ကျုံထော်ရေတံခွန်
From Wikipedia, the free encyclopedia
Remove ads
ကျုံထော်ရေတံခွန်သည် ဘားအံမြို့မှ မြောက်ဘက်ရှိ မြိုင်ကြီးငူဒေသ ထိုင်း-မြန်မာနယ်စပ်အနီးတွင်တည်ရှိသည်။ ဘားအံမြို့မှတစ်ဆင့် ၂၇ မိုင် ၄ ဖာလုံကွာဝေးသည့် ရွှေဂွန်းကျေးရွာသို့ လည်းကောင်း၊ ရွှေဂွန်းကျေးရွာမှ ၁၃ မိုင်ကွာဝေးသည့် မြိုင်ကြီးငူအထူးဒေသသို့ လည်းကောင်း၊ မြိုင်ကြီးငူအထူးဒေသမှ ၃၄ မိုင်ကွာဝေးသည့် ကျုံထော်ရေတံခွန်သို့ အဆင့်ဆင့် ၂ နာရီကျော်မောင်းနှင်ရပြီး မြိုင်ကြီးငူအထူးဒေသသည် သက်သတ်လွတ်ဒေသဖြစ်သောကြောင့် သားငါးများ ယူဆောင်စားသုံးခြင်း၊ အရက်၊ ဘီယာများ သယ်ဆောင် သောက်သုံးခြင်းများကို ခွင့်မပြုထားပေ။ [၁]
၂၀၁၆ ခုနှစ်၊ မေလ (၂၁) ရက်တွင် BGF နှင့် DKBA (ခွဲထွက်) အဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ကျုံထော်ရေတံခွန်အား သွားလာခွင့်ကို ယာယီပိတ်ထားပြီး ၂၀၁၈ ခုနှစ်၊ မတ်လ (၁) ရက် တပေါင်းလပြည့်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ [၂] ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိသည့် ကျုံထော်ရေတံခွန်သည် တစ်နှစ်ပတ်လုံး ရေခန်းခြောက်မှု မရှိခြင်း၊ သဘာ၀ တောတောင်များ မပျက်မယွင်း တည်ရှိခြင်းတို့ကြောင့် ၂၀၁၅ ခုနှစ် နောက်ပိုင်း ပြည်တွင်းခရီးသွား ဧည့်သည်များအကြား လူသိများ ထင်ရှားလာခဲ့ကာ ပျမ်းမျှတစ်နေ့လျှင် ခရီးသွား ဧည့်သည် ၂၀၀ ကျော်ခန့်နှင့် စနေ၊ တနင်္ဂနွေနှင့် ရက်ရှည်ရုံးပိတ်ရက်များအတွင်း ခရီးသွားဧည့်သည် ၁၀၀၀ ကျော် လာရောက် လည်ပတ်လေ့ရှိသည်။[၃]
Remove ads
ရုပ်ပုံများ
- ကျုံထော်ရေတံခွန်
- ကျုံထော်ရေတံခွန် အောက်ပိုင်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads