ငှက်ကြီးဒုံးစပ်

ငှက်မျိုးစိတ် From Wikipedia, the free encyclopedia

ငှက်ကြီးဒုံးစပ်
Remove ads

ငှက်ကြီးဒုံးစပ် သည် ငှက်ကျားမျိုးရင်းဝင် ဖြစ်သည်။ ခြေတံနှင့် နှုတ်သီးရှည်၍ အကြည့်ရ အလွန် ဆိုးသောငှက်မျိုးဖြစ်၏။ ရပ်နေသောအခါ ၅ ပေခန့်မြင့်၍ အတောင်များကို ဖြန့်ကာ တိုင်းတာလျှင် တစ်ဖက်များမှ တစ်ဖက်ဖျားသို့ ၁၄ ပေမျှ ရှိတတ်သည်။

အချက်တိုများ Leptoptilos Temporal range: Late Miocene to Recent, မျိုးရိုးခွဲခြားခြင်း ...

ငှက်ကြီးဒုံးစပ်သည် ငါးများ၊ ဖားများ၊ မြွေများမှအစ ပုပ်ရိ နေသော အသေကောင်များကို စားသောက်တတ်၏။ ထိုသို့ အပုပ်အစပ်များကို ရှင်းလင်းပေးတတ်သဖြင့် အိန္ဒိယနိုင်ငံတွင် အစိုးရတို့သည် ထိုငှက်များအား မသတ်ဖြတ်ရန် ဥပဒေဖြင့် ကာကွယ်ပေးထားလေသည်။ ငှက်ကြီးဒုံးစပ်များကို အာရှတိုက် တောင်ပိုင်းနှင့် အာဖရိကတိုက်တွင် တွေ့ရသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၌ တွေ့ရသော ငှက်ကြီးဒုံးစပ်မျိုးကို ပါဏဗေဒ အမည်အားဖြင့် 'လက်တိုတိုင်လပ် ဒျူဗီယပ်'ဟု ခေါ်သည်။ ဂျာဗားကျွန်း၌ တွေ့ရသောအမျိုးကို 'လက်တို တိုင်လပ် ဂျာဗန် နစ်ကပ်'ဟု ခေါ်သည်။ ယင်းကို မြန်မာတို့က ဒုံးမြီးကွက်ဟု ခေါ်ကြသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads