ချမ်းမြေ့မောင်ချို
From Wikipedia, the free encyclopedia
Remove ads
ချမ်းမြေ့မောင်ချို (၂၀ စက်တင်ဘာ ၁၉၉၉ မွေးဖွား) သည် မြန်မာအမျိုးသမီး အဆိုတော်တစ်ဦး ဖြစ်သည်။ Myanmar Idol ၏ တတိယရာသီတွင် ဒုတိယရခဲ့ပြီးနောက် ထင်ရှားကျော်ကြားလာခဲ့သည်။[၁][၂]
Remove ads
ငယ်ဘဝနှင့် ပညာရေး
ချမ်းမြေ့မောင်ချိုကို ၁၉၉၉ စက်တင်ဘာ ၂၀ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် သင်္ဘောသားမောင်မောင်ချိုနှင့် ၁၉၉၀ ဆယ်စုနှစ်တွင် ကျော်ကြားခဲ့သော အဆိုတော် အိအိတို့၏ အငယ်ဆုံးသမီးဖြစ်၍ အစ်ကိုဖြစ်သူ သူရမောင်ချိုမှာ သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း မှအထက်တန်းပညာ ပြီးစီးခဲ့ပြီး ဒဂုံတက္ကသိုလ်တွင် ဥပဒေဘာသာရပ်အထူးပြုဖြင့် တက်ရောက်သင်ကြားလျက်ရှိသည်။[၃]
အလုပ်အကိုင်
အလုပ်အကိုင်အစ
မောင်ချိုသည် ၁၀ နှစ်သမီးအရွယ်တွင် သီချင်းများ စတင်သီဆိုခဲ့၏ ။ ပြန်ဆိုသီချင်းများကို သူမ၏ ကိုယ်ပိုင်စာသားများဖြည့်စွက်၍ ထည့်သွင်းသီဆိုခဲ့သည်။ ကိုယ်ပိုင်ဗီဒီယိုအတိုများကို ဖန်တီးခဲ့ပြီး (ယခင်အဆိုတော်များ၏)အချို့သီချင်းများပြန်ဆိုကာ လူမှုကွန်ယက်တွင် ဖြန့်ချိခဲ့သည်။ စင်္ကာပူနိုင်ငံသို့ ၂၀၁၅ ခုနှစ်တွင် သွားရောက်လည်ပတ်စဉ်က လမ်းများပေါ်တွင် သီချင်းဆိုခြင်း အတွေ့အကြုံများ ရှိခဲ့သည်။ ကျောင်းပွဲများ၌ ပါဝင်ခဲ့ပြီး သူမ၏ဆရာသမားများ၊ သူငယ်ချင်းများအတွက်လည်း သီဆိုပေးမှုများရှိခဲ့သည်။[၃]
အသက် (၁၈) နှစ်အရွယ် (၂၀၁၇) ခုနှစ်တွင် မိခင်နှင့်အတူတွဲဖက်၍ ပထမဆုံးအကြိမ်အဖြစ် စင်မြင့်ထက်တွင် စတင်သီဆိုခဲ့သည်။ ထို့နောက် သူမ၏ ပထမဆုံးစိန်ခေါ်မှုဖြစ်သော Myanmar Idol တတိယရာသီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၃]
၂၀၁၉- လက်ရှိ: တစ်ကိုယ်တော် လှုပ်ရှားမှုများ

၂၀၁၉ ခုနှစ်တွင် သူမ၏ ပထမဆုံး တစ်ကိုယ်တော်သီချင်းတစ်ပုဒ် ဖြစ်သည့် အိပ်မက် သီချင်းကို[၄] ဖြန့်ချိခဲ့ပြီး JOOX နားထောင်သူများအကြား လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်။[၅]
သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် Eleven ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[၆] [၇]
Remove ads
တေးသီချင်းနှင့်အခွေများ
တစ်ကိုယ်တော်အယ်လ်ဘမ်များ
Eleven ဟု နာမည်ပေးထားပြီး တေးသီချင်း (၁၁)ပုဒ်ပါဝင်သော သူမ၏ ပထမဆုံးတေးစီးရီးအခွေအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ပြီး သီချင်းအသစ် ၇ ပုဒ်ပါဝင်သည်။ တေးစီးရီးတွင် ပြိုင်ပွဲတုန်းက သူမကိုပရိသတ်များမှတ်မိစေခဲ့သည့် သီချင်းများနှင့် သူမ၏အမေအဆိုတော် အိအိ ၏ သီချင်းများပါဝင်သည်။
တေးစီးတွင် ပါဝင်သောသီချင်းများ-
- King
- သင့်အတွက်မနက်ဖြန်
- သူ့ကိုအချစ်ဆုံးပဲ
- မြတ်မြတ်နိုးနိုး
- ဒဏ္ဍာရီ
- Loser
- ရွာသာရွာပါမိုး
- ချစ်သောမောမြေ
- ရေတစ်လှည့်မီးတစ်လှည့်
- ထွက်သွားတော့
- မောင်နားလည်ပေးပါ
တစ်ကိုယ်တော်သီချင်းဖြန့်ချိမှု
- အိပ်မက် (၂၀၁၉) တေးရေး - ဝေကြီး
- Falling (၂၀၂၀) တေးရေး - Daniel Saw
စုံတွဲသီဆိုမှုများ
- အိပ်မက်ထဲမှာဆုံချင်တယ် (၂၀၁၈) စည်သူလွင်နှင့်အတူ
- We are one (၂၀၁၉) Y3llO နှင့်အတူ
- အချစ်ရှိသောနေ့စွဲများ (၂၀၁၉) မျိုးကျော့မြိုင်နှင့်အတူ
- အိမ်ပြန်ချိန် (၂၀၂၀) PAST12/Daniel Saw တို့နှင့်အတူ
- အငွေ့အသက်များ (၂၀၂၀) Ah Boyနှင့်အတူ
တေးရေး-သားသား
- သမီးချော့တေး (၂၀၂၀) အိအိနှင့်အတူ
တေးရေး-ဖိုးစည်
- Virus (၂၀၂၀)
Esther Dawt Chin Sung , Benjamin Sum , Saw Htet Naing Soe , David Lai တို့နှင့်အတူ တေးရေး-စောထက်နိုင်စိုး
သီချင်းဟောင်း ပြန်လည်သီဆိုမှု
- မွန်တို့ဌာနေ (၂၀၂၀)
- စွယ်တော်နှလုံးသား (၂၀၂၀၊ မိခင်ဖြစ်သူ တေးသံရှင် အိအိနှင့်အတူသီဆိုသည်။
- မောင်ဘဦး (၂၀၂၀)
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads