ဂရိ အမျိုးသား ဘောလုံးအသင်း

From Wikipedia, the free encyclopedia

ဂရိ အမျိုးသား ဘောလုံးအသင်း
Remove ads

ဂရိ အမျိုးသား ဘောလုံးအသင်း (ဂရိ: Εθνική Ελλάδος; အင်္ဂလိပ်: Greece national football team) သည် ဂရိနိုင်ငံကို ကိုယ်စားပြုသော အမျိုးသားဘောလုံးအသင်းဖြစ်၍ ဟယ်လန်နစ် ဘောလုံးအဖွဲ့ချုပ် (ဂရိဘောလုံး အဖွဲ့ချုပ်) က ထိန်းချုပ်ကွပ်ကဲသည်။ ဂရိအသင်းသည် အိမ်ကွင်းအများစုကို အေသင်မြို့ (သို့) အေသင်မြို့အနီးနားတွင် ကစားလေ့ရှိကာ အေသင်တွင် မြို့၏ဆင်ခြေဖုံးအရပ် 'မဲရို့စီ' (Maroussi) ရှိ အိုလံပစ် အားကစားကွင်းတွင်လည်းကောင်း၊ မြို့ပြင်ပတွင် ပိုင်းရီးယ(စ်) (သို့) ပစ်ရေးယ(စ်) (Piraeus) ဆိပ်ကမ်းမြို့ရှိ 'ကရိုင်းယစ်စကိုက်ကိစ်' (Karaiskakis) အားကစားကွင်းတွင်လည်းကောင်း ကစားသည်။ ဂရိအသင်းသည် ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲဆုရ အသင်းဆယ်သင်းအနက် တစ်သင်းဖြစ်သည်။

အချက်တိုများ အမည်ပြောင်, အဖွဲ့ ...

ဂရိသည် ၁၉၈၀ ယူအေးဖာ ယူရိုဖလားမှစ၍ ပထမဆုံးပါဝင် ယှဉ်ပြိုင်ကစားခဲ့ကာ အုပ်စုအဆင့်မှ ကျော်လွှားနိုင်ခြင်းမရှိခဲ့သလို ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီအထိ အခြားသော အဓိက ပြိုင်ပွဲများတွင် ပါဝင်ကစားရန် အရည်အချင်းပြည့်မှီခြင်းမရှိခဲ့ပေ။

ယူအေးဖာ ယူရို ၂၀၀၄ တွင် ဂရိဘောလုံးသမိုင်းတွင် အမြင့်ဆုံးအနေအထားရခဲ့ကာ ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ပြိုင်ပွဲတွင် ဗိုလ်မစွဲနိုင်သည့် အဆင့်အတန်းဖြင့် သတ်မှတ်ခြင်းခံရသော်လည်း ရေပန်းစားနေခဲ့သော လက်ရှိချန်ပီယံ ပြင်သစ်နှင့် အိမ်ရှင် ပေါ်တူဂီအသင်းတို့ကို အနိုင်ပိုင်းနိုင်ခဲ့သည်။ ပြိုင်ပွဲ၏ အဖွင့်ပွဲနှင့် နောက်ဆုံး ဗိုလ်လုပွဲတွင် အိမ်ရှင် ပေါ်တူဂီနှင့် တွေ့ဆုံခဲ့ကာ နှစ်ပွဲလုံး အနိုင်ရရှိခဲ့သည်။

၂၀၀၄ အောင်မြင်မှုရရှိပြီးနောက် ဂရိအသင်းသည် ပြိုင်ပွဲအများစုကို ပါဝင်ရန် အရည်အချင်း ပြည့်မီခဲ့ပြီး ၂၀၁၂ ယူရိုတွင် ကွာတားဖိုင်နယ်၊ ၂၀၁၄ ကမ္ဘာ့ဖလားတွင် (၁၆)သင်း အဆင့်သို့ ရောက်ရှိခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads