စီတက်ဆီယာ
ရေနေနို့တိုက်သတ္တဝါမျိုးတူအုပ်စု From Wikipedia, the free encyclopedia
Remove ads
စီတက်ဆီယာ (Cetacea) (/sɪˈteɪʃə/) သည် လက်တင်ဘာသာစကား cetus မှ ဆင်းသက်လာခြင်းဖြစ်ပြီး ဝေလငါးဟု အဓိပ္ပါယ်ရပြီး ဂရိဘာသာစကားဖြင့် ငါးကြီးဟု အဓိပ္ပါယ်ရသည်။[၂] ယင်းသည် ဝေလငါး၊ လင်းပိုင်တို့ပါဝင်သော ရေနေ နို့တိုက်သတ္တဝါအုပ်စုကို ခေါ်ဆိုခြင်းဖြစ်သည်။ ရေထဲတွင် အဓိကကျင်လည်ကျက်စားခြင်း၊ တခါတရံ အရွယ်အစားကြီးမားခြင်း၊ အသားစားသတ္တဝါဖြစ်ခြင်းတို့သည် စီတက်စီယာတို့၏ ပင်မလက္ခဏာများဖြစ်ကြသည်။ ယင်းတို့သည် ရေထဲတွင် လှေလှော်တက်မကဲ့သို့သော အမြီးဖြင့် အပေါ်အောက် ရွေ့လျားသွားလာနိုင်ကြသည်။r[၃] အများစုသည် ပင်လယ်သမုဒ္ဒရာများတွင် ကျင်လည်ကျက်စားကြပြီး ပမာဏအနည်းငယ်သည် ရေငန် သို့မဟုတ် ရေချိုတွင်လည်း တွေ့ရသည်။ ယင်းတို့ကို မြစ်အချို့နှင့် ကမ္ဘာ၏ ပင်လယ်သမုဒ္ဒရာအားလုံးတွင် တွေ့ရှိနိုင်သည်။ စီတက်ဆီယာတို့သည် ဉာဏ်ရည်ကောင်းခြင်းနှင့် ရှုပ်ထွေးသော လူမှုရေးဆက်ဆံမှုရှိခြင်း၊ ကြီးမားသောအရွယ်အစား ပိုင်ဆိုင်ခြင်းတို့ကြောင့် နာမည်ကျော်ကြားကြသည်။ အပြာရောင်ဝေလငါး ဆိုလျင် ၂၉.၉ မီတာ (၉၈ ပေ) ရှည်လျားပြီး ၁၇၃ တန် အလေးချိန်ရှိကာ အကြီးဆုံးသတ္တဝါဟု သတ်မှတ်နိုင်သည်။[၄][၅][၆]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads