ကွန်ပျူတာတက္ကသိုလ်(ဘားအံ)

From Wikipedia, the free encyclopedia

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)
Remove ads

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သည် ကရင်ပြည်နယ်ဘားအံမြို့မှ (၅)မိုင်ခန့်အကွာ၊ ဘားကပ်စံပြ ကျေးရွာအနီးတွင် တည်ရှိပြီး စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ (၄၁.၃၃)ဧက ဖြစ်သည်။[] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

အချက်တိုများ ဆောင်ပုဒ်, အမျိုးအစား ...
Remove ads

သမိုင်းကြောင်း

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ် အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဘားအံ) အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
  • အချိန်ပိုင်းနည်းပညာဒီပလိုမာ

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads