ခင်မောင်လတ်

From Wikipedia, the free encyclopedia

ခင်မောင်လတ်
Remove ads

အလ်ဟာဂျ် ဦးခင်မောင်လတ် (ခ) Abdul Latif Khan (၁၉၁၃-၁၉၇၇) သည် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာ ဘီအေဘီအယ်လ် (B.A., B.L.) ဘွဲ့ရရှိခဲ့သည်။ ဆရာကြီး ဦးရာဇာတ် လုပ်ကြံမခံရမီ အချိန်ထိ ဆရာကြီး၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် တက်တက်ကြွကြွ လှုပ်ရှားခဲ့ပြီး သမိုင်းဝင် ၁၉၃၆ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။

Thumb
ဖဆပလ အစိုးရလက်ထက် (၁၉၅၂-၅၅) ဝန်ကြီးချုပ်ဦးနု နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ (ဝန်ကြီး ဦးရာရှစ် - ဒုတိယတန်း ဝဲမှယာ ဆဌမမြောက်ဝန်ကြီး ဦးခင်မောင်လတ် - နောက်ဆုံးအတန်း ဝဲမှယာ တတိယမြောက်)

၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် (မြောင်းမြခရိုင် ကျေးလက်တောင်ပိုင်း) မှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရသည်။ ဝန်ကြီးချုပ်ဦးနု၏ ဖဆပလ အစိုးရလက်ထက်တွင် ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး တရားရေးဝန်ကြီး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တိုင်းပြည် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၅၈တွင် သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလ ဟူ၍ နှစ်ခြမ်းကွဲသွားသောအခါ ဦးခင်မောင်လတ်သည် တည်မြဲဖဆပလ အဖွဲ့တွင် ပါဝင်ခဲ့သည်။ (ထိုအချိန်တွင် ဦးရာရှစ်သည် ဦးနုနှင့်အတူ သန့်ရှင်းဖဆပလတွင် ရပ်တည်ခဲ့သည်။)

ဦးခင်မောင်လတ်သည် နိုင်ငံတစ်ဝန်းရှိ မွတ်စလင်မ်လူထုကို မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် ဖဆပလ အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ် ပါဝင်ရန် (ဆရာကြီး ဦးရာဇာတ်နှင့်အတူ) အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သူဖြစ်သည်။ ဤသို့ဖြင့် ဗ-မ-က (ဗမာမွတ်စလင်မ် ကွန်ဂရက်) အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်နဝါရီလတွင် ရွှေတိဂုံ အလယ်ပစ္စယံတွင် ကျင်းပသည့် (ဖ-ဆ-ပ-လ) ညီလာခံ၌စတင်ကာ လူမျိုးရေး အဖွဲ့အစည်းတစ်ရပ် အဖြစ် (ဖ-ဆ-ပ-လ) အဖွဲ့ကြီးတွင် ထပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဦးခင်မောင်လတ် သည် ၁၉၄၁ တွင် ဖွဲ့စည်းခဲ့သော ဗ-မ-က အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း (၁၉၅၄)ခုနစ်ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အမူဆောင် အဖွဲ့ ၁၁၊ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၏ ဥက္ကဋ္ဌ အဖြစ်လည်ကောင်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၁၉၇၇ တွင် ကွယ်လွန်သည်။

Thumb
တာမွေမွတ်စလင်မ် သုသာန်ရှိ ဦးခင်မောင်လတ် အုတ်ဂူ
Remove ads

ထမ်းဆောင်ခဲ့သော တိုင်းပြည်တာဝန်များ

  1. ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြုပြည်ပြုလွှတ်တော်တွင် မြောင်းမြခရိုင် (ကျေးလက်တောင်ပိုင်း) ကိုယ်စားပြု လွှတ်တော်အမတ်
  2. ဝန်ကြီးချုပ်ဦးနု၏ ဖဆပလ အစိုးရလက်ထက် အစိုးရအဖွဲ့တွင် တရားရေးဝန်ကြီး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး

အစ္စလာမ်ဘာသာရေးအဖွဲ့များတွင်ဆောင်ရွက်မှု

  1. ၁၉၄၁ တွင် ဖွဲ့စည်းခဲ့သော ဗ-မ-က (ဗမာမွတ်စလင်မ် ကွန်ဂရက်) အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူး
  2. (၁၉၅၄)ခုနစ်ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော အမူဆောင်အဖွဲ့ ၁၁၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၏ ဥက္ကဋ္ဌ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads