ဂါရမ်ဘာ အမျိုးသားဥယျာဉ်
From Wikipedia, the free encyclopedia
Remove ads
ဂါရမ်ဘာ အမျိုးသားဥယျာဉ် သည် အာဖရိကတိုက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အိုရီယန်တေးပြည်နယ်တွင် တည်ရှိပြီး ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အာဖရိကရှိ အစောဆုံး အမျိုးသားဥယျာဉ်များတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၁၉၈၀ ခုနှစ်မှစ၍ ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။ ဂါရမ်ဘာသည် ကမ္ဘာပေါ်တွင် နောက်ဆုံးတွေ့ရှိရသော တောရိုင်းတိရစ္ဆာန် ဖြစ်သည့် မြောက်ပိုင်းကြံ့ဖြူ များနေထိုင်ခဲ့ရာ နေရာ ဖြစ်သည်။ ဥယျာဉ်အတွင်း ကြံ့များကို အမဲလိုက် သတ်ဖြတ်မှုများ ရှိခြင်းကြောင့် ၁၉၉၆ ခုနှစ်တွင် စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းတွင် ထည့်သွင်းခဲ့သည်။ ထိုဥယျာဉ်သည် အာဖရိကဆင်များ ယဉ်ပါးအောင် လေ့ကျင့်ရေး အစီအစဉ် ကြောင့်လည်း လူသိများပြီး ထိုအစီအစဉ်မှ ကမ္ဘာလှည့်ခရီးသွားများ စီးနင်းနိုင်သည့် တိရစ္ဆာန်များ အဖြစ် ပြောင်းလဲပေးသည်။ ထိုဥယျာဉ်အား လက်ရှိတွင် အကျိုးအမြတ်မယူသည့် ကာကွယ်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဖရိက ဥယျာဉ် ကွန်ယက်မှ စီမံခန့်ခွဲလျက် ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads