ဝင်းမြင့် (နိုင်ငံတော်သမ္မတ)

မြန်မာနိုင်ငံ၏ ၁၀ယောက်မြောက် သမ္မတ From Wikipedia, the free encyclopedia

ဝင်းမြင့် (နိုင်ငံတော်သမ္မတ)
ဤဆောင်းပါးသည် နိုင်ငံတော်သမ္မတ အကြောင်း ဖြစ်သည်။ အခြားအသုံးအနှုန်း အတွက် ဝင်းမြင့် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ဦးဝင်းမြင့် (၈ နိုဝင်ဘာ ၁၉၅၁ မွေးဖွား) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၁၀ ဦးမြောက် နိုင်ငံတော်သမ္မတ ဖြစ်သည်။ မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် တွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် အမတ် ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၁ ဖေဖော်ဝါရီ ၂၀၁၆ မှ ၂၁ မတ် ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[]

အချက်တိုများ ဦးဝင်းမြင့်, ဒသမမြောက် မြန်မာနိုင်ငံ၏ သမ္မတ ...
ဦးဝင်းမြင့်
Thumb
ဦးဝင်းမြင့် (၂၀၂၀)
ဒသမမြောက် မြန်မာနိုင်ငံ၏ သမ္မတ
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၈  ၁ ဖေဖော်ဝါရီ ၂၀၂၁
ဒုတိယ သမ္မတဦးမြင့်ဆွေ
ဦးဟင်နရီဗန်ထီးယူ
ယခင်လူဦးထင်ကျော်
ဆက်ခံသူဦးမြင့်ဆွေ (ယာယီသမ္မတ)
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆  ၂၁ မတ် ၂၀၁၈
လက်ထောက်ဦးတီခွန်မြတ်
ယခင်လူသူရဦးရွှေမန်း
ဆက်ခံသူဦးတီခွန်မြတ်
ပြည်သူ့လွှတ်တော် အမတ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆  ၂၃ မတ် ၂၀၁၈
ယခင်လူဒေါ်လဲ့လဲ့ဝင်းဆွေ (ပြည်ခိုင်ဖြိုး)
မဲဆန္ဒနယ်တာမွေမြို့နယ်
ပြည်သူ့လွှတ်တော် အမတ်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂  ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူဦးသန်းထွန်း
ဆက်ခံသူဦးဝေလှိုင်ထွန်း (NLD)
မဲဆန္ဒနယ်ပုသိမ်မြို့နယ်
ပြည်သူ့လွှတ်တော် အမတ်
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်ဓနုဖြူမြို့နယ် မဲဆန္ဒနယ် (၁)
အနိုင်ရမဲ အရေအတွက်၂၀,၃၈၈ (၅၆%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1951-11-08) နိုဝင်ဘာ ၈၊ ၁၉၅၁ (အသက် ၇၃)
ညောင်ချောင်းရွာ၊ ဓနုဖြူမြို့နယ်ဧရာဝတီတိုင်း
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ချိုချို
သွေးသားတော်စပ်သူဦးထွန်းကြင်(ဖခင်)
ဒေါ်သန်း (မိခင်)
မိခင်ကျောင်းရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား၊ ရှေ့နေ
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
ပိတ်ရန်

အစောပိုင်းဘဝ

ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူမြို့ အထက်တန်းကျောင်း၊ ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။[] ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့နှင့် H.G.P., R.L တို့ကို ရရှိခဲ့သည်။[]

ဝန်ထမ်းဘဝ

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[][][]

နိုင်ငံရေး

ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။[]

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် မဲအရေအတွက် ၂၀,၃၈၈ (၅၆%) ဖြင့် အနိုင်ခဲ့ရသည်။[] ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သည်။[]

နိုင်ငံတော်သမ္မတ

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့အား ဒုတိယ သမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ဦးဝင်းမြင့်က ၂၇၃ မဲဖြင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။[]မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ၌ မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတဖြစ်လာသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဦးဝင်းမြင့်သည် နိုင်ငံခြားသား ၅၁ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး အပါအဝင် အကျဉ်းသား ၈၅၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။[]

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် တပ်မတော်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ရာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အခြားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၂၀၂၁  မေလ ၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ သီးသန့် တရားရုံး၌  စတင်ရုံးထုတ်သည်။[]

အောက်တိုဘာ ၁၁ ရက်နေ့တွင် နေပြည်တော်တရားသူကြီးက ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်ရန် တရားစွဲချက်တင်ခဲ့သည်။[] အောက်တိုဘာ ၁၂ ရက်၌ ဦးဝင်းမြင့်၏ ထွက်ဆိုချက်တွင် အာဏာသိမ်းယူစဉ်က တပ်မတော် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးနှစ်ဦးသည် ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှနုတ်ထွက်စေလိုခဲ့ကြောင်း ထု‌တ်ဖော်ပြောကြားခဲ့သည်။[]

၂၀၂၁ ဒီဇင်ဘာ ၆ရက်နေ့ တွင် ဦးဝင်းမြင့်အား နေပြည်တော်အထူးတရားရုံးက  ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် နှင့် သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄နှစ်ချမှတ်ခဲ့သည်။[၁၀] [၁၁]ထိုနေ့ ညနေပိုင်းမှာပင် စစ်ကောင်စီက ဦးဝင်းမြင့် အပေါ်ချမှတ်ခံထားရသည့် ထောင် (၄) နှစ်ထဲမှ ထောင်(၂) နှစ် လျှော့ပေါ့ကြောင်း စာထုတ်သည်။[၁၂] ၂၀၂၂ စက်တင်ဘာ ၂ရက်တွင် ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်အမှုဖြင့် ထောင်ဒဏ် (၃) နှစ်၊ [၁၃] ၂၀၂၂  ဒီဇင်ဘာ ၃၀ရက် တွင် ရဟတ်ယာဉ်ဝယ်ယူ၊ငှားရမ်းသည့်ကိစ္စနှင့် စပ်လျဉ်းသည့် အဂတိအမှု(၅)မှုဖြင့် ထောင်(၇) နှစ်[၁၄] ချမှတ်ခံခဲ့ရ၍ ကျခံရသည့် ထောင်ဒဏ်မှာ  စုစုပေါင်း ထောင် ၁၂  နှစ်အထိ ရှိခဲ့သည်။

နေပြည်တော်ရှိ သီးခြားနေရာတစ်ခုတွင် နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားရာမှ ၂၀၂၃ ဇန်နဝါရီ ၁၄ တွင် ဦးဝင်းမြင့်အား တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေအကျဉ်းချခဲ့သည်။[၁၅]

၂၀၂၃ ဩဂုတ် ၁ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၉ / ၂၀၂၃ ဖြင့် ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံး များက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုသည်။[၁၆][၁၇]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.