ကျော်မိုးထွန်း

မြန်မာ သံအမတ် From Wikipedia, the free encyclopedia

ကျော်မိုးထွန်း
Remove ads

ဦးကျော်မိုးထွန်း (၁၉၆၉ဖွား) သည် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။ ယခင်က ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။[]

အချက်တိုများ ဦးကျော်မိုးထွန်း, ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် (နယူးယောက်မြို့) ...
Remove ads

ငယ်ဘဝနှင့်ပညာရေး

၁၉၆၉ ခုတွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဘာသာနှင့် ဘွဲ့ရသည်။ ဂျပန် အပြည်ပြည်ဆိုင်ရာတက္ကသိုလ်မှ စီးပွားစီမံ မဟာဘွဲ့ယူခဲ့သည်။

သက်မွေးလမ်းကြောင်း

၁၉၉၃ ခုမှ ၂၀၁၅ ခုအတွင်း နေပြည်တော်နှင့် ရန်ကုန်ရှိ ဝန်ကြီးဌာနရုံးများတွင် တာဝန်ထမ်းကာ အင်ဒိုနီးရှား၊ စင်္ကပူ၊ ဆွစ်ဇာလန်နှင့် အမေရိကန်နိုင်ငံတို့သို့ သံတမန်ကိစ္စများဖြင့် သွားရောက်ဖူးသည်။

၂၀၁၆မှ ၂၀၁၈အထိ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်း​ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဂျီနီဗာရှိ ကုလသမဂ္ဂရုံး၌ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်ခဲ့သည်။[]ဆွစ်ဇာလန်နိုင်ငံ သံအမတ်[]ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အမြဲတမ်းကိုယ်စားလှယ်၊ ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ဝင်[] စသော တာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိသည်။

၂၀၂၀ ပြည့်၊ စက်တင်ဘာ ၅ ရက်တွင် သူ့အား ဂျီနီဗာမြို့မှ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ပြန်တမ်းထုတ်သည်။ ၂၀၂၀ ပြည့်၊ အောက်တိုဘာလ ၂၀ ရက်တွင် နယူးယောက်ရှိ ကုလသမဂ္ဂရုံး၌ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ပြောင်းရွှေ့တာဝန်ယူသည်။[]

၂၀၂၁ ဖေဖော်ဝါရီလ ၂၆ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အာဏာသိမ်းကောင်စီကို ဆန့်ကျင်၍ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက်ကိုယ်စားပြု ပြောဆိုခဲ့သည်။ ထို့ကြောင့် နိုင်ငံကို သစ္စာဖောက်မှု၊ တရားဝင်မဟုတ်သောအဖွဲ့တစ်ခုအတွက် ပြောဆိုမှုဖြင့် ဦးကျော်မိုးထွန်းကို ထုတ်ပယ်သည်ဟု ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ၌ နိုင်ငံပိုင် ရုပ်မြင်သံကြားမှ အာဏသိမ်းကောင်စီက ကြေညာခဲ့သည်။ သို့သော် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီကို မြန်မာနိုင်ငံအစိုးရသစ်အဖြစ် အသိအမှတ်မပြုဘဲ ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံသံအမတ်အဖြစ် ဆက်လက်ရှိနေကြောင်း ကုလအရာရှိတစ်ဦးကဆိုခဲ့သည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် မြန်မာကိုယ်စားပြုကိုယ်စားလှယ်အတွက် အပြောင်းအလဲဖြစ်ကြောင်း ဆက်သွယ်ပြောဆိုမှုမရှိသေးပါဟူ၍လည်း ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကထုတ်ဖော်ပြောကြားခဲ့ပြီး[] ဦးကျော်မိုးထွန်းကလည်း ထိုအမိန့်ကိုတုံ့ပြန်မှုအဖြစ် ဆက်လက်တိုက်ပွဲဝင်သွားရန် သိန္နိဋ္ဌာန်ချထားသည်ဟူ၍ ပြောဆိုခဲ့သည်။[]

Remove ads

ထင်ရှားသောဆောင်ရွက်မှု

၂၀၂၁ ဖေဖော်ဝါရီလ ၂၆ တွင် နယူးယောက်မြို့၌ ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် မထင်မှတ်ထားဘဲ CRPH ကို ကိုယ်စားပြု တက်ရောက်ခဲ့၍ လက်ရှိ အာဏာရယူထားသူကို ဆန့်ကျင်ပြီး ကုလသမဂ္ဂ၌ တက်ရောက်ပြောကြားခဲ့ခြင်းသည် မြန်မာသံတမန်ရေးဖြစ်စဉ်တွင် ရှေးယခင်ကတည်းက မကြားဖူးခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့သည်။ ၎င်း၏ ဆွေးနွေးတင်ပြချက်၌ မြန်မာစစ်တပ်ကို ဆန့်ကျင်ရန်နှင့် မြန်မာပြည်သူများ၏ လုံခြုံရေး တတ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်ပေးရန်ကိုလည်းပြောကြားခဲ့သည်။[]

မိသားစုဘဝ

အိမ်ထောင်ရှိသူဖြစ်ပြီး သားသမီး ၂ ယောက်ရှိသည်။

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads