စန္ဒြိကာ ကုမာရတုင်္ဂ
From Wikipedia, the free encyclopedia
Remove ads
စန္ဒြိကာ ဗဏ္ဍာရနာယက ကုမာရတုင်္ဂ(သီဟိုဠ်: චන්ද්රිකා බණ්ඩාරනායක කුමාරතුංග, တမီးလ်: சந்திரிகா பண்டாரநாயக்க குமாரதுங்க; ၂၉ ဇွန် ၁၉၄၅ ~) အတိုကောက်အားဖြင့် စီဘီကေ(CBK)သည် ၁၂ နိုဝင်ဘာ ၁၉၉၄ မှ ၁၉ နိုဝင်ဘာ ၂၀၀၅ အထိ သီရိလင်္ကာနိုင်ငံ၏ သမ္မတအဖြစ် လည်းကောင်း၊ ၁၉၉၄ ဩဂုတ်လမှ ၁၉၉၄ နိုဝင်ဘာလအထိ (၃ လတာကာလ) သီရိလင်္ကာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၉၃ မှ ၁၉၉၄ အထိ သီရိလင်္ကာ အနောက်ပိုင်းတိုင်းဒေသကြီး၏ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးသမား အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီ၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၀၅ ခုနှစ်အထိတိုင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ [၁][၂][၃]
Remove ads
ငယ်ဘဝနှင့် သူမ၏မိသားစု
ချန်ဒရီကာ ဗန္ဓရာနိုက်ကေး ကူမာရာတွန်ဂါကို ၂၉ ဇွန် ၁၉၄၅ တွင် ကိုလံဘိုမြို့၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ ဆိုလွန်မို ဗန္ဓရာနိုက်ကေးဖြစ်ပြီး မိခင်ဖြစ်သူမှာ သီရိမာဗို ဗန္ဓရာနိုက်ကေးဖြစ်သည်။ [၄]
ဖခင်ဖြစ်သူ ဆိုလွန်မိုသည် အောက်စဖို့မှ ဘွဲ့ရပညာတတ်၊ ဝတ်လုံးတော်ရရှေ့နေတစ်ဦးဖြစ်ပြီး သူမကိုမွေးဖွားစဉ်အခါက ဆိုလွန်မိုသည် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာဝန်ကြီးအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သည်။ သူမ၏အဘိုးတော်စပ်ပြီး ဆိုလွန်မို၏ အဖေတော်စပ်သော အက်စ်ဒီ (SD) ဗန္ဓရာနိုက်ကေးသည်လည်း ဗြိတိသျှသီဟိုဠ်ကာလအတွင်း၌ မဟာမူဒါလေရာရာထူးကိုရရှိထားသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ [၅]
ချန်ဒရီကာသည် ချမ်းသာပြီး ဩဇာအာဏာရှိသော မျိုးရိုးမှဆင်းသက်လာခဲ့သူဖြစ်ပြီး ဟိုရာဂိုလာဝါလာဝါ စံအိမ်တော်ကြီး၌ ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့သူလည်းဖြစ်သည်။ ၁၉၄၈ ခုနှစ်၌ သီရိလင်္ကာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သူမ၏ဖခင် ဆိုလွန်မိုသည် ကျန်းမာရေးဝန်ကြီးဖြစ်လာခဲ့သည်။ ထို့နောက် ဆိုလွန်မိုသည် သူ၏ကိုယ်ပိုင် နိုင်ငံရေးပါတီဖြစ်သော သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီကို တည်ထောင်ဖွဲ့စည်းခဲ့သည်။ ရွေးကောက်ပွဲကြားကာလများတွင် သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီသည် ပါတီကို အားကောင်းစေသော ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆိုလွန်မိုသည် ၁၉၅၂ တွင်အတိုက်အခံခေါင်းဆောင်ဖြစ်လာပြီး ၁၉၅၆ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ [၆] ဆိုလွန်မိုသည် ဝန်ကြီးချုပ်အဖြစ် ဘတ်စ်ကားကုမ္ပဏီများကို ပြည်သူပိုင်သိမ်းခြင်းနှင့် ကိုလံဘိုဆိပ်ကမ်း၊ ဇာတ်အခြေခံခွဲခြားဆက်ဆံခြင်းကို တားမြစ်ခြင်း၊ ဗြိတိန်စစ်တပ်အခြေစိုက်စခန်းများ ဖယ်ရှားခြင်းနှင့် သံတမန်မစ်ရှင်များ ထူထောင်ခြင်းစသည့် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ဆိုလွန်မိုသည် ဆင်ဟာလာဘာသာစကားကိုလည်း နိုင်ငံ၏တစ်ခုတည်းသော ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့ပြီး အင်္ဂလိပ်ဘာသာစကားကို အဓိကအသုံးပြုပြောဆိုသည့် လူလတ်တန်းစား တမီးလ်လူမျိုးများ ပညာတတ်အထက်တန်းစားအဖွဲ့ဝင်များကိုပါ ပစ်ပယ်ထားရှိစေခဲ့သည်။ [၇]
၁၉၅၉ ခုနှစ်၊ ချန်ဒရီကာ၏ အသက် ၁၄ နှစ်တွင် ဆိုလွန်မိုသည် လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ လုပ်ကြံသတ်ဖြတ်မှုအပြီးတွင် ချန်ဒရီကာ၏ မိခင်ဖြစ်သူ သီရိမာဗိုသည် မုဆိုးမတစ်ဦးဖြစ်လာခဲ့ပြီး သီရိလင်္ကာ လွတ်လပ်ရေးဆိုင်ရာ ပါတီ၏ ဥက္ကဋ္ဌရာထူးကို တာဝန်ရယူခဲ့ပြီး ၁၉၆၀ ခုနှစ်တွင်သူမသည် သီရိလင်္ကာတွင်သာမက ကမ္ဘာတွင်ပါ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ [၈]
ထို့ကြောင့် ချန်ဒရီကာသည် ဗန္ဓရာနိုက်ကေးမိသားစုတွင် သုံးယောက်မြောက်သမီးဖြစ်ရာ ငယ်စဉ်ကတည်းက နိုင်ငံရေးတွင် ပါဝင်ခဲ့သည်။ သူမ၏အစ်မဖြစ်သူ ဆူနီထရာ ဗန္ဓရာနိုက်ကေးသည် လူမှုဆက်ဆံရေးသမားတစ်ဦးဖြစ်လာပြီး သူမ၏မောင်အငယ်ဆုံးဖြစ်သူ အာနူရာ ဗန္ဓရာနိုက်ကေးသည် နိုင်ငံရေးတွင်တက်ကြွစွာပါဝင်ခဲ့ပြီး သီရိလင်္ကာလွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံ၏ အသက်အငယ်ဆုံး အတိုက်အခံပါတီခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ [၉]
Remove ads
ပညာရေး
ချန်ဒရီကာသည် ကိုလံဘိုရှိ စိန့် ဘရစ်ဂတ် ကွန်းဘန့်တွင် ပညာသင်ကြားခဲ့ပြီး ရိုမန်ကက်သလစ် အကွီးနက်စ် ယူနီဗာစတီ ကောလိပ်တွင် ဥပဒေဘွဲ့ရရှိဖို့ရန်အတွက် ပညာသင်ကြားရန် စာရင်းသွင်းခဲ့သည်။ သို့သော်လည်း ၁၉၆၇ ခုနှစ်တွင် သူမသည် ပြင်သစ်လေ့လာရေးသိပ္ပံမှ ပညာသင်ဆုဖြင့် ဥပဒေပညာကို မပြီးဆုံးဘဲ ပြင်သစ်နိုင်ငံ အကွီးနက်စ် ယူနီဗာစတီ ကောလိပ်မှ ထွက်ခွာခဲ့သည်။ ပြင်သစ်ဘာသာစကားနှင့် ယဉ်ကျေးမှုသင်တန်းကို သင်ကြးခဲ့ပြီးနောက် သူမသည် Institut d'études politiques d'Aix-en-Provence တွင် တစ်နှစ်နေခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် Institut d'Etudes Politiques de Paris (Sciences Po) တွင် နိုင်ငံရေးသိပ္ပံဒီပလိုမာဘွဲ့ရခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ထို့နောက်တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ PhD ပရိုဂရမ်တွင် စာရင်းသွင်းခဲ့သည်။ ၁၉၇၀ မှ ၁၉၇၃ ခုနှစ်အထိ ပါရီမြို့၊ École pratique des hautes études တွင် စီးပွားရေးပညာကိုလည်း ဆည်းပူးခဲ့သည်။ [၁၀][၁၁] ချန်ဒရီကာသည် သီဟိုဠ်ဘာသာစကားကိုသာမကဘဲ အင်္ဂလိပ်ဘာသာစကားနှင့် ပြင်သစ်ဘာသာစကားတို့ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်သူလည်းဖြစ်သည်။ [၁၂]
==နိုင်ငံရေးလောကအတွင်း စတင်ဝင်ရောက်စဉ်
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads