ဂျုန်းအန်ရစ် ဗီးဗက်စ် အီ စစ္စလီယား
From Wikipedia, the free encyclopedia
Remove ads
ဂျုန်းအန်ရစ် ဗီးဗက်စ် အီ စစ္စလီယား (ကက်တလန်: Joan Enric Vives i Sicília၊ ၁၉၄၉ ခုနှစ် ဇူလိုင် ၂၄ မွေး) သည်၂၀၀၃ ခုနှစ်မှစတင်၍ အာဂျယ်လ်ဘိရှော့ဆရာတော် ရာထူးအလျောက်တာဝန်ယူရသော အင်ဒိုရာနိုင်ငံ ၏ ပူတွဲမင်းသား တစ်ပါးဖြစ်သော စပိန်နိုင်ငံ ကက်သလစ် ဘုန်းတော်ကြီး ဖြစ်ပါသည်။ သူသည် ၂၀၁၉ ခုနှစ်ကစပြီး ဂိုဏ်းချုပ်ဘွဲ့ကို ရရှိခဲ့သည်။
Remove ads
အစောပိုင်း ဘာဝ
၁၉၄၉ ခုနှစ် ဇူလိုင် ၂၄ ခုနှစ် ဘာစီလိုနာမြို့ မှာ သူသည် အသေးစား လက်လီရောင်းချအလုပ်ကိုင်သော ဖခင် ဖရန်စစ် ဗီးဗက်စ် အီ ပုံးစ် (ကက်တလန်: Francesc Vives i Pons) နှင့် မိခင် ကော်နီးလီယား စစ္စလီယား အီဘာညက်စ် (ကက်တလန်: Cornèlia Sicília Ibáñez) တို့၏ တတိယသားအဖြစ် မွေးဖွားခဲ့သည်။ ဂျုန်းအန်ရစ် အမည်ပေးပြီး ကက်တလန်လူမျိုး ဓလေ့ထုံစံအရ မိဘနာမည်များ ဗီးဗက်စ် နှင့် စစ္စလီယား ကိုပူပေါင်းပြီး မိသားစုအမည်အဖြစ်အမည်ပေးခဲ့သည်။ သူသည် ၁၉၆၅ ခုနှစ်တွင် ကျမ်းစာသင်ကျောင်း သို့ ဝင်ရောက်ခဲ့ပြီး အနုပညာ၊ ဒဿနိကဗေဒနှင့် ဓမ္မပညာကို လေ့လာခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဗီးဗက်စ်သည် ဇာတိနယ်ပယ် ဆန်တာမာရီယာ ဒယ်လ် တောလက် ဒယ်လ် ဘာစီလိုနာ (Santa Maria del Taulat de Barcelona) မှာရှိဘုရားကျောင်း၌ ဘုန်းကြီးတစ်ပါးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ [၁]
၁၉၉၃ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် သူသည် ဘာစီလိုနာ၏ အရန်ဆရာတော်အဖြစ်နှင့် နိနာမြို့ ၏ ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၂] ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်သည် သူ့ကို ၂၀၀၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် အာဂျယ်လ်မြို့နယ် ၏ လက်ထောက်ခံဘိရှော့ဆရာတော် အဖြစ် ခန်အပ်ခံရသည်။[၃]
Remove ads
မင်းသာဖြစ်လာခြင်း
၂၀၀၃ ခုနှစ် မေလ 12 ရက်နေ့တွင် သူ၏ရှေ့တော် ဂျုန်း မာတီ အီ အလားနစ် အငြိမ်းစားယူပြီးနောက် ဗီးဗက်စ် သည် အာဂျယ်လ်ဘိရှော့ဆရာတော် ရာထူးရပြီး အင်ဒိုရာနိုင်ငံ၏ ပူးတွဲမင်းသားနှစ်ပါး ရဲ့ တစ်ပါးဖြစ်လာခဲ့သည်။[၄] ၂၀၀၃ ခုနှစ် ဇူလိုင် 2003 တွင် အင်တိုရာလာဗီလာမြို့ ဗောရဲတိုက် တွင် အင်တိုရာနိုင်ငံ၏ ပူးတွဲဖက်မင်းသားအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကျမ်းသစ္စာကျိန် ဆိုခဲ့သည်။ ၂၀၁၀ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ဗီးဗက်စ်ကို ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ဂိုဏ်းချုပ်ဘွဲ့ပေးခဲ့သည်။[၅]
ဗီးဗက်စ် အငြိမ်းစားယူရန်အသက် ၇၅ နှစ်မပြည့်ခင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဂျိုးဆက်လူဝီ ဆရာနို ပန်တီနက် (Josep-Lluis Serrano Pentinat)ကို အာဂျယ်လ် ၏ လက်ထောက်ခံဘိရှော့ဆရာတော်အဖြစ် ဗီးဗက်စ် အငြိမ်းစားယူခြင်းလက်ခန်ပြီးနောက် မင်းသားအဖြစ် နောက်ဆက်ခံရန် ခန်အက်ခဲ့သည်။ [၆][၇]
Remove ads
နိုင်ငံရပ်ခြား ဂုဏ်ထူးဆောင်
အင်ဒိုရာနိုင်ငံ:
Cross of the Seven Arms (၂၀၂၄ ဇူလိုင် ၁၀).[၈]
ပေါ်တူဂီ:
Grand Cross of the Order of Christ (၂၀၁၀ မတ် ၅).
Grand Collar of the Order of Prince Henry (၂၀၂၄ အောက်တိုဘာ ၁၄).[၉]
ကိုးကား
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads