ဂျော့ ဆိုင်မွန် အုမ်း

ဂျာမန် ရူပဗေဒပညာရှင်နှင့် သင်္ချာပညာရှင် From Wikipedia, the free encyclopedia

ဂျော့ ဆိုင်မွန် အုမ်း
Remove ads

ဂျော့ဆိုင်မွန်အုမ်း (၁၇၈၉-၁၈၅၄) သည် ဂျာမန်ရူပဗေဒပညာရှင်တစ်ဦးဖြစ်သည်။ အထက်တန်းကျောင်းဆရာတစ်ဦးဖြစ်သူ အုမ်းသည် အီတလီလူမျိုးပညာရှင် အလက်ဇန်ဒရိုဗိုလတာ မှ ခရစ်နှစ် ၁၈၀၀ ဝန်းကျင်လောက်တွင် တီထွင်ခဲ့သော လျှပ်စစ်ဓာတ်အိုး (ဘက်ထရီ) ကိုသုသေသနပြုခဲ့သည်။ အုမ်းသည် လျှပ်ကူးပစ္စည်း၏အစွန်း နှစ်ဘက်တွင် ပေးထားသော ပိုတင်ရှယ်ခြားနားခြင်း နှင့် စီးဆင်းသွားသော လျှပ်စီးကြောင်း တို့သည် တိုက်ရိုက်အချိုးကျကြောင်းတွေ့ရှိခဲ့သည်။ ယင်းကို အုမ်း ၏ နိယာမ ဟုခေါ်သည်။

အချက်တိုများ ဂျော့ဆိုင်မွန်အုမ်း, မွေးဖွား ...
Remove ads

ငယ်ဘ၀

အုမ်းကို ဂျာမနီနိုင်ငံ၊ အာလန်ဂျန်မြို့ တွင် သော့ပြင်ဆရာ ဂျိုဟန်းဝု(ဖ်)ဂန်းအုမ်း နှင့် မာရီယာအဲလီစဘတ် ဘက်(ခ်) တို့မှ ၁၆ မတ် ၁၇၈၉ တွင်မွေးဖွားခဲ့သည်။ သူတို့သည် ခရစ်ယာန်ဘာသာဝင်၊ ပရိုတက်စတင့် ဂိုဏ်းသားများဖြစ်ကြသည်။ အုမ်း၏ မိဘများသည် အတန်းပညာကို များစွာသင်ယူခဲ့ခြင်းမရှိသော်လည်း၊ အုမ်း၏ ဖခင်မှာ ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင်ပညာသင်ခြင်းဖြင့် အဆင့်မြင့် ပညာရပ်များကို ဆည်းပူးခဲ့ရာ မိမိ၏ သားသမီးများကိုလည်း၊ ဖခင် ကိုယ်တိုင်ပိုင် စာပေးသင်ကြား၍၊ လူတစ်လုံး သူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သည်။ အုမ်း၏ တချို့ညီများနှင့်ညီမများသည် ကလေးဘဝတွင်ပင် ကွယ်လွန်ခဲ့ကြရာ အုမ်းတွင် ညီတစ်ယောက်နှင့်ညီမတစ်ယောက်သာရှိသည်။ ထို့ကြောင့် အုမ်း အပါအဝင် ၃ဦးသာ သက်ရှင်ကျန်ရစ်ခဲ့သည်။ ဂျော့အုမ်း ၏ ညီဖြစ်သူ မာတင်အုမ်းသည် သင်္ချာပါရဂူတစ်ဦးဖြစ်သည်။ ညီမအမည်သည် အဲလိစဘတ် ဘာဘရာဖြစ်သည်။ အုမ်း၏ မိခင်မှာ အုမ်း ၁၀နှစ်သားလောက်တွင်ပင် ကွယ်လွန်ခဲ့လေသည်။ ဂျော့အုမ်းနှင့် မာတင်အုမ်း ညီအကိုနှစ်ယောက်လုံးကိုပင် ၎င်းတို့၏ ဖခင်သည် သင်္ချာရူပဗေဒဓာတုဗေဒ အစရှိသည့် ဘာသာရပ်များကို ကိုယ်တိုင်သင်ကြားခဲ့သည်။ Erlangen Gymnasium တွင် အသက် ၁၁နှစ်မှ၁၅နှစ် အထိပညာသင်ယူခဲ့ဘူးသူ အုမ်းသည် သိပ္ပံပညာရပ်များကို နည်းစနစ် မှန်ကန်စွာဖြင့် လေ့လာခဲ့ဘူးပါသည်။

Remove ads

အုမ်း၏ ဘဝတက္ကသိုလ်

၁၈၀၆ခုနှစ်တွင် အုမ်း၏ဖခင်သည် အုမ်းအား ဆွစ်စလန် နိုင်ငံသို့ စေလွှတ်ခဲ့သည်။ အုမ်းသည် Gottstadt bei Nydau ရှိကျောင်းတစ်ကျောင်းတွင် သင်္ချာဆရာ အဖြစ်အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၈၀၉ အစောပိုင်းတွင် အုမ်း၏ဆရာတစ်ဦးဖြစ်သူ ကားလ်ခရစ်ယန်ဗွန်လန်းဒေါ့(ဖ်) သည် အာလန်ဂျန်တက္ကသိုလ်မှအလုပ်ထွက်၍ ဟိုင်ဒဲလ်ဘတ်(ဂ်)တက္ကသိုလ် သို့သွားရောက်အမှုထမ်းမည် ဖြစ်ရာ အုမ်းသည် ဟိုင်ဒဲလ်ဘတ်(ဂ်) သို့လိုက်ကာ သင်္ချာပညာရပ် ကို ထပ်မံဆည်းပူးလိုကြောင်းကို ဆရာဖြစ်သူအား အကူအညီတောင်းခဲ့သည်။ သို့သော် လန်းဒေါ့(ဖ်) သည် ထိုအစီအစဉ်ကို ငြင်းဆန်ကာ သင်္ချာပညာရပ်များကို အုမ်း ကိုယ်တိုင် ဆက်လက်လေ့လာရန် အကြံပေး၍ Euler, Laplace နှင့် Lacroix စသည်တို့ကိုလည်း လေ့လာရန် အကြံပေးခဲ့သည်။ ခေါင်းမာ၍ထင်ရာစိုင်းတတ်သော အုမ်းသည် ၁၈၀၉ခုနှစ် မတ်လတွင် ကျောင်းဆရာအလုပ်မှထွက်ကာ ဆွစ်စလန်နိုင်ငံ နူချာတယ်(လ်) တွင် ကျူရှင်ဆရာ အဖြစ်လုပ်ကိုင်ပြန်သည်။ နှစ်နှစ် ကျူရှင်ဆရာအဖြစ်လုပ်ကိုင်သည့် အတောအတွင်း ဆရာ၏ အကြံပေးချက်များကိုလည်း လိုက်နာကာ အဆင့်မြင့်သင်္ချာပညာရပ်များကိုလည်းဆည်းပူးခဲ့သည်။ ၁၈၁၁ ဧပြီလတွင် အာလန်ဂျန်တက္ကသိုလ် သို့ပြန်လာခဲ့သည်။

Remove ads

ကျောင်းဆရာအလုပ်

သင်္ချာပညာကို တကယ်ပင်လိုက်စားခဲ့သော အုမ်းသည် ၂၅ အောက်တိုဘာ ၁၈၁၁ခုနှစ်တွင် အာလန်ဂျန်တက္ကသိုလ် မှ ပါရဂူဘွဲ့ရရှိခဲ့သည်။ ထို့နောက် ယင်းတက္ကသိုလ်တွင် သင်္ချာ ကထိက ဖြစ်လာခဲ့သည်။ သုံးစန်မစ်စတာခန့်မျှ စာသင်ပြီးနောက် ကထိကအလုပ်တွင်မစွမ်းဆောင်နိုင်ဟု သက်ဆိုင်ရာမှ ယူဆကာ ဘန်းဘတ်(ဂ်) မှ ဆင်းရဲချို့တဲ့သော စာသင်ကျောင်း တစ်ကျောင်းသို့ သင်္ချာ နှင့်ရူပဗေဒကျောင်းဆရာအဖြစ် ၁၈၁၃ ဇန်နဝါရီလတွင် ပြောင်းလဲအမှု ထမ်းစေခဲ့သည်။ သို့သော် အုမ်းသည်ထိုအလုပ်တွင်မပျော်ပိုက်သည့်အပြင် မိမိစွမ်းရည်ကိုပြသရန်အတွက် ဂျီဩမေတြီ နှင့် သက်ဆိုင်သော စာအုပ်တစ်အုပ်ရေးရန် ဆုံးဖြတ်ပြီး စတင်ရေးသားပါလေတော့သည်။ ထိုကျောင်းသည် ၁၈၁၆ ဖေဖော်ဝါရီတွင်ပိတ်သိမ်းလိုက်သဖြင့် သက်ဆိုင်ရာမှ အုမ်းအား နောက်ထပ် ဘန်းဘတ်(ဂ်) မှကျောင်းတစ်ကျောင်းတွင် သင်္ချာအကူဆရာအဖြစ် စေလွှတ်ခဲ့သည်။

ထို့နောက် သူရေးခဲ့သော ဂျီဩမေတြီစာတမ်းမူကြမ်း ကို ဘုရင် ဖရက်ဒရစ် ဝီလီယမ် ၃ ထံသို့ပေးပို့ခဲ့ရာ ဘုရင်မှလွန်စွာကျေနပ်သောကြောင့် Dreikönigsgymnasium တွင် ရူပဗေဒနှင့်သင်္ချာ ပညာရပ်များကို သင်ကြားပြသရန်အတွက် ၁၁ စက်တင်ဘာ ၁၈၁၇ တာဝန်ပေးအပ်ခဲ့သည်။ ထိုကျောင်းမှ ရူပဗေဒစမ်းသပ်ခန်းတွင် ကိရိယာတန်ဆာပလာ အပြည့်အစုံတပ်ဆင်ထားသည့်အတွက် အုမ်းမှ ရူပဗေဒစမ်းသပ်မှု များလုပ်ရန် စိတ်ဓာတ်ပြင်းပြခဲ့သည်။ သော့ပြင်ဆရာတစ်ဦး၏ သားဖြစ်ခဲ့သောကြောင့် အုမ်းသည် စက်မှုလက်မှုသုံး ကိရိယာများဖြင့်ကျွမ်းဝင်ခဲ့သည်။ ၁၈၂၇တွင် Die galvanishe Kette, mathematisch bearbeitet (ဂါဗနစ်ပတ်လမ်းများကို သင်္ချာနည်းဖြင့်လေ့လာခြင်း) ကိုရေးသားထုတ်ဝေခဲ့သည်။ သို့သော် ကျောင်းမှလက်မခံဘဲ ပယ်ချခဲ့သည့်အတွက် ထိုကျောင်းမှ အလုပ်ထွက်ကာ နူရမ်းဘတ် ပေါ်လီတက်ကနစ်သို့ ပြောင်းလဲကာ အမှုထမ်းခဲ့သည်။

၁၈၅၂တွင် မြူးနစ် တက္ကသိုလ် လက်တွေ့အသုံးချရူပဗေဒဌာနတွင် ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၈၅၄ ဇူလိုင်လ ၆ ရက် နေ့တွင်ကွယ်လွန်ခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads