အီမန်နျူရယ် မက်ခရွန်

From Wikipedia, the free encyclopedia

အီမန်နျူရယ် မက်ခရွန်
Remove ads

အီမန်နျူရယ် ဂျံ-မီရှဲလ် ဖရေဒေရိက် မက်ခရွန်(ပြင်သစ်: Emmanuel Jean-Michel Frédéric Macron, ပြင်သစ်အသံထွက်: [emaˈnɥɛl ʒɑ̃ miˈʃɛl fʁedeˈʁik maˈkʁɔ̃]; ၂၁ ဒီဇင်ဘာ ၁၉၇၇ ~ )သည် ပြင်သစ်နိုင်ငံ၏ ၂၅ ဦးမြောက် သမ္မတဖြစ်သည်။

အချက်တိုများ အီမန်နျူရယ် မက်ခရွန်, ပြင်သစ်နိုင်ငံ၏ သမ္မတ ...

၂၀၁၇ ခုမှစ၍ သမ္မတအဖြစ် တာဝန်ထမ်းခဲ့သည်။ ၂၀၁၄ မှ ၂၀၁၆ အထိ သမ္မတဖရန်ဆွာ ဟော်လန်အစိုးရတွင် စီးပွားရေး၊ စက်မှုနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူဖူးသည်။ ၂၀၁၆မှာ စတည်ထောင်ခဲ့သော ခေတ်ဆန်းပါတီ (ပြင်သစ်: Renaissance) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။

ပြင်သစ်နိုင်ငံ သမ္မတ ရာထူးအလျောက်တာဝန်ယူရသော အင်ဒိုရာနိုင်ငံ ၏ ပူတွဲမင်းသား ဖြစ်သည်။

Remove ads

အစောပိုင်း ဘာဝ

၁၉၇၇ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အီမန်နျူရယ် မက်ခရွန် သည် အာမျန်မြို့ (Amiens) တွင် မိခင် ဆရာဝင်မ Francoise Noguès နှင့် ဖခင် အာရုံကြောဆိုင်ရာပါမောက္ခ Jean-Michel Macron မှမွေးဖွားခဲ့သည်။[] ၂၀၁၀ ခုနှစ်မှာ မိဘ ၂ ပါး ပြတ်စဲကွားရှင်ခဲ့သည်။[] သူမိသားစုက ဘာသာမဲ့များ ဖြစ်ပေမဲ့ အသက် ၁၂ နှစ်ကလေးအနေနဲ့ အီမန်နျူရယ်က ကက်သလစ် အသင်းတော်ထဲ ရေနှစ်ခြင်းမင်္ဂလာပြုရန် တောင်ဆိုခဲ့သည်။ သို့သော်လည်း ယနေ့မှာ သူသည် ဘုရားရှိမှုကို သံသယရှိသူ တစ်ဦးဖြစ်သည်။[]

Lycée la Providence ယေးရှုအသင်းဂိုဏ်းကျောင်း မှာ ပညာသင်ယူပြီး ပါရီမြို့ စတုတ္ထမြောက်ဟင်နရီကျောင်း (ပြင်သစ်: Lycée Henri-IV) မှာ နောက်ဆုံးနှစ် သင်တန်းဝင်ပြီး အထက်တန်းကျောင်းဘွဲ ရရှိခဲ့သည်။[] သူ့မိဘတွေက အီမန်နျူရယ်နှင့် မင်္ဂလာဆောင်ပြီး ကလေး ၃ ယောက် ရှိပြီးသော ကျောင်းဆရာမ ဘရစ်ဂျက် ဩဇီရဲ နဲ့ အလွန်ရင်းနှီးမှု ဖြစ်ပေါ်လာခြင်းကို စိုးရိမ်၍ သူ့ကို ပါရီမြို့သို့ ကျောင်းအသစ်သို့ ပို့ခဲ့သည်။ အီမန်နျူရယ် နောက်ပိုင်းဘာဝမှာ ဤကျောင်းဆရာမကို ဇနီးအဖြစ်ယူခဲ့သည်။[] ဤ စတုတ္ထမြောက်ဟင်နရီကျောင်း မှာဘဲ ရိုးရိုးတက္ကသိုလ်ဘွဲ့လဲ ရရိုခဲ့သည်။[]

ပါရီ နန်တယ်ရ် တက္ကသိုလ် (Paris Nanterre University) မှာ ဒဿနိကဗေဒဘာသာရပ်ကို လေ့လာခဲ့သည်။ သူသည် Sciences Po ကောလိပ်မှာ Diplôme d'études approfondies အဆင့်မြင့်လေ့လာမှုများ မဟာဘွဲ့ကို ပြီးဆုံးခဲ့သည်။ ပြီးနောက် သူသည် နိုင်ငံတော်အပ်ချုပ်ရေးကျောင်း (ပြင်သစ်: École Nationale d'administration) မှာ ဆက်သင်ယူပြီး ပြည်သူ့ရေရာ မဟာဘွဲ့ ထက်မှန်ရခဲ့သည်။ []

Remove ads

စီးပွားရေးအလုပ်အကိုင်

၂၀၀၄ ခုနှစ်မှာ ကျောင်းပြီးနောက် ပြင်သစ်နို်င်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ စစ်ဆေးရေးမှူး ဖြစ်ခဲ့သည်။[] ၂၀၀၇ ခုနှစ်မှာ ပြင်သစ်တိုးတက်မှုကိုထုတ်လွှတ်ရန်ကော်မရှင် ၏ လက်ထောက်ကိုယ်စားလှယ်အဖြစ် Jacques Attali အောက်မှာ လုပ်ဆောင်ခဲ့သည်။[]

၂၀၀၈ ခုနှစ်မှာ မက်ခရွန် အစိုးရစာချုပ်မှ သူ့ကိုယ်သူ ဝယ်ယူရန် ယူရို ၅၀,၀၀၀ ပေးချေခဲ့သည်။[၁၀] ပြီးနော်က

သူသည် Rothschild & Co ကုမ္ပဏီတွင် ငွေရေးကြေးရေး စစ်ဆေးရေးမှူးအလုပ်ယူခဲ့သည်။[၁၁] မက်ခရွန်သည် Le Monde ကုမ္ပဏီ ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် စီးပွားရေးသမား Alain Minc နှင့် ရင်းနီးဆက်ဆံရေး ထူထောင်ခဲ့သည်။[၁၂] ၂၀၁၀ ခုနှစ်တွင် မက်ခရွန် Le Monde ၏ ပြန်လည်ငွေစုငွေထုတ်မှုနှင့် Siemens လျှပ်စစ်ကုမ္ပဏီ မှ Atos ကုမ္ပဏီ ကို ဝယ်ယူခြင်းကို နှစ်ခု အောင်မြင်ပြီးနောက် စီးပွားဖက်အဖြစ် ရာထူးတိုးခဲ့သည်။[၁၃] ထိုနှစ်တွင်ပင် မက်ခရွန်သည် Nestlé ကုမ္ပဏီ မှ Pfizer ၏ မွေးကင်းစကလေးများအာဟာရပစ္စည်းဌာနခွဲကို ယူရို ၉ ဘီလီယံဝယ်ဖြင့် ယူခြင်းကို အောင်မြင်စွာ ဦးဆောင်ပြီးနောက့် မက်ခရွန်သည် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာသည်။[၁၄]

Remove ads

အစောပိုင်း နိုင်ငံရေး

အငယ်ဘာဝ ၁၉၉၈ ခုနှစ်တွင် နိုင်ငံသားများလှုပ်ရှားမှု အထဲဝင် ပါခဲ့သည်။[၁၅] Sciences Po ကောလိပ် မှာ ကျောင်းသာဖြစ်တုံးက ပါရီမြို့ ၁၁ မြောက် မြို့နယ်စိုးမိုးရေးဒေသဝန်ကြီး ၏ လက်ထောက် လုပ်ဆောင်ခဲ့သည်။[၁၆] အသက် ၂၄ နှစ်ပြည့်ပြီးနောက် ၂၀၀၆ မှ ၂၀၀၉ ခုနှစ်အထိ ဆိုရှယ်လစ်ပါတီဝင် ဖြစ်ခဲ့[၁၇]

၂၀၁၀ မှာ ဖရန်ဆွာ ဟော်လန် နှင့် တွေဆုံပြီး သူ့၏ ဝန်ထမ်းအထဲ ပါဝင်ခဲ့သည်။[၁၈] ၂၀၁၂ မေ ၁၅ မှာ ပြင်သစ်နိုင်ငံရွေးကောက်ပွဲ ပြီးနောက် သမ္မတအသစ် ဖရန်ဆွာ ဟော်လန်လက်အောက် သမ္မတရုံး ဧလီစီနန်းတော် (Palais de l'Élysée) ဒုတိယအထွေထွေအတွင်းရေးမှူး အကြီးတန်းရာထူး တာဝန်ဆောင်ရရို့ခဲ့သည်။[၁၉] ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ မှာ အလုပ်ထွက်ခဲ့သည်။ နုတ်ထွက်ရခြင်းအကြောင်းအရင်းမှာ ဝန်ကြီးချုပ်အသစ် မန်နျူဝယ် ဗောစ် (Manuel Valls) ၏ ပထမဆုံးအစိုးရတွင် မပါဝင်ရခြင်းကြောင့် စိတ်ပျက်ခဲ့ရခြင်းနှင့် သူအဆိုပြုထားသော ပြုပြင်ပြောင်းလဲမှုများအပေါ် အစိုးရမလက်ခံသောကြောင့် စိတ်ပျက်ခြင်းကြောင့် နိုင်ငံရေးမှ ထွက်ခွာခဲ့သည်။[၂၀]

စီးပွားရေးနှင့် စက်မှုဝန်ကြီး (၂၀၁၄-၂၀၁၇)

၂၀၁၄ ဩဂုတ်လ ၂၆ ရက် ဗောစ်ဒုတိယအစိုးရအဖွဲ့၏ စီးပွားရေးနှင့် စက်မှုဝန်ကြီး ခန့်အပ်ခံရသည်။[၂၁] Montebourg က လက်ဝဲယိမ်း ဥရောပသမဂ္ဂကိုယုံကြည်သက်ဝင်မှုမရှိသူဖြစ်ပြီး မက်ခရွန် က လစ်ဘရယ်ဝါဒကျ ဥရောပသမဂ္ဂကို အားပေးသူဖြစ်သောကြောင့် သတင်းမီဒီယာက မက်ခရွန်ကို ယခင်စီးပွားရေးနှင့် စက်မှုဝန်ကြီး Arnaud Montebourg ၏ လုံးဝဆန့်ကျင်ဘက် လိုခေါ်ခဲ့သည်။ [၂၂]

စီးပွားရေးဝန်ကြီးအဖြစ် မက်ခရွန်သည် စီးပွားရေးနှင့်လိုက်လျောညီထွေရှိသော ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ် မန်နျူဝယ် ဗောစ်သည် မက်ခရွန် တွန်းအားပေးထားသော ဥပဒေကို ပါလီမန်ထဲ လွှတ်တော်အမတ်တွေ တုံ့ဆိုင်းနေသောလဲ တွန်းအားပေးခဲ့ပြီး ဤဥပဒေကို သဘောတူလက်ခံအောင်လုပ်နိုင်ခဲ့သည်။[၂၃] ဤ ဥပဒေက ယခင်စီးပွားရေးဝန်ကြီး Arnaud Montebourg ဆလုပ်အပ်ခဲ့သောလဲ မက်ခရွန်ဥပဒေဟု နာမည်ပေါက်ခဲ့သည်။ ဤ ဥပဒေက ဝယ်ယူမှုစွမ်းအား နှင့် သက်ဆိုင်ရာ စည်းမျဉ်းများအဆိုပါခေါ်သော အပါဝင်မျာ တနင်္ဂနွေနှင့် ညဘက်အလုပ်လုပ်ခြင်း၊ အများပြည်သူပို့ဆောင်ရေး ဇိမ်ခံဘတ်စကားများ၊ ကြွေးမြီကောက်သူများ၊ ဝတ်လုံတော်ရရှေ့နေများ၊ လေလံတင်သူများ၊ ဂ္ဂလိကကုမ္ပဏီများထံမှ စစ်လက်နက်ပစ္စည်းများ ငှားရမ်းခြင်း စသောအရာတွေနှင့် သက်ဆိုင်ရာ စည်းမျဉ်းများကို လျှော့ပေါ့ပေးသော ဥပဒေဖြစ်ခဲသည်။ [၂၄] ဤဥပဒေကို သမ္မတ တွန်းအားပေး၍ ၂၀၁၅ ဧပြီလ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့သည်။[၂၅] ဤဥပဒေကြောင့် စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၀.၃% မှ ၀.၅% တိုးလာနိုင်မည်ဟု ခန့်မှန်းခဲ့သည်။[၂၆]

၂၀၁၇ ပြင်သစ်သမ္မတရွေးကောက်ပွဲ

၂၀၁၆ တွင် ပထမ မက်ခရွန်ဥပဒေထက် အတိုင်းအတာပိုမိုကျယ်ပြန့်သော "မက်ခရွန်ဥပဒေ နံပါတ် ၂" အမည်ခေါ် ဥပဒေကို ဗောစ်အစိုးရ နှင့် သမ္မတ ဟော်လန် မအားပေးသောကြောင့် မက်ခရွန် ၎င်းအစိုးရကို သစ္စာရှိတေးလား မေးခွန် ပိုများလာသည်။[၂၇] ၂၀၁၆ ဧပြီလ ၆ တွင် အစိုးရနှင့် ဆက်ဆံရေးတင်းမာမှုများလာပြီးနောက် မက်ခရွန် က "အရှေ့ဆက်ပါတီ" (ပြင်သစ်: En Marche) ခေါ် နိုင်ငံရေးပါတီအသစ် ထည်ထောင်ပြီး အစိုးရနှင့် စပြီး လမ်းခွဲခဲ့သည်။[၂၈] ပါတီအသစ်က သတင်းမီဒီယာများ၏ အာရုံစိုက်မှုနှင့် လွှတ်တော်အမတ်တွေ အားပေးမှုများစွာ ရရှိခဲ့သည်။[၂၉][၁၈] ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်နေ့မှာ မက်ခရွန်က အစိုးရမှ တရားဝင်ထွက်ခွာခဲ့သည်။[၃၀]

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ သမ္မတရွေးကောက်ပွဲ အတွက် ရှင်ပြိုင်ရန် ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။ ဤကြောငြာချက် မိန့်ခွန်းမှာ ပြင်သစ်နိုင်ငံ၏ ပိတ်ဆို့မှုများကို ဖျက်ချရန် "ဒီမိုကရေစီ တော်လှန်ရေး" လှပ်ရန်လိုအပ်ကြောင်း ခေါ်ဆိုခဲ့သည်။[၃၁] နိုဝင်ဘာလ ၂၄ ရက်နေ့မှာ မက်ခရွန်သည် "တော်လှန်ရေး" (ပြင်သစ်: Révolution ခေါ် စာအုပ် ထုတ်ဝေခဲ့ပြီး ဒီဇင်ဘာလတွင် ဤစာအုပ် ပြင်သစ်အရောင်းရဆုံးစာရင်းမှာ ပဉ္စမနေရာသို့ ရောက်ရှိခဲ့သည်။[၃၂] သူ့ရဲ့ ရွေးကောက်ပွဲစည်းရုံးလုံ့ဆော်အဖွဲ့ အလှူငွေ ယူရို ၃.၇ သန်း ရခဲ့ပြီး ရှေ့ပြေးအပြိုင်ဘက် Alain Juppe ထက် ၃ စ များခဲ့သည်။[၃၃] မက်ခရွန်သည် Rothschilds တွေနဲ့ အလုပ်လုပ်ခဲ့သည့်အချိန်ကြောင့် အကျိုးစီးပွားဝိရောဓိဖြစ်မှု ရှိကြောင်း၊ မဲဆွယ်စည်းမရုံးဘဲ နာမည်ကြီးမီဒီယာလူတွေနှင့် တွေ့ဆုံရန် ရန်ပုံငွေများကို အသုံးပြုခြင်းကြောင်း သူ့ကို ဝေဖန်ခဲ့သည်။[၃၄][၃၅]

မက်ခရွန်သည် ဒီမိုကရက်တစ်လှုပ်ရှားမှု (MoDem) ၏ François Bayrou ထောက်ခံအားပေးမှု၊ လွှတ်တော်အမတ် Daniel Cohn-Bendit၊ ဂေဟဗေဒပညာရှင် François de Rugy၊ ဆိုရှယ်လစ်ပါတီ အမတ် Richard Ferrand စသောသူအပါ မြောက်မြားစွာသော ပါတီအမျိုးစုံများ၏ ထင်ရှားသော ပါတီဝင်အများတို့၏ ထောက်ခံချုပ်တွေရရှိခဲ့သည်။[၃၆] ၂၀၁၇ ဧပြီ ၂၃ ရက် ရွေးကောက်ပွဲ ပထမအပိုင်မှာ မဲဆန္ဒ ၈ သန်းကျော် (၂၄%) ရရှိပြီး မဲအများရခဲ့သည်။ ပြိုင်ဘက် François Fillon နှင့် Benoît Hamon သူ့ကို ရွေးကောက်ပွဲ ဒုတိယအပိုင်မှာ အားပေးခဲ့သည်။[၃၇]

Thumb
မက်ခရွန်ကို အားပေးသူများ ရွေးကောက်ပွဲအောင်ပြီးနောက် လမ်းပေါ်မှာ ပွဲလမ်းသဘင် ကျင်းပခြင်း

ရွေးကောက်ပွဲ ဒုတိယအပိုင်မှာ လက်ယာယိမ်းလူကြိုက်များသော သမ္မတလောင်း မာရင်း လီ ပန် နှင့် ရင်ဆိုင်ရပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker၊ ဂျာမန်အဓိပတိ အင်ဂျလာ မာကယ် နှင့် အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမား တို့အပါအဝင် ပြည်ပနိုင်ငံရေးသမားများက မက်ခရွန်ကို ထောက်ခံအားပေးခဲ့ကြသည်။[၃၈][၃၉] မက်ခရွန် နှင့် လီ ပန် တို့သည် ၂၀၁၇ ခုနှစ် မေလ ၃ ရက်မှာ စကားစစ်ထိုးရန် စီစဉ်ခဲ့သည်။ ဤစကားစစ်ထိုးပွဲသည် နှစ်နာရီကြာပြီး သဘောထားစစ်တမ်းကောက်ယူမှုများအရ မက်ခရွန် အနိုင်ရသည်ဟု ထင်မြင်ယူဆများခဲ့သည်။[၄၀] ရွေးကောက်ပွဲ မတိုင်မီ နှစ်ရက်အလိုတွင် မက်ခရွန် ၏ မဲဆွယ်စည်းရုံးမှု၏ ထောင်ပေါင်းများစွာသော အတွင်းအီးမေးလ်များ ရုရှားအဖွဲ့ Fancy Bear နှင့် ချိတ်ဆက်ထားသောသူတွေ အွန်လိုင်းပေါ် ပေါက်ကြားတင်ခဲပြီး ဟက်ခ်ျတက်ဂ် #MacronLeaks နာမည် မီဒီယာမုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။[၄၁]

၂၀၁၇ မေလ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ လူဦးရေ ၂၅.၄% လာရောက်မပါဝင်သောလဲ မဲဆန္ဒ ၆၆.၁% အနိုင်ရရှိပြီး သမ္မတဖြစ်လာသည်။[၄၂]

Remove ads

သမ္မတသက်တမ်း

ပထမ သက်တမ်း (၂၀၁၇-၂၀၂၂)

၂၀၁၇ ခုနှစ်မှာ မက်ခရွန်သည် အသက် ၃၇ နှစ်ပြည့်အနေနှင့် ပြင်သစ်နိုင်ငံ၏ အငယ်ဆုံးဖြစ်ခဲ့ဖူးသော သမ္မတဖြစ်လာသည်။[၄၃] မေ လ ၁၄ ရက်နေ့မှာ သမ္မတသက်တမ်းစတင် အပ်ချုပ်ပြီး ပထမနေ့မှာ ဂျာမန်အဓိပတိ အင်ဂျလာ မာကယ် နှင့် နှစ်နိုင်ငံဆက်ဆံမှု ပိုမိုနှီးစေအောင် နှင့် ဥရောပ သမဂ္ဂ အတွက် အတူတူလမ်းကျောဆွဲရန် သွားတွေ့ဆွေးနွေးခဲ့သည်။[၄၄][၄၅] ၂၀၁၇ ပြင်သစ်အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာလဲ မက်ခရွန်ရဲ့ အရှေ့ဆက်ပါတီ နှင့် ပူးပေါင်းညီညွတ်သောပါတီများ အနိုင်ရရိုခဲ့သည်။[၄၆]

ပြင်သစ်နိုင်ငံရေးသမား François Fillon သည် ဆွေမျိုးတွေကို အလုပ်မလုပ်ရသော ရာထူးတွေကို ပေးအပ်ခဲ့သော Fillon affair မကောင်းသတင်းပြဿနာကြောင့် အမျိုးသားလွှတ်တော်သည် ပြင်သစ်နိုင်ငံရေးတွင် အကျင့်ပျက်ခြစားမှုကို ရပ်တန့်ရန် မက်ခရွန် အဆိုပြုထားသည့် ရွေးကောက်ခံကိုယ်စားလှယ်များကို မိသားစုဝင်များကို ငှားရမ်းခြင်း တားမြစ်ခြင်းဥပဒေ တစ်ခုကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှ အတည်ပြုခဲ့သည်။[၄၇] သို့သောလည်း မက်ခရွန်က ဤဥပဒေကို အားပေးပြီးနောက် သူ့ဇနီးကို အစိုးရအရာရှိအဖြစ် ခန့်ရန် လုပ်ကိုင်သောကြောင့် ပြည်သူများ သူ့ကို ဝေဖန်ခဲ့သည်။[၄၈]

မက်ခရွန်သည် ပြင်သစ်၏ ပြိုင်ဘက်သမဂ္ဂစီမံခန့်ခွဲမှုပုံစံကို ဂျာမနီနှင့် စကင်ဒီနေးဗီးယားတို့၏ စနစ်နှင့် ပိုမိုလိုက်လျောညီထွေအောင် အများဆန္ဒဖြင့်ဆုံးဖြတ်သောစနစ်သို့ ပြောင်းလဲအောင် အဆိုပြုမှုများကို လုပ်အားခသက်သာသော အရှေ့ဥရောပနိုင်ငံများမှ "လူမှုရေး အမှိုက်လာပစ်ခြင်း" ကို တိုက်ဖျက်မည်ဟုလဲ ကတိပြုခဲ့သည်။[၄၉][၅၀] သူ၏ အဆိုပြုချက်များသည် သမဂ္ဂများထံမှ ရောထွေးသော တုံ့ပြန်မှုများကို ရင်ဆိုင်ခဲ့ရသည်။ [၄၉] အမျိုးသားလွှတ်တော်မှ ဤအဆိုပြုချက်ကို အတည်ပြုပြီးနောက် မက်ခရွန်သည် အလုပ်သမားဥပဒေများကို ပြုပြင်ပြောင်းလဲရန် အမိန့် ၅ မိန့် ကြေညာခဲ့သည်။[၅၁] ၂၀၁၇ ခုနှစ်မှစ၍ အလုပ်လက်မဲ့နှုန်းသည် ၁.၈% ကျဆင်းခဲ့သည်။[၅၂]

၂၀၁၇ ခုနှစ် ဇူလိုင် ၁၉ ရက်မျာ ပြင်သစ်စစ်တပ်အထွေထွေအပ်ချုပ်ရေးမှူးကြီး Pierre de Villiers သည် မက်ခရွန် စစ်အသုံးစရိတ်လျော့ချပြီးနောက် "ငါ့ကိုယ်ငါ ဒီလို မလိုးမခံဘူး" ပြောပြီး ဤထိပ်တိုက်တွေ့ပြီးနောက် ရာထူးမှဆင်းခဲ့သည်။[၅၃]

ဇူလိုင်လမှာ ပြင်သစ်အထက်လွှတ်တော်က အငြင်းပွားဖွယ်များသော အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေမူကြမ်းကို ပထမဆုံးဖတ်ကြားမှု အတည်ပြုခဲ့သည်။ နောင် အောက်တိုဘာလမှာ ဒုတိယဖတ်ကြားမှု မှာ ဤဥပဒေကို လက်ခံအတည်ပြုခဲ့သည်။[၅၄] ဤဥပေဒေကို လူ့အခွင့်အရေးသမားများက ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ကန့်သတ်မည်ဟု ဝေဖန်ခဲ့ကြသော်လည်း လူထု ၅၇% ထောက်ခံခဲ့သည်။[၅၅]

မက်ခရွန်၏အစိုးရသည် ပထမဆုံးဘတ်ဂျက်ကို စက်တင်ဘာ ၂၇ ရက်တွင်တင်ပြခဲ့ပြီး ဥရောပသမဂ္ဂဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ အခွန်လျှော့ချခဲ့သည်။[၅၆] ဘတ်ဂျက်အထဲမှာလဲ စည်းစိမ်ဥစ္စာအခွန် အစား အိမ်ခြံမြေအခွန်သစ် အကောင်အထည်ဖော်ခဲ့သည်။[၅၇]

ကာလေးမြို့တောတွင်း ခေါ် ဒုက္ခသည်စခန်းတစ်ခုအကြောင်းနှင့် ပတ်သက်၍ မက်ခရွန်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ခိုလှုံခွင့်ဆိုင်ရာ အစိုးရမူဝါဒကို မဖော်ပြမီ ပါရီမြို့တွင် အခြားဒုက္ခသည်စခန်းတစ်ခု ဖွဲ့စည်းခွင့်မပြုကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။[၅၈]

နိုင်ငံခြားရေး

Thumb
မက်ခရွန် နှင့်အတူ ဒေါ်နယ်လ် ထရမ့်အင်ဂျလာ မာကယ်ဂျက်စတင် ထရူးဒိုးရှင်ဇို အာ့ဘဲ့ နှင့်အခြားခေါင်းဆောင်များနှင့်အတူ Charlevoix၊ ကွီဗက်ပြည်နယ် တွင် ၂၀၁၈ G7 ထိပ်သီးညီလာခံတွင်

မက်ခရွန်သည် သမ္မတအနေ ပထမဆုံး မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၂၅ ရက် တက်ရောက်ခဲ့ပြီး ဒေါ်နယ်လ် ထရမ့် နှင့် လက်ဆွဲနှုတ်ဆက်မှုသည် "အာဏာ-ရုန်းကန်မှု" သင်္ကေတဖြစ်လာသော အဖြစ် အာရုံစိုက်ခဲ့သည်။[၅၉]

မေလ ၂၉ ရက်နေ့တွင် ဗလာဒီမီယာ ပူတင်နှင့် တွေ့ဆုံခဲ့ပြီး Russia Today နှင့် Sputnik သတင်းစာများကို ဝါဒဖြန့်ချိရေးဖြစ်ကြောင်း ပြောကြားခဲပြီး နှစ်နိုင်ငံ အိုင်အက်စ် ကိုတိုက်ခိုက်ရန် ပူးပေါင်းဆောင်ရွက်ရန် ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်များအသုံးပြုပါက စစ်ရေးအရ လက်တုံ့ပြန်မည်ဟု သတိပေးခဲ့သည်။[၆၀][၆၁]၂၀၁၇ ခုနှစ် ဩဂုတ်လတွင် အဓိကနိုင်ငံခြားရေးပေါ်လစီမိန့်ခွန်းတွင် မက်ခရွန်က အစ္စလာမ္မစ်အကြမ်းဖက်ဝါဒသည် ပြင်သစ်နိုင်ငံ၏ ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ခဲ့သည်။ အီရန်နျူကလီးယားသဘောတူညီချက်ကို ထောက်ခံပြီး ဗင်နီဇွဲလားအစိုးရကို အာဏာရှင်စနစ်ဟု ပြောကြားခဲ့သည်။[၆၂]၂၀၂၀ မြူးနစ်မြို့လုံခြုံရေးညီလာခံမတိုက်ခင် နေတိုး၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ရုရှားနိုင်ငံနှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးအပါအဝင် ဥရောပအတွက် ၁၀ နှစ်မျှော်မှန်းချက်ကို အဆိုပြုခဲါသည်။[၆၃] ၂၀၁၉ G7 ထိပ်သီးညီလာခံမတိုင်မီ ပူတင်ကို ပြင်သစ်နိုင်ငံသို့ ဖတ်ခေါ်ဆွေးနွေးခဲ့သည်။[၆၄]

၂၀၁၉ ခုနှစ်တွင် မက်ခရွန် နှင့် ရှီကျင့်ဖျင် တို့သည် လေကြောင်း၊ စားနပ်ရိက္ခာတင်ပို့မှု၊ လေအားစွမ်းအင်နှင့် စက်မှုခေတ်မီရေးတို့ အပါဝင် ယူရို ၃၀ ဘီလီယံ တန်ပိုးရို ကုန်သွယ်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။[၆၅] ၂၀၂၀ ခုနှစ်တွင် မက်ခရွန်သည် တူရကီနိုင်ငံကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဝင် နိုင်ငံအနေ အဆင့်အတန်းမြင့်စွာ ထိန်းသိမ်းထားသင့်သည်ဟု အကြောင်းပြပြီး ဂရိ၊ ဆိုက်ပရပ်စ်နှင့် လစ်ဗျားနိုင်ငံများကို ကျူးကျော်အနိုင်ကျင့်ခြင်းကို ရှုတ်ချခဲ့သည်။[၆၆][၆၇]

ထိုနှစ်တွင်ပင် ဩစတြေးလျနှင့် ပြင်သစ်နှင့် ရေငုပ်သင်္ဘောဆိုင်ရာ သဘောတူညီချက် ဖျက်သိမ်းပြီးနောက် ပြင်သစ်သံတမန်များကို ပြန်လည်ခေါ်ယူခဲ့သောကြောင့် အမေရိကန်-ပြင်သစ် ဆက်ဆံရေးသည် AUKUS နှင့် ပတ်သက်၍ ယိုယွင်းလာခဲ့သည်။[၆၈] မက်ခရွန် နှင့် ဂျိုး ဘိုင်ဒင် တို့သည် တင်းမာမှုတွေကို လျှော့ချသဘောတူညီ နိုင်ခဲ့ကြသည်။[၆၉]

၂၀၂၂ သမ္မတရွေးကောက်ပွဲ

၂၀၂၂ ပြင်သစ်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် မက်ခရွန်သည် ၂၀၀၂ ကတည်းက ပထမ ပြန်လည်အရွေးခံရသောသမ္မတ ဖြစ်လာခဲ့သည်။[၇၀] မာရင်း လီ ပန် နှင့် ပြန်လည် ရင်ဆိုင်ပြီး မဲဆန္ဒ ၅၈.၅၅% သာ ရရှိပြီး ပိုမိုအနီးကပ်ပြီး အနိုင်ယူခဲ့သည်။[၇၁] စက်တင်ဘာလတွင် မက်ခရွန်သည် သူ့ အရှေ့ဆက်ပါတီကို ခေတ်ဆန်းပါတီ (ပြင်သစ်: Renaissance) ဟု နာမည်ပြောင်းခဲ့သည်။[၇၂]

ရွေးကောက်ပွဲ မဲဆွယ်ကာလအချိန်၂၀၂၂ ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအား ကျူးကျော်ခြင်းစပြီးကာစ မက်ခရွန်က ဥရောပနိုင်ငံခေါင်းဆောင်တွေကို ရုရှားသမ္မတ ပူတင်နှင့် ဆက်လက်စကားပြောရန် ခေါ်ဆိုခဲ့သည်။[၇၃]

ဒုတိယ သက်တမ်း (၂၀၂၂ - ယခု)

Thumb
၂၀၂၂ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရ ပြင်သစ်နိုင်ငံ ၁၆ ကြိမ်မြောက် အမျိုးသားလွှတ်တော်

၂၀၂၂ ခုနှစ် မေ လ ၁၄ ရက်နေ့မှာ မက်ခရွန်အစိုးရ ဒုတိယ သက်တမ်းစတင်ခဲ့သည်။ ဇွန်လ ၂၀၂၂ ပြင်သစ်အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ သူ့ပါတီ ပါလီမန်အမတ်အများစု ဆုံးရှုံးပြီး ချိတ်ဆွဲထားသောလွှတ်တော် ရလဒ်ပြန်လည်ရရှိခဲ့သည်။[၇၄] မက်ခရွန်အစိုးရ၏ ဝန်းကြီး ၃ ဦး ရွေးကောက်ပွဲအနိုင်မရသောကြောင့် ရာတူးဆင်ခံရသည်။[၇၅] ထို့ကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် သူ့အစိုရ အရှရှိတွေ ရွေပြောင်းပြီး အနည်းစုအစိုးရ တည်ထောင်ခဲ့ရသည်။[၇၆]

ဤရလဒ်မကောင်းသောလည်း မက်ခရွန်အစိုးရသည် လူနေမှုကုန်ကျစရိတ်အကျပ်အတည်းကို ဖြေလျှော့ရန်ဥပဒေ ကိုအတည်ပြုနိုင်ခဲ့သည်။[၇၇]

၂၀၂၃ မတ်လမှာ အငြိမ်းစားယူသည့်အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်အထိ တိုးမြှင့်ပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော်ကို ကျော်လွန်၍ တစ်စိတ်တစ်ပိုင်း အတည်ပြုခဲ့သည်။ ပြုပြင်ပြောင်းလဲမှု အောင်မြင်ပြီးနောက် နိုင်ငံတဝှမ်း ဆန္ဒပြမှုများ ပြင်းထန်လာသည်။[၇၈] ဇွန် ၂၀၂၃ မှာ ၂၀၂၂ စတည်ထောင်ခဲ့သည့်အချိန်မှ ၁၇ မြောက် အယုံအကြည်မရှိမဲခေါ်ဆိုရေးကို ဆန့်ကျင်အောင်မြင်ခဲ့သည်။[၇၉]၂၀၂၃ နွေရာသီမှာ ၁၇ နှစ် အသက်ပြည့်သား Nahel M. ကို ရဲတစ်ယောက်သတ်မိခြင်းကို ဝေဖန်ရန် အဓိကရုဏ်းများနှင့် ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားခဲ့သည်။[၈၀] မက်ခရွန်သည် အဓိကရုဏ်းများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့များ တပ်ဖြန့်ခဲ့သည်။[၈၁] ၂၀၂၃ ဇူလိုင် ၂၀ မှာ "ရက်တစ်ရာ ကျေနပ်မှုလုပ်ဆောင်ချက်" ခေါ်ပြုပြင်ပြောင်းလဲမှုအဆုံးအတွက် မက်ခရွန်သည် အစိုးရဝန်ကြီးများကို ပြန်လည်ပြောင်းလဲခဲ့သည်။[၈၂]

၂၀၂၃ ဩဂုတ်လ မှာ စစ်အသုံးစရိတ်ကို ယူရို ၄၁၃ ဘီလီယံ ပြန်တိုးခဲ့သည်။[၈၃] ဖေဖော်ဝါရီလမှစပြီး ဆွေးနွေးကြေညားထားသာ ခိုလှုံခွင့်လူဝင်မှုပြောင်းလဲပြုပြင်ရန်ဥပဒေ သည် ဒီဇင်ဘာလ မှာ နောက်ဆုံးအရှုံးခံရသည်။.[၈၄] သို့သော်လဲ မက်ခရွန်သည် ကွန်ဆာဗေးတစ်များ၏ အကူအညီဖြင့် ဒီဇင်ဘာ ၁၉ တွင် ၎င်းမူကြမ်း၏ အစိတ်အပိုင်းကို အတည်ပြုနိုင်ခဲ့သည်။[၈၅]

ဤလူဝင်မှုဥပဒေက အငြင်းပွားဖွယ်များလာပြီး မက်ခရွန်သည် သူ့အစိုးရဝန်ကြီးချုပ် Élisabeth Borne ကို ရာထူးပြုတ်ပြီး Gabriel Attal ကို ဝန်ကြီးချုပ်အသစ်အနေ ရာထူးပေးအပ်ခဲ့သည်။[၈၆] ဤအစိုးရက မက်ခရွန်းသမ္မတလက်ထက်၏ လက်ယာအရှိဆုံးအစိုးရဖြစ်လာသည်။[၈၇] မတ်လတွင် မက်ခရွန်သည် ပြင်သစ်အစိုးရသည် ၂၀၂၃ မှာ သက်မှတ်ထားသော ဘဏ္ဍာရေးရည်မှန်းချက်များကို လွန်စွာလွဲချော်သွားကြောင်း အစီရင်ခံစာများ ပြသသောကြောင့် ပြင်သစ်နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးရန် မတ်လတွင် အကျပ်အတည်းအစည်းအဝေး ကြင်းပခဲ့သည်။[၈၈]

မက်ခရွန်သည် ပြင်သစ်နိုင်ငံအခြေခံဖွဲ့စည်းပုံဥပဒေကို ၂၀၂၃ အောက်တိုဘာလမှာ ပြောင်းလဲရန် အားပေးပြောကြားထားသော ပြောင်းလဲမှု ၃ ချက်ထဲက ၁ ချက်ဖြစ်သော ကိုယ်ဝန်ဖျက်ချခြင်းသည် အာမခံထားသည့် လွတ်လပ်မှုဖြစ်ကြောင်း အခြေခံဖွဲ့စည်းပုံဥပဒေကို ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်မှာ ပြင်သစ်းပါလီမန်ပူးတွဲအစည်းအဝေး အတည်ပြု ပြောင်းလဲခဲ့သည်။[၈၉]

Thumb
၂၀၂၄ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရ ပြင်သစ်နိုင်ငံ ၁၇ ကြိမ်မြောက် အမျိုးသားလွှတ်တော်

၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မက်ခရွန်၏ပါတီသည် ဥရောပပါလီမန်ရွေးကောက်ပွဲမှာ မဲဆန္ဒ ၁၄.၆% သာရရှိခဲ့ပြီးနောက် မက်ခရွန်သည် နိုင်ငံတော်လွှတ်တော်ရွေးကောက်ပွဲ ကို စောပြီးကျင်းပရန် အများမမျှော်လင့်ဘဲ အမိန့်ကြေညာခဲ့သည်။[၉၀]ရွေးကောက်ပွဲ ပထမအပိုင်မှာ ခေတ်ဆန်းပါတီနှင့် မဟာမိတ်များက မဲဆန္ဒ ၂၀.၀၄% ဖြင့် တတိယနေရာရလဒ် ရရှိခဲ့သည်။[၉၁] ရွေးကောက်ပွဲ ဒုတိယအပိုင်မှာ ဘယ်ညာ နှစ်ဘက်ပါတီတွေ အမတ်စုအများစုအနိုင်မရရိုပြီး မက်ခရွန်အတွက် ရလဒ်ပြန်လည်သက်သာလာခဲ့ပေမယ့် ခေတ်ဆန်းပါတီလဲ စုစုပေါင်းအနိုင်ရသော အမတ်အရည်ထွက် နည်းသွားသည်။[၉၂] ဆွေးနွေးပြီးနောက် သူသည် လီ ပန် အစား ရှေးရိုးဆန်သော François Bayrou နှင့် ပူပေါင်းပြီး စည်းလုံးညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့သည်။[၉၃] သို့သော်လည်း ဒီဇင်ဘာလမှာ Bayrou သည် ပါလီမန်ခွင့်ပြုချက်မရှိဘဲ ၂၀၂၅ လူမှုဖူလုံရေးဘတ်ဂျက်ကို အတည်ပြုခဲ့ပြီးနောက် ၎င်းအား အယုံအကြည်မရှိမဲခေါ်ဆိုရေးကို ဆုံးရှုံးခဲ့သည်။[၉၄] မက်ခရွန်သည် Bayrou ၏နုတ်ထွက်စာကို လက်ခံခဲ့သော်လည်း အစိုးရပြိုကွဲမှုအတွက် လက်ဝဲစွန်းနှင့် လက်ယာစွန်းများကို အပြစ်တင်ပြီး သူ့ကိုယ်သူ သမ္မတသက်တမ်းကုန်ဆုံးသည်အထိ ဆက်ရှိနေမည်ဟု ကတိပြုခဲ့သည်။[၉၅]

နိုင်ငံခြားရေး

Thumb
၂၀၂၃ ခုနှစ် ဇူလိုင်လ 12 ရက်နေ့ ဗီလနီးယပ်မြို့ နေတိုး ထိပ်သီးအစည်းအဝေး ကျင်းပစဉ်

၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် မက်ခရွန်သည် ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ် နှင့် အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီ တို့နှင့်အတူ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနှင့် တွေ့ရှိဆွေးနွေးပြီး ယူကရိန်းအတွက် "ဥရောပစည်းလုံးညီညွတ်မှု" လိုအပ်ကြောင်း ပြောကြားခဲ့သည်။[၉၆] မက်ခရွန်သည် ရုရှား-ယူကရိန်းစစ်ပွဲတွင် ဘက်မလိုက်သောနိုင်ငံများသည် သမိုင်းဝင်အမှားတစ်ခုပြုလုပ်ခဲ့နေပြီး နယ်ချဲ့စနစ်သစ်တွင် ရှုပ်ထွေးနေသည်ဟု ပြောဆိုခဲ့သည်။[၉၇] ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် မက်ခရွန်သည် ယူကရိန်း၏ တန်ပြန်ထိုးစစ်အတွက် လက်နက်နှင့် အထောက်အပံ့များ ပိုမိုရရှိမည်ဟု ကတိပြုခဲ့သည်။[၉၈]

၂၀၂၃ ခုနှစ်မျာ တရုတ်နိုင်ငံတွင် ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ပြီး မက်ခရွန် သည် ဥရောပအား အမေရိကန်အပေါ် မှီခိုအားထားမှုကို လျှော့ချရန်၊ အလားအလာရှိသော ထိုင်ဝမ်ဆိုင်ရာပဋိပက္ခနှင့် ပါဝင်ရခြင်းကိုရှောင်သင့်ကြောင်၊ ဥရောပက "တတိယစူပါပါဝါ" အဖြစ် "မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်" ကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။.[၉၉] ဥရောပနိုင်ငံခြားဆက်ဆံရေးကောင်စီ၏ ဇွန်လ ၂၀၂၃ ခုနှစ်အစီရင်ခံစာတွင် ဥရောပသားအများစုသည် တရုတ်နှင့်အမေရိကန်အပေါ် မက်ခရွန်၏အမြင်များကို သဘောတူကြောင်း တွေ့ရှိခဲ့သည်။[၁၀၀]

အောက်တိုဘာ ၂၀၂၃ တွင် ဟာမတ်စ် နှင့် အစ္စရေးနိုင်ငံ စစ်ပြစ်ပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုပြီး ဂါဇာကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အရပ်သားများကို သတ်ဖြတ်ခြင်းများကို ရပ်တန့်ရန် အစ္စရေးကို တိုက်တွန်းခဲ့သည်။[၁၀၁]

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် မက်ခရွန်သည် ယူကရိန်းသို့ မြေပြင်တပ်များ စေလွှတ်နိုင်ခြေကို အကြံပြုခြင်းကြောင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ [၁၀၂] ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် မက်ခရွန်သည် ရုရှားအား ဥရောပ၏ “တည်ရှိနိုင်ရေးကို ခြိမ်းခြောက်နေသည်” ဟုပြောဆိုပြီး ဥရောပတုံ့ပြန်မှုကို ညှိနှိုင်းဆောင်ရွက်ရန် အထူး Weimar+ အစည်းအဝေးကို သဘောတူခဲ့သည်။[၁၀၃]

Remove ads

အင်ဒီုရာနိုင်ငံ ပူတွဲမင်းသား

ပြင်သစ်နိုင်ငံ သမ္မတ ရာထူးအလျောက်တာဝန်ယူရသော အင်ဒိုရာနိုင်ငံပူတွဲမင်းသား ဖြစ်သည်။ ၂၀၁၇ ခုနှစ် သမ္မတရုံးတက်ပြီးနောက် ဇွန်လ ၁၅ ရက်နေ့မှာ အင်တိုရာလာဗီလာမြို့ ဗောရဲတိုက်မှာ သူ့ကိုယ်စာလှယ်ခန့်ထားသော Patrick Strzoda က အင်ဒီုရာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ကတိသစ္စာပြုခဲ့သည်။[၁၀၄]

၂၀၂၀ ခုနှစ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသောအချိန်မှာ အင်ဒိုရာနိုင်ငံအစိုးရက ပြင်သစ်နိုင်ငံကို စီးပွားရေးအကူအညီ တောင်းဆိုပေမဲ့ မက်ခရွန် လက်မခံခဲပါ။ ပြင်သစ်နိုင်ငံဗဟိုဘာဏ်သည် တခြားနိုင်ငံကို ဥရောပဗဟိုဘာဏ်အတည်မပြုခင် ချီးငွေပေးခွင့်မရှိကြောင်း မက်ခရွန် ဖော်ပြခဲသည်။[၁၀၅]

၂၀၂၄ နိုဝင်ဘာမှာ မက်ခရွန်က သူ၏ အကြီးအကဲအသစ် Patrice Faure ကို ပြင်သစ်ပူတွဲမင်း၏ အင်ဒိုရာနိုင်ငံကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။[၁၀၆]

Remove ads

ကိုယ်ရေးဘဝ

Thumb
၂၀၁၇ ခုနှစ်တွင် အီမန်နျူရယ် မက်ခရွန် နှင့် ဇနီး ဘရစ်ဂျက်

မက်ခရွန် သည် အယင်အထက်တန်းကျောင်း ၃၉နှစ်ပြည့် ပြဇာတ်သင်တန်းဆရာမ ဘရစ်ဂျက် တရိုနိုး (Brigetter Trogneux) နှင့် မက်ခရွန် ၁၅ နှစ်အရွယ်မှ စတွေ့ခဲ့သည်။[၁၀၇][၁၀၈] သူ့မိဘတွေက အသက်ကွားသောကျောင်းဆရာမနှင့် အလွန်ရင်းနှီးမှု ဖြစ်ပေါ်လာခြင်းကို စိုးရိမ်၍ သူ့ကို ပါရီမြို့သို့ ကျောင်းအသစ်သို့ ပို့ခဲ့သည်။[] မက်ခရွန် တက္ကသိုလ်ပြီးနောက် ၂၀၀၇မျာ နှစ်ဦးတွဲထပ်မံဆုံတွေပြီး ၂၀၀၇ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့သည်။ ဘရစ်ဂျက်သည် အရင်ယောက်ျားနှင့် ကလေး ၃ ယောက်ရှိပြီး မက်ခရွန်က ကလေးမရှိ။[၁၀၉][၁၁၀] ၂၀၁၇ သမ္မတရွေးကောက်ပွဲအတွက် ဘရစ်ဂျက်က လူများရှေ့စကားပြောနည်းသင်ပြရာ အထောက်ကူအလွန်အရေးကြီးခဲ့သည်ဟု မက်ခရွန်၏ အနည်းဆက်မဟာမိတ်တွေပြောဆိုကြသည်။[၁၁၁]

မက်ခရွန်က စန္ဒယားတီးပြီး ဆယ်နှစ်လောက် လေ့လာခဲ့တယ်။[]

ဘောလုံးဝါသနာပါ၍ ပြင်သစ်ကလပ် Olympique de Marseilleကို ထောက်ခံအားပေးသည်။[၁၁၂] ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘယ်လ်ဂျီယံဘုရင် ဖီးလစ် နှင့်အတူ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့၏ ဆီမီးဖိုင်နယ်မှာ အားပေးကြည့်ရှု တက်ရောက်ခဲ့ပြီး ခရိုအေးရှားနှင့် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲတွင် ခရိုအေးရှားသမ္မတ Kolinda Grabar-Kitarović နှင့်အတူ ထိုင်ဂုဏ်ပြုခဲ့သည်။[၁၁၃][၁၁၄]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads