ငလျင် ပြင်းအား စကေးများ

From Wikipedia, the free encyclopedia

ငလျင် ပြင်းအား စကေးများ
Remove ads

ငလျင် ပြင်းအား စကေးများ (seismic intensity scales)ဆိုသည်မှာ သတ်မှတ်နေရာတစ်ခုတွင် ငလျင်ကြောင့် ဖြစ်ပေါ်လာသော မြေကြီးတုန်လှုပ်ခြင်း၏ ပြင်းထန်မှုကို အမျိုးအစားခွဲသည့် စကေးများကို ဆိုလိုသည်။ ၎င်းစကေးများသည် ငလျင် ပမာဏ စကေးများ(seismic magnitude scales)ဟုခေါ်သည့် ငလျင်တစ်ခု၏ အင်အားစုစုပေါင်း သို့မဟုတ် အရွယ်အစား ပမာဏ ကို ဖော်ပြရန်အတွက် အသုံးပြုကြသော စကေးများနှင့် မတူပါ။ (ဥပမာအားဖြင့်၊ ငလျင် ပမာဏ စကေးတစ်ခုတွင် ၃.၀ ဟု ဖေါ်ပြသော ငလျင်တစ်ခုမှ သတ်မှတ်နေရာတစ်ခုတွင် သိသာထင်ရှားသော သတိထားမိနိုင်သည့် မြေပြင်လှုပ်ရှားမှု မဖြစ်စေခဲ့လျှင် ၎င်းနေရာ၏ ငလျင်ပြင်းအားစကေးတွင် ၁.၀ ဟုသာ ဖေါ်ပြပေလိမ့်မည်။) ထိုကြောင့်လည်း ငလျင်တစ်ခုတည်း၌ပင် ပြင်းအား စကေးသည် နေရာကိုလိုက်၍ မတူညီခြင်း ဖြစ်နိုင်သည်။

Thumb
၁၉၆၈ အီလီနွိုင်း ငလျင် တွင် တွေ့ရသည့် ငလျင်ပြင်းအားညီမြေပုံ (Isoseismal map)။ မြေထုအမျိုးအစားနှင့် မြေပြင်အခြေအနေ ကွဲပြားခြားနားမှုများကြောင့် မညီမညာ ပုံမှန်မဟုတ်သော မြေပြင်တုန်ခါခြင်း ပျံ့နှံ့မှုပုံစံကို ဖြစ်ပေါ်လာစေသည်။ ငလျင်ပြင်းအားညီမျဉ်းတစ်ခုစီသည် မာကယ်လီ စကေးအသစ်အရ တန်ဖိုးတစ်ခုစီ ရှိကြသည်။ သို့သော် ငလျင်ပမာဏစကေးတစ်ခုဖြစ်သော ရစ်ခ်တာစကေးအရမူ ၅.၃ ဟု တန်ဖိုးတစ်ခုသာ သတ်မှတ်ထားသည်။

ငလျင် ပြင်းအား စကေးများသည် သတိပြုမိသော တုန်ခါမှု၏ သက်ရောက်မှုများအပေါ် အခြေခံထားသည်။ ၎င်းသက်ရောက်မှုဆိုသည်မှာ လူ သို့မဟုတ် တိရစ္ဆာန်များ အထိတ်တလန့်ဖြစ်ရသည့် အတိုင်းအတာတို့အားလည်းကောင်း၊ ကွဲပြားခြားနားသော အဆောက်အအုံ အမျိုးမျိုး သို့မဟုတ် သဘာဝအသွင်အပြင်အမျိုးမျိုးတို့ ပျက်စီးဆုံးရှုံးမှု၏ အတိုင်းအတာနှင့် ပြင်းထန်မှုတို့အားလည်းကောင်း ဆိုလိုခြင်း ဖြစ်သည်။

Remove ads

ဒေသအလိုက် အသုံးပြုသော စကေးများ

နောက်ထပ် အချက်အလက်များ နိုင်ငံ/ဒေသ, အသုံးပြုသော ငလျင် ပြင်းအား စကေး ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads