ချစ်ကောင်း (အဆိုတော်)

From Wikipedia, the free encyclopedia

Remove ads

အနုပညာအသိုင်းအဝိုင်းနှင့် ရင်နှီးသူများက ဗိုလ်ချစ် ဟုခေါ်သော အဆိုတော် ချစ်ကောင်းသည် ၁၉၈၀ ကျော် ကာလများ ကတည်းက တေးရေး ဝင်းမင်းထွေး၏ ကော်ဖီခါးခါး တေးစီးရီးဖြင့် အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ထိုအချိန်က လက်ဖက်ရည်ဆိုင်များတွင် ကော်ဖီခါးခါးမှာလျှင်ပင် ချစ်ကောင်းတစ်ခွက်ဟု မှာကြသည်အထိ အောင်မြင်မှု ရရှိခဲ့သည်။

အချက်တိုများ ချစ်ကောင်း, ကိုယ်ရေး အချက်အလက်များ ...

ချစ်ကောင်း (ခေါ်) ခင်မောင်ညွန့်သည် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် ဖခင်သေဆုံးခဲ့သည်။ ထို့နောက် ရန်ကုန်သို့ မိသားစုနှင့် အတူပြောင်းရွှေ့လာခဲ့သည်။ လမ်း(၅၀)တွင် နေထိုင်ပြီး အ.ထ.က(၂)ဗိုလ်တထောင် တွင် ပညာသင်ကြားခဲ့သည်။ ဆယ်တန်းတွင် နွေရာသီ ဘင်ခရာသင်တန်းကို အ.ထ.က(၄)ဗိုလ်တထောင်ကျောင်း၌ တက်ရောက်ပြီး ကျောင်းဆင်းပွဲ၌ သီချင်းဆိုခဲ့ရာမှ စတင်ကာ ဂီတနယ်ပယ်ထဲသို့ ရောက်ရှိလာခဲ့သည်။

ပထမဆုံး သီချင်းစီးရီး ထုတ်ရန် ကြိုးစားခဲ့သော်လည်း လူလိမ်ခံရ၍ မအောင်မြင်ခဲ့ပေ။ ၁၉၈၆-ခုနှစ် နှစ်စတွင် သီချင်းရေး ဝင်းမင်းထွေး၏ တေးသွားများဖြင့် ကော်ဖီခါးခါး အခွေ စတင်ထွက်ရှိပြီး အောင်မြင်မှုကို ရရှိခဲ့ပေသည်။ ကော်ဖီခါးခါး အခွေသည် ကော်ပီသီချင်းများ ဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုလည်း သီဆိုအောင်မြင်ခဲ့သည်။ ကျော်ဟိန်းသီဆိုသော `တစ်ယောက်ထည်းလား´အခွေကို ပြန်ဆိုသောအခါတွင်လည်း အောင်မြင်ခဲ့သည်။ Hip-Hop အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲဖက်သီဆိုမှုတွင်လည်း လူငယ်များကြားတွင် ဦးချစ်ကောင်း အမည်ဖြင့် အောင်မြင်မှုရရှိခဲ့သည်။ ကော်ပီသီချင်းများ၊ ကိုယ်ပိုင်သံစဉ်များ၊ ပြန်ဆိုသီချင်းများ၊ ဟစ်ဟော့သီချင်များနှင့် တွဲဖက်သီဆိုနိုင်သော ပါရမီရှင် အဆိုကျော်တစ်ဦး ဖြစ်ပေသည်။ ချစ်ကောင်း၏ သီဆိုမှုစတိုင်သည် တခြားအဆိုတော်များ၏ စတိုင်ကို အတုမခိုးဘဲ ကိုယ်ပိုင်စတိုင်နှင့် သီဆိုခဲ့သည့်အတွက် ထူးခြားမှု ရှိပေသည်။

ယခုအခါ သူ၏မျိုးဆက်ဖြစ်သော သမီးလေးကလည်း `အိမ့်ချစ်´ဟူသောအမည်ဖြင့် အဆိုတော်တစ်ယောက် ဖြစ်လာပေသည်။

Remove ads

ထွက်ရှိခဲ့သော တေးစုများ

  1. ကော်ဖီခါးခါး (၁၉၈၆) စကားလုံး ဝင်းမင်းထွေး ကော်ပီသံစဉ်
  2. အလှည့် (၁၉၉၃)
  3. တယောက်တည်းလား (၁၉??)
  4. ရော့ခ်သူရဲကောင်းများ (ဇော်ဝင်းထွဋ် နှင့် တွဲဖက်၍) (၁၉??)
  5. ပင်လယ်နှစ်ခု (မာရဇ္ဇနှင့်တွဲဖက်၍) (၁၉??)
  6. လျှပ်စစ်မိုးကောင်းကင် (၁) (ဇော်ဝင်းထွဋ် ဂျေမောင်မောင် တို့နှင့် တွဲဖက်၍) (၁၉၈၉)
  7. ပိုးဖလံ (၂) (ဟေမာနေဝင်း နှင့် တွဲဖက်၍) (၁၉၉၂)
  8. အဝါရောင်လမ်းကလေး (ခင်မောင်တိုး ဂျေမောင်မောင် ဇော်ဝင်းထွဋ် တူးတူး ခိုင်ထူး နီနီလေး တို့နှင့် တွဲဖက်၍) (၁၉၉၂)
  9. ရွှေတြိဂံ (တူးတူး ဂျေမောင်မောင် တို့နှင့် တွဲဖက်၍) (၁၉??)
  10. လျှပ်စစ်မိုးကောင်းကင် (၂) (ဇော်ဝင်းထွဋ် ဂျေမောင်မောင် တို့နှင့် တွဲဖက်၍) (၁၉၉၂)
  11. ဆဋ္ဌကမ္ဘာ (ဇော်ဝင်းထွဋ် ရင်ဂို ရဲသွင် ဟယ်ရီလင်း မျိုးကြော့မြိုင် တို့နှင့် တွဲဖက်၍) (၁၉၉၆)
  12. အိပ်မက်ကုန်သည် (ထူးအိမ်သင် ဟယ်ရီလင်း တို့နှင့် တွဲဖက်၍) (၁၉၉၉)
  13. ညနေမျက်နှာ (ရင်ဂို မာရဇ္ဇ တို့နှင့် တွဲဖက်၍) (၂၀၀၀)
  14. အချစ်နဲ့ပေါင်မုန့် (ရင်ဂို ထွဏ်းထွဏ်း ဘိုဘို အဲလက်စ် မီးမီးခဲ တို့နှင့် တွဲဖက်၍) (၂၀၀၂)
  15. အတိတ်မြက်ခင်းစိမ်းများသို့ အလွမ်း (အခြားအဆိုတော်များစွာတို့နှင့် တွဲဖက်၍ တူးတူး သီချင်းများပြန်လည်သီဆိုမှု) (၂၀၀၄)
  16. သီချင်းလေးမှတဆင့် (ကိုင်ဇာ ခိုင်ထူး ဇော်ဝင်းရှိန် ဂျေမောင်မောင် ရင်ဂို ဘီလီထွန်း တို့နှင့် တွဲဖက်၍) (၂၀၀၅)
  17. သူ့ခေတ်ကိုယ့်ခေတ် (အခြားအဆိုတော်များ နှင့် တွဲဖက်၍) (၂၀၀၅)
  18. ကမ္ဘာသစ် (၂) (အခြားအဆိုတော်များ နှင့် တွဲဖက်၍) (၂၀၀၅)
  19. ပေးမျှပါ (လေးဖြူ အငဲ ထွဏ်းထွဏ်း တာရာ ဟေမာနေဝင်း ပိုးဒါလီသိန်းတန် လေးလေးဝါး ရတနာဦး တို့နှင့် တွဲဖက်၍) ခရစ်ယာန်ဓမ္မတေး (၂၀၀?)
  20. မမကပါလား (မြတ်ဝတ်ရည် နှင့် တွဲဖက်၍) သင်္ကြန်တေး (၂၀၀?)
  21. စတီရီယိုခေတ်ရဲ့ နှစ်လေးဆယ်အလွန်သီချင်းများ (ဖြိုးကြီး ထက်အိမ် Woofer Junior ချစ်ကောင်း ဖြူဖြေူကျော်သိန်း ဆုန်သင်းပါ အိမ့်ချစ် တို့နှင့် တွဲဖက်၍) (၂၀၀?)
  22. ချစ်သူနားဆင်ဖို့ ချစ်သူရဲ့သီချင်း (ဇော်ဝင်းထွဋ် ဟယ်ရီလင်း ရင်ဂို ထွဏ်းထွဏ်း ကော်နီ သျှီ တို့နှင့် တွဲဖက်၍) (၂၀၀?)
  23. ဖိုးချိုအမှတ်တရ (အခြားအဆိုတော်များစွာ တို့နှင့် တွဲဖက်၍) (၂၀၀?)
  24. ရှင်သန်နေဆဲ ဒိုးလုံးသီချင်းများ (အခြားအဆိုတော်များ နှင့် တွဲဖက်၍) (၂၀??)
  25. စောဘွဲ့မှူး သီချင်းကောင်းကင် (အခြားအဆိုတော်များ နှင့် တွဲဖက်၍) (၂၀၀၆)
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads