မြင့်သူ

မြန်မာသံအမတ်ကြီး From Wikipedia, the free encyclopedia

Remove ads

ဦးမြင့်သူ (၁၉၆၃ မွေးဖွား) သည် မြန်မာလူမျိုး သံအမတ်ဖြစ်သည်။ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံး၌ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် သူ့အား မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း စာတစ်စောင်မှာ လူမှုကွန်ယက်မှတစ်ဆင့် ပေါ်ထွက်လာခဲ့သည်။[]သူသည် ကုလသမဂ္ဂ၏ အရေးပေါ်အစည်းအဝေးတွင် အာဏာသိမ်းစစ်အစိုးရဘက်မှ ကာကွယ်၍ ပြောကြားခဲ့မှုအတွက် မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ခြင်းကို ခံခဲ့ရသည်။

အချက်တိုများ ဦးမြင့်သူ, ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် (ဂျီနီဗာမြို့) ...
Remove ads

ငယ်ဘဝနှင့် ပညာရေး

၁၉၆၃ ခုတွင် ညွှန်ကြားရေးမှူးချုပ် ဦးတင်လှ၊ ဒေါ်ခင်မမတို့မှ ရန်ကုန်၌ မွေးသည်။ ၁၉၈၅ ခုတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရသည်။ ၂၀၀၉ ခုတွင် စင်ကာပူအမျိုးသားတက္ကသိုလ်ရှိ လီကွမ်ယု လူထုရေးရာမူဝါဒကျောင်းမှ လူထုစီမံ မဟာဘွဲ့ရသည်။

သက်မွေးလမ်းကြောင်း

ဘွဲ့ရသည်နောက် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ စိုက်ပျိုးရေးဌာနတွင် အလုပ်ဝင်သည်။

၁၉၉၀ ခု၊ ဇွန်လတွင် ပြည်သူ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဘုတ်အဖွဲ့မှ ရွေးချယ်ခံရကာ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး/လက်ထောက်တတိယအတွင်းဝန်ဖြစ်လာသည်။

၁၉၉၃ - ၉၇ ကာလ၌ တိုကျိုရှိ မြန်မာသံရုံးတွင် တတိယအတွင်းဝန်အဖြစ် အမှုထမ်းသည်။

၂၀၀၂ - ၂၀၀၆ အချိန်များကို ဂျနီဗာရှိ ကုလသမဂ္ဂရုံးတွင် မြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန်နှင့် ကောင်စစ်ဝန်အဖြစ် တာဝန်ယူသည်။

၂၀၁၀ - ၁၃ အတွင်း ဂျာကာတာရှိ အာဆီယံရုံးတွင် မြန်မာ လက်ထောက်အတွင်းဝန်ကိုယ်စားလှယ်/ဝန်ကြီး-ကောင်စစ်ဝန်အဖြစ် လုပ်ကိုင်သည်။

၂၀၁၇ ခု၊ နိုဝင်ဘာလ ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။

၂၀၁၉ ခု၊ ဩဂုတ်လ ၆ ရက်တွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရသည်။

၂၀၂၀ ပြည့်၊ စက်တင်ဘာလ ၂၄ ရက်တွင် ကုလသမဂ္ဂ၌ မြန်မာနိုင်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သမ္မတ ဦးဝင်းမြင့်က ခန့်သည်။ အောက်တိုဘာလ ၂၀ ရက်တွင် ၎င်းတာဝန်ကို စတင် တာဝန်ထမ်းသည်။ []

Remove ads

မိသားစုဘဝ

အသက် ၅၀ ကျော်သည့်တိုင် အိမ်ထောင်မပြုဖူးသော လူပျိုကြီးဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads