ကမာရွတ်မြို့နယ်

From Wikipedia, the free encyclopedia

ကမာရွတ်မြို့နယ်map
Remove ads

ကမာရွတ်မြို့နယ် သည် ရန်ကုန်မြို့လယ်၏ မြောက်အလယ်ပိုင်းတွင် တည်ရှိသည်။ ကၟာရတ် - ဟူသော မွန်ဝေါဟာရက ဆင်းသက်သည်။ မွန်ဘာသာအရ ကၟာ - ရေလှောင်ကန်၊ ရတ် - ရတနာ၊ ရတနာကန်ဟု အဓိပ္ပာယ်ရသည်။ အင်းလျားကန်ကို ဆိုလိုသည်။ အင်းလျားကန်နားက ရပ်ကွက်ကို ကမာရွတ်-ဟု ခေါ်ဆိုခြင်း ဖြစ်သည်။[]

အချက်တိုများ ကမာရွတ်မြို့နယ်, နိုင်ငံ ...

ကမာရွတ်သည် ရှေးမွန်ဘုရင်များလက်ထက်ကပင် ဒဂုန်မြို့ လက်အောက်ခံ ကျေးရွာကြီး တရွာ ဖြစ်သည်။ ကုန်းဘောင်ခေတ်ဦးကာလတွင် ကျေးရွာအဖြစ် ဆက်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလအတွင်း ၈ ဇူလိုင် ၁၈၂၄ တွင် ကမာရွတ်ခံတပ်တိုက်ပွဲ ဖြစ်ပွားပြီး၊ သုံးပါးဝန်ကြီး ဦးရန်အောင်နှင့် ဝန်ထောက် ဦးရွှေမင်းတို့ ကျဆုံးသည်။[]

ကမာရွတ်မြို့နယ်၏ မြောက်ဘက်တွင် လှိုင်မြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ အရှေ့ဘက်တွင် အင်းယားကန်ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်၊ တောက်ဘက်တွင် စမ်းချောင်းမြို့နယ်တို့ တည်ရှိသည်။ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ပြည်လမ်းသည် ဤမြို့နယ်ကို ဖြတ်သန်းသွားသည်။ ရန်ကုန်တက္ကသိုလ်ဆေးတက္ကသိုလ်(၁) ရန်ကုန်ရန်ကုန် စီးပွားရေး တက္ကသိုလ်ရန်ကုန်ပညာရေးတက္ကသိုလ်အဝေးသင်တက္ကသိုလ်(ရန်ကုန်)တီတီစီလေ့ကျင့်ရေးကျောင်း၊သတင်းပြန်ကြားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ ဆင်မလိုက်ဈေး၊ ဂျန်ရှင်းစကွဲစင်တာလှည်းတန်းစင်တာစိန်ဂေဟာ(လှည်းတန်း)၊ M Tower တည်ရှိသည်။

Remove ads

ထင်ရှားသော အဆောက်အဦးများ

ကမာရွတ်မြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

နောက်ထပ် အချက်အလက်များ အမည်, အမျိုးအစား ...

ပုဂံဆောင် ။ အမရာဆောင်။ မဟော်သဓာဆောင်။ သံဗျင်ဆောင်။ အဓိပတိဆောင်

Remove ads

အထင်ကရပုဂ္ဂိုလ်

  1. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောအောင် (ရှမ်းစုရပ်)
  2. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောနောင် (ရှမ်းစုရပ်)
  3. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုးညို
  4. စာရေးဆရာ သန်းဆွေ
  5. ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သိန်းမောင်[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads