နေရာများ
စေတီပုထိုးများ
- ရွှေဆံတော်နှင့် စကားတောင်စေတီတော် (မြို့တွင်း)
- သာသနာ ၂၅၀၀ စေတီတော် ရေလယ်ဘုရား (မြို့တွင်း)
- တစ်ပလ္လင်နှစ်ဆူစေတီတော် (မြို့တွင်း)
- မြို့တော်ဦးစေတီတော်(မြို့တွင်း)
- ကိုးနဝင်းကျိုက်ဖုစေတီ (မြို့တွင်း)
- ကျိုက်ဝယ်ဂလယ်စေတီ/ ကျိုက်ဂေါခေတ္တာစေတီ/ ထန်းခြောက်ပင်ဘုရား (မြို့တွင်း)
- ဝဲဂလိစေတီ (အောင်မေတ္တာရပ်ကွက်)
- ကျိုက်ကေလာသဆံတော်ရှင်စေတီတော်(လမိုင်းမြို့)
- ကျိုက်မင်းပလော့ဆံတော်ရှင်စေတီတော် (ဟံဂံကျေးရွာ၊ မင်းပလော့တောင်)
- ကျိုက်ဒေတမော့ဗရတ်ဆံတော်ရှင်စေတီ(ပုပ္ပဝတီကျေးရွာ၊ ဦးဇင်းလေးသာသနာပြုနယ်မြေ)
- ရာမညအတုလလေးဆူထိုင်တော်မူဘုရားကြီး(ပုပ္ပဝတီကျေးရွာ၊ ဦးဇင်းလေးသာသနာပြုနယ်မြေ)
(ဉာဏ်တော်အမြင့် ၈၆ တောင်၊ ပလ္လင်အောက်ခြေမှ အထွတ်စေတီစိန်ဖူးတော်အထိ ဉာဏ်တော်အမြင့် ၁၄၅ တောင်ရှိကာ ပလ္လင်အောက်ခြေမှ စိန်ဖူးတော်အထိ ၁၄၅ တောင်ရှိသည်)
- အလျားတော် ၂၂၇ တောင်ရှိ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် (ပုပ္ပဝတီကျေးရွာ၊ ဦးဇင်းလေးသာသနာပြုနယ်မြေ)
- နန်းတော်ဦးစေတီ (ချောင်းတောင်ကျေးရွာ)
- ကမ္ဘာ့အကြီးဆုံးပိဋကတ်တိုက်စေတီ (ပုပ္ပဝတီကျေးရွာ၊ ဦးဇင်းလေးသာသနာပြုနယ်မြေ)
- ဒူးယားဘုရားတောင်စေတီ (ဒူးယားကျေးရွာ)
- ဖာလိန်တောင်စေတီ (အစင်ကျေးရွာ၊ ဖာလိန်တောင်)
- ကလိန်စေ့တောင်စေတီ (ကလိန်စေ့တောင်၊ သီရိဇေယျာရပ်ကွက် )
- ပင်လယ်ဝဘုရားတောင်စေတီ (ဆိပ်ကလေးရွာ)
- ချောင်းနှစ်ခွရေလယ်ဘုရား (ကျောင်းရွာကျေးရွာ)
- ကော့ဒွတ်ပင်လယ်ဝဆံတော်ရှင်စေတီ (ကော့ဒွတ်ကျေးရွာ)
- ပေါ်တော်မူဘုရား(ဓမင်းဆိပ်ကျေးရွာ)
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ
ကမ်းခြေများ
ကဗျာဝကမ်းခြေ
ကဗျာဝကမ်းခြေသည် ရေးမြို့နယ်တောင်ပိုင်းတွင် တည်ရှိပြီး ရေးမြို့မှ မိုင် ၂၀ အကွာ ( မော်တော်ကားဖြင့် သွားပါက ၄၅ မိနစ်ခရီး)တွင် တည်ရှိသည်။ ကမ်းခြေသည် အနောက်ဘက်ယွန်းယွန်းရှိ ပင်လယ်ကို ဦးတည်ထားပြီး ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှစ၍ ကမ်းခြေအပန်းဖြေစခန်းတစ်ခု အဖြစ် ထင်ရှားကျော်ကြားလာသည်။
ဘုရားတောင်ပင်လယ်ဝကမ်းခြေ
ရေးမြို့၏ အနောက်ဘက် ၉ မိုင်ခန့် (မော်တော်ကားဖြင့် ၂၅ မိနစ်ခရီး) သွားရသော ရေးမြို့၏ အနောက်ဘက် ဆိပ်ကလေးကျေးရွာတွင် တည်ရှိသည်။ ရေးမြစ်မှ ပင်လယ်အတွင်း စီးဝင်သော နေရာတစ်ခု အနောက်တောင်ဘက်ရှိ ပင်လယ်ကို ဦးတည်ထားပြီး ဂငယ်ကွေ့ သဏ္ဌာန် ကမ်းခြေငယ်တစ်ခုဖြစ်သည်။ ကမ်းခြေအငူရှိ တောင်ပေါ်တွင် ဘုရားစေတီတစ်ဆူတည်ရှိပြီး ယင်းတောင်ကို အမှီပြု၍ ဘုရားတောင်ပင်လယ်ဝဟု ခေါ်ဆိုကြသည်။
အနောက်ပင်လယ်ကမ်းခြေ
အနောက်ပင်လယ်ကမ်းခြေသည် ဆိပ်ကလေးကျေးရွာတွင် တည်ရှိပြီး ဘုရားတောင်ပင်လယ်ဝကမ်းခြေနှင့်တစ်ဆက်တည်းဖြစ်သည်။ ကမ်းခြေသည် အနည်းငယ်မတ်စောက်ဟန် ရှိသဖြင့် ရေကူးအပန်းဖြေရန် သင့်လျော်မှုမရှိပေ။ သို့သော် အနောက်စူးစူးအရပ်သို့ ဦးတည်ထားသည့်အတွက် ကမ်းခြေရှိ စားသောက်ဆိုင်များတွင် ညစာသုံးဆောင်ရင်း ညနေ ဆည်းဆာကို ခံစားအပန်းဖြေနိုင်သော ကမ်းခြေတစ်ခုဖြစ်သည်။
ကော့ဒွတ်ပင်လယ်ဝကမ်းခြေ
ရေးမြို့မှ မိုင် ၃၀ ခန့်( မော်တော်ကားဖြင့် တစ်နာရီခန့်) သွားရသော ရေးမြို့နယ်မြောက်ပိုင်း ကော့ဒွတ်ကျေးရွာအနီးတွင် ရှိသည်။ မော်လမြိုင်-ရေးကားလမ်းပေါ်ရှိ မော့ကနင်ကျေးရွာမှတဆင့် မော့ကနင်- လမိုင်းမြို့- ကော့ဒွတ်ကျေးရွာ လမ်းအတိုင်း သွားရောက်နိုင်သည်။ ပင်လယ်ကမ်းခြေသည် အခြားကမ်းခြေများကဲ့သို့ သဲသောင်ပြင်ချည်းတည် ရှိနေသည်မဟုတ်ဘဲ ဂဝံကျောက်သားကမ်းခြေအဖြစ်တည်ရှိနေသည်။ ကမ်းခြေမှ မီတာ ၁၀၀၀ ခန့်အကွာ ပင်လယ်ပြင်ရှိ ကုန်းကမူပေါ်တွင် မြတ်စွာဘုရား၏ ဆံတော်ဓာတ်ကိန်းဝပ်သော ကျိုက်မင်ဝစေတီရေလယ်ဘုရား တည်ရှိပြီး ပင်လယ်ဒီရေကျဆင်းချိန်တွင် မော်တော်ကားဖြင့် စေတီအရောက်သွားရောက်ဖူးမြော်နိုင်သည်။
ချောင်းနှစ်ခွအပန်းဖြေစခန်း
ရေးမြို့မှ အရှေ့ဘက် ၁၃ မိုင်ခန့် (မော်တော်ကားဖြင့် ၃၅ မိနစ်ခန့်) သွားရသော ရေးမြို့နယ်အရှေ့ပိုင်းရှိ ကျောင်းရွာကျေးရွာတွင် ရှိသည်။ ရေးမြစ်၏ မြစ်ဖျားပိုင်း(ချောင်းဖျား) ရေကူးအပန်းဖြေနိုင်သော နေရာဖြစ်သည်။ ယင်းအပန်းဖြေစခန်းဘက်မှ မြစ်အထက်ပိုင်းအတိုင်း နှစ်မိုင်ခန့်အကွာတွင် မင်းလှချောင်းကြီးနှင့် ရေးမြစ်ဆုံရာနေရာရှိပြီး ယင်းနေရာတွင် ရေလယ်ဘုရား၊ ရပ်တော်မူရုပ်ပွားတော် ကိန်းဝပ်စံပယ်သည်။ ယင်းဘုရားသို့လည်း ချောင်းနှစ်ခွအပန်းဖြေစခန်းမှ သမ္ဗာန်စက်လှေများဖြင့် အလွယ်တကူ သွားရောက် ဖူးမြော်နိုင်သည်။
Remove ads
ဓာတ်ပုံများ
- ရာမညအတုလလေးဆူထိုင်တော်မူဘုရားကြီး
- ကဗျာဝကမ်းခြေ
- သာသနာ ၂၅၀ဝ ရေလယ်ဘုရား
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads