ခင်ဇော်ဦး (ဒုတိယဗိုလ်ချုပ်ကြီး)

မြန်မာ့တပ်မ​တော်အရာရှိ From Wikipedia, the free encyclopedia

Remove ads

ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ကြည်း ၁၅၀၆၇)သည် ခရစ်နှစ် ၁၉၅၆ တွင် ဖွားမြင်ပြီး မွန်ပြည်နယ်ရေးမြို့ဇာတိဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဓာတုဗေဒအဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။ ထို့နောက် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း အမှတ်စဉ်(၅၆) ဗိုလ်လောင်းသင်တန်းကို တက်ရောက်ခဲ့သည်။ အရာရှိငယ်ဘဝတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဉာဏ်လင်း၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး(ပထမတန်း)၊ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာမှူး၊ အမှတ်(၆၆)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စစ်ရေးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တာဝန်ထမ်ဆောင်ခဲ့​ပြီး ၂၀၁၅ ခုနှစ်တွင် စစ်ဘက်တာဝန်များမှ အငြိမ်းစားယူခဲ့​​ပြီး ၂၀၁၆ ခုနှစ်တွင် ပြ​​ည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး​ အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads