ငါးလိပ်ကျောက်

From Wikipedia, the free encyclopedia

ငါးလိပ်ကျောက်
Remove ads

ငါးလိပ်ကျောက်သည် ငါးမန်းနှင့်အတူ မျိုးစဉ်တစ်ခုတည်းဝင်ပင် ဖြစ်သော်လည်း ငါးမန်းနှင့်အသွင်ကွဲ၏။ ကိုယ်ရော ခေါင်းပါ ပြားရုံမက ရင်ဆူးတောင်များသည်လည်း ပြားပြီး ဘေးတဖက်တချက်သို့ ကားထွက်နေသည်။ ပုံသဏ္ဌာန်အားဖြင့် ငါးလိပ်ကျောက်သည် ကစားစရာ စွန် နှင့်သော်လည်းကောင်း၊ ယပ်တောင်နှင့် သော်လည်းကောင်း တူ၏။ အခြားငမန်းများနှင့် မတူသော ထူးခြားချက် မှာ ယင်း၌ ကျာပွတ်နှင့် တူသည့်အမြီးပါရှိခြင်း ဖြစ်သည်။ ယင်းကို လိပ်ကျောက်မြီးဟု ခေါ်သည်။ ကျောဆူးတောင်သည် အမြီးရင်းနား တွင်ရှိ၍ စအိုဆူးတောင် အလျှင်းမရှိချေ။ လိပ်ကျောက်မျိုးဝင် ဖြစ်သော လိပ်ကျောက်တံခွန်၏ အမြီး၌ ရန်သူပြင်းထန်စွာ အဆိပ်တက်အောင်ထိုးနိုင်သော လိပ်ကျောက်ဆူးရိုး တစ်ချောင်း ဖြစ်စေ၊ နှစ်ချောင်းဖြစ်စေ ပါရှိသည်။ ဆူးတချောင်းသာ ပါရှိလျှင်၊ တပင်တိုင်ဟု ခေါ်ပြီး၊ နှစ်ချောင်းပါလျှင် နှစ်ပင်တိုင်၊ သုံးချောင်းပါလျှင် သုံးပင်တိုင်ဟု ခေါ်သည်။ သုံးပင်တိုင်ပါသော ငါးလိပ်ကျောက်များသည် အဆိပ်အပြင်းထန်ဆုံး ဖြစ်သည်။ သုံးပင်တိုင်ဆူး စူးမိလျှင် အကြောများ သေသွားသည်အထိ ခံစားရတတ်သည်။[] လိပ်ကျောက်ဆူးကို မြန်မာတို့ ဆေးဖော်ရန် အသုံးပြုကြ၏။

အချက်တိုများ မျိုးရိုးခွဲခြားခြင်း, မျိုးစဉ်များ ...

လိပ်ကျောက်မျိုးတွင် လိပ်ကျောက်တံခွန်၊ လိပ်ကျောက်တင်မဲ၊ လိပ်ကျောက်နှာမောင်းတို၊ လိပ်ကျောက်ထမနဲလိပ်ကျောက်စွန်လိပ်ကျောက်စွန်မောင်ရှင်လိပ်ကျောက်စွန်မီးသောက်တို့ ပါဝင်ကြသည်။

ငါးလိပ်ကျောက်များသည် အသက်ပြင်းလှသောကြောင့်၊ စက်လှေပေါ် ရောက်သည့်တိုင် ချက်ချင်း သေဆုံးတတ်လေ့ မရှိဘဲ ကော့လန်၍ ရေလုပ်သားများကို ဆူးဖြင့် လိုက်လံ ထိုးနှက်တတ်သည်။[]

လျှပ်စစ်လိပ်ကျောက်ဟူသော လိပ်ကျောက်မျိုး၏ ထူးခြားချက်မှာ ရန်သူကိုသော်လည်းကောင်း၊ စားမည့် သားကောင်ကိုသော်လည်းကောင်း လျှပ်စစ်ဓာတ်လိုက်သွားအောင် ပြုနိုင်ခြင်းဖြစ်သည်။ လျှပ်စစ်လိပ်ကျောက်မှ လွှတ်သော လျှပ်စစ်ဓာတ်အားသည် လူတစ်ယောက်ကိုပင် သေစေနိုင်လောက်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads