ချင်းပြည်ကောင်စီ

From Wikipedia, the free encyclopedia

ချင်းပြည်ကောင်စီ
Remove ads

ချင်းပြည်ကောင်စီ (အင်္ဂလိပ်: Chinland Council) သည် လွတ်မြောက်နယ်မြေဖြစ်သော ချင်းပြည်ရှိ ချင်းအမျိုးသားထုကို ကိုယ်စားပြု၍ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ကျင့်သုံးနေသော နိုင်ငံရေး ခေါင်းဆောင်မှုဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သည်။

အချက်တိုများ ချင်းပြည်ကောင်စီ, အမျိုးအစား ...

ချင်းပြည်နယ်အတွင်းရှိ ချင်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၂၃၅ ဦးပါဝင်သော ချင်းပြည်ညီလာခံမှ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ရေးဆွဲခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့သည်။[][]

Remove ads

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အကျဉ်းချုပ်

အတည်ပြုထားသော ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း (၁၀) ခန်း ပါဝင်သည်။ []၎င်းတို့မှာ-

  • အခန်း (၁): အခြေခံမူ
  • အခန်း (၂): ချင်းပြည် (Chinland) ဖွဲ့စည်းတည်ဆောက်ပုံ
  • အခန်း (၃): ချင်းပြည် (Chinland) ကောင်စီ
  • အခန်း (၄): ဥပဒေပြုရေး
  • အခန်း (၅): အုပ်ချုပ်ရေး
  • အခန်း (၆): တရားစီရင်ရေး
  • အခန်း (၇): ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
  • အခန်း (၈): ဒေသန္တရအုပ်ချုပ်ရေး
  • အခန်း (၉): ရွေးကောက်တင်မြှောက်ခြင်း
  • အခန်း (၁၀): အထွေထွေပြဋ္ဌာန်းချက်များ

ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ဝင်များသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် ပြည်နယ်အစိုးရ၊ လွှတ်တော်နှင့် တရားလွှတ်တော်ချုပ် နေရာများတွင် တာဝန်ထမ်းဆောင်ခွင့်မရှိရန် ကန့်သတ်ထားသည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပုံတွင် ဝန်ကြီးချုပ်ကို အကြီးအကဲအဖြစ် သတ်မှတ်ထားသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည် (Chinland) ကောင်စီဥက္ကဋ္ဌသည် ပြည်နယ်အကြီးအကဲဖြစ်ပြီး ချင်းပြည် (Chinland) ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။[]

အစိုးရအဖွဲ့ကို တော်လှန်ရေးကာလ နှင့် အသွင်ကူးပြောင်းရေးကာလ ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ တော်လှန်ရေးကာလ ပြီးဆုံးပါက ချင်းပြည် (Chinland) တော်လှန်ရေးကာလအစိုးရအဖွဲ့ကို အသွင်ကူးပြောင်းရေးကာလ အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းရမည်ဖြစ်သည်။[]

Remove ads

ဖွဲ့စည်းပုံ

ချင်းပြည်(Chinland)ကောင်စီကို ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ အစုအဖွဲ့ သုံးခုဖြင့် ဖွဲ့စည်းသည်။

  1. ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွှတ်တော် အစုအဖွဲ့၊
  2. ချင်းအမျိုးသားတပ်ဦး အစုအဖွဲ့ - ၁၅ ဦး
  3. မြို့နယ်နှင့် (မျိုးနွယ်စု) ဒေသအစုအဖွဲ့ - (မျိုးနွယ်စု)ဒေသမရှိသော မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၈ ဦးစီ, (မျိူုးနွယ်စု) ဒေသရှိသော မြို့နယ်မှ ကိုယ်စားလှယ် ၅ ဦးစီနှင့် (ဖွဲ့စည်းတည်ရှိနေပါက မျိုးနွယ်စု) ဒေသတစ်ခုမှ ကိုယ်စားလှယ် ၃ ဦးစီ။

ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့

ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ကို ချင်းအမျိုးသားတပ်ဦး အစုအဖွဲ့မှ ကိုယ်စားလှယ် ၃ ဦး၊ ချင်းလွှတ်တော် အစုအဖွဲ့မှ ကိုယ်စားလှယ် ၃ ဦး၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ် ၁ ဦးစီဖြင့် ဖွဲ့စည်းသည်။

  1. ဥက္ကဋ္ဌ
  2. ဒုတိယဥက္ကဋ္ဌ (၁)
  3. ဒုတိယဥက္ကဋ္ဌ (၂)
  4. အတွင်းရေးမှူး
  5. တွဲဖက်အတွင်းရေးမှူး(၁)
  6. တွဲဖက်အတွင်းရေးမှူး (၂)
  7. အဖွဲ့ဝင်များ

သက်တမ်း

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ချင်းပြည် (Chinland) ကောင်စီညီလာခံကို (၂) နှစ် (၁) ကြိမ် ခေါ်ယူကျင်းပမည် ဖြစ်ပြီး၊​ ချင်းပြည်ကောင်စီဝင်များ၏ သက်တမ်းသည် (၂) နှစ် ဖြစ်သည်။

Remove ads

ကောင်စီဝင် ဒေသကိုယ်စားပြု အစုအဖွဲ့များ

နောက်ထပ် အချက်အလက်များ စဉ်, ချင်းအမျိုးသားတပ်ဦး အစုအဖွဲ့ ...

ပထမအကြိမ် ချင်းပြည်ကောင်စီ

ပထမအကြိမ် ချင်းပြည်ကောင်စီ ညီလာခံတွင် အစုအဖွဲ့ သုံးခုမှ ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ကောင်စီအား လည်းကောင်း၊ ၂၃ ဦး ဖြင့် ကောင်စီ ဦးဆောင်အဖွဲ့အားလည်းကောင်း ဖွဲ့စည်းခဲ့ကာ ကောင်စီသည် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအား ရည်မှန်းချက်အဖြစ် ထားရှိကာ ကောင်စီဖွဲ့စည်းပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်နယ်လွှတ်တော်၊ ပြည်အစိုးရအဖွဲ့  နှင့် ပြည်နယ်တရားလွှတ်တော်ချုပ်တို့အား ဖွဲ့စည်းသွားမည်ဟု ကောင်စီက ကြေညာချက် ၁/၂၀၂၃ ဖြင့် ထုတ်ပြန်လိုက်သည်။​

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ချင်းပြည် (Chinland) ကောင်စီကို ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ဖွဲ့စည်းခဲ့သည်။​

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...

ချင်းပြည်ကောင်စီတွင် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၂၇ ဦး၊ ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံချင်းကိုယ်စားလှယ် ၁၇ ဦးနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၆၈ ဦးတို့ ပါဝင်သည်။[]

Remove ads

ဖြစ်ရပ်များ

၂၀၂၄

၂၀၂၄ ခုနှစ်၊​ဇန်နဝါရီ ၃၀ – ၃၁ ရက်တွင် ဒုတိယအကြိမ် ကောင်စီအစည်းအဝေးအား ပြုလုပ်ရာ ကောင်စီဝင် ၁၀၀ ဦး တက်ရောက်ခဲ့ကာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၏ အမည်စာရင်းများကို အတည်ပြုက မဏ္ဍိင်သုံးရပ် ဖွဲ့စည်းအတည်ပြုပြီ ဖြစ်ကြောင်း (၀၂/၂၀၂၃) ဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။[]

ကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချင်းပြည်အစိုးရကို ရွေးကောက်တင်မြှောက်ခဲ့သည်။[] ဦးပါထန်း သည် ဝန်ကြီးချုပ်အဖြစ်နှင့် ချင်းအမျိုးသားတပ်ဦး၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာSui Khar က နိုင်ငံခြားရေးဝန်ကြီးနှင့်[] Pu Thawng Za Lian က ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။

၂၀၂၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ချင်းပြည်ကောင်စီ (Chinland Council - CC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council - ICNCC) တို့ ပူးပေါင်းကာ ချင်းအမျိုးသားကောင်စီ (Chin National Council) ကို ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။ []

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် ချင်းပြည်ကောင်စီသည် ချင်းလုံမြို့၌ အစည်းအဝေးကျင်းပခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ အဓိကအားဖြင့် ချင်းပြည်ကောင်စီအတွက် အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ်ပါဝင်မှုတွင် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ကိုယ်စားလှယ်ပါဝင်မှုကို လျှော့ချခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်/ဒေသအဖွဲ့ ကိုယ်စားလှယ်ပါဝင်မှုများကိုလည်း ပြောင်းလဲခဲ့သည်။ ယခင်က ချင်းပြည်ကောင်စီတွင် CNF မှ ကိုယ်စားလှယ် ၂၇ ဦး ပါဝင်ခဲ့ရာမှ ယခုပြင်ဆင်ချက်တွင် ၁၅ ဦးအထိ လျှော့ချခဲ့သည်။ ဥပဒေကြမ်းအတည်ပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ပြင်ဆင်ခဲ့ပြီး၊ စုစုပေါင်း ဥပဒေပုဒ်မ ၁၃ ခုကို ပြင်ဆင်၊ ပယ်ဖျက် သို့မဟုတ် ဖြည့်စွက်ခဲ့သည်။[]

Remove ads

ဆက်စပ် ဆက်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads