ကြည်အောင် (ဝန်ကြီး)
From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ချုပ် ကြည်အောင် သည် မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ၂၀၀၆ ခုနှစ် မေလတွင် အငြိမ်းစားယူခဲ့သည်။
Remove ads
စစ်မှုထမ်းခြင်း
ဦးကြည်အောင်သည် ၁၉၉၅ ဇွန်လ ၁၈ ရက်မှ ၁၉၉၇ နိုဝင်ဘာ ၁၆ ရက်အထိ South Burma Sub District (SBSD) ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁]
ပြန်ကြားရေးဝန်ကြီး
၁၉၉၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများကို ထုတ်ပြန်ကြေညာခဲ့ရာ ဗိုလ်ချုပ်ကြည်အောင်သည် ပြန်ကြားရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[၂]
၁၉၉၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ချုပ် ခင်ညွန့်၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်၊ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ်ကြည်အောင်နှင့် အခြားသူများအား အာဏာအလွဲသုံးစားပြုမှုဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။ တစ်လခန့်အကြာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်က သက်သေခံမရှိသည့်အတွက် အမှုကို ပလပ်ခဲ့သည်။[၃]
Remove ads
ယဉ်ကျေးမှု ဝန်ကြီး
၂၀၀၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်ကြည်အောင်အား ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားခဲ့သည်။ ပြန်ကြားရေးဝန်ကြီးနေရာတွင် ဗိုလ်မှူးချုပ် ကျော်ဆန်းအား ပြောင်းလဲ ခန့်အပ်ခဲ့သည်။[၄] စာရေးဆရာ၊ ကဗျာဆရာနှင့် ဂျာနယ်လစ်တစ်ဦး ဖြစ်သူ ဦးစိုးညွန့် သည် ဗိုလ်ချုပ်ကြည်အောင်လက်အောက်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ၂၀၀၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၅]
ယဉ်ကျေးမှု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ဥရောပသမဂ္ဂကောင်စီသည် စစ်အစိုးရ အရာရှိများအား ဗီဇာနှင့် ပြည်ဝင်ခွင့်ပိတ်ပင်သည့် စာရင်းကို ၂၀၀၃ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့ရာ ဗိုလ်ချုပ်ကြည်အောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်ခင်လေးတို့ ပါဝင်ခဲ့သည်။[၆]
၂၀၀၆ ခုနှစ် မေလတွင် ဗိုလ်ချုပ်ကြည်အောင်အား တာဝန်မှ အနားယူခွင့် ပြုခဲ့သည်။ ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ဗိုလ်ချုပ် ခင်အောင်မြင့်ကို အစားထိုး ခန့်အပ်ခဲ့သည်။[၇] ၂၀၀၇ ခုနှစ် မေလတွင် ဗိုလ်ချုပ်ကြည်အောင်၏ ဇနီးအမည်အား ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။[၈]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads