စကြီမင်းဆက်
ထိုင်းဘုရင့်နိုင်ငံတော်ကို လက်ရှိ အုပ်စိုးနေသော တော်ဝင်မင်းဆက် From Wikipedia, the free encyclopedia
Remove ads
စကြီမင်းဆက် (ခေါ်) စကြီရာဇဝံသ (ထိုင်း: ราชวงศ์จักรี; Ratchawong Chakri) (အင်္ဂလိပ်: Chakri dynasty) သည် ထိုင်းဘုရင်နိုင်ငံ၏ လက်ရှိမင်းဆက်ဖြစ်ကာ အကြီးအကဲဘုရင်မှာ နိုင်ငံတော်၏ ခေါင်းဆောင် ဖြစ်သည်။ တာ့ခ်ဆင် အုပ်ချုပ်သော ဓနပုရီပြည်ခေတ်အလွန် ၁၇၈၂ ခုနှစ်တွင် မြို့တော်ကို ဘန်ကောက်မြို့ သို့ပြောင်းပြီးချိန် ရတနကောသိန္ဒြခေတ်မှ စ၍ ထိုင်းနိုင်ငံကို အုပ်စိုးခဲ့သည်။ ဤမင်းဆက်ကို တရုတ်-မွန်နွယ်ဖွား ဖြစ်သော အယုဒ္ဓယခေတ်က စစ်တပ်ခေါင်းဆောင်ဖြစ်သူ ရာမ ၁က တည်ထောင်ခဲ့သည်။
လက်ရှိအကြီးအကဲဖြစ်သူမှာ ဒသမမြောက် ရာမဘုရင်ဖြစ်သော ဝဇိရာလင်္ကရဏဖြစ်သည်။ မင်းဆက်၏ လက်ရှိနေရာမှာ ဘန်ကောက်မြို့ရှိ တော်ဝင်နန်းတော်ဖြစ်သည်။
Remove ads
ထိုင်းနိုင်ငံ၏ တော်ဝင်မိသားစု

ထိုင်းနိုင်ငံ၏ လက်ရှိတော်ဝင်မိသားစုမှာ မဟီတလအတုလျေတေဇမင်းသားမှ ဆင်းသက်လာသည်။ သူသည် စုဠာလင်္ကရဏဘုရင်၏ သားတော်တစ်ပါးဖြစ်ကာ ဝဇိရာဝုဓဘုရင်နှင့် ပြဇာဓိပကဘုရင်တို့ အဖေတူအမေကွဲ ညီအစ်ကိုလည်းဖြစ်သည်။ မဟီတလအတုလျေတေဇ၏ သားတော်ကြီး အာနန္ဒမဟီတလ (ရာမ ၈) နတ်ရွာစံပြီးနောက် သားတော်ငယ် ဘူမိဗလအတုလျတေဇ နန်းတက်ခဲ့သည်။ သူ့အား သားတော် ဝဇိရာလင်္ကရဏ ဆက်ခံခဲ့သည်။
မိသားစုဝင်များ
တော်ဝင်မိသားစု၏ လက်ရှိမိသားစုဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဘုရင် ဝဇိရာလင်္ကရဏ
- ဝဇိရကိတိယာဘာ (အကြီးဆုံး သမီးတော်)
- သီရိဝဏ္ဏဝရီ နာရီရတန (သမီးတော်ငယ်)
- ဒီပင်္ကရ ရံသိဇောတိ (အငယ်ဆုံးသားတော်)
အခြား မိသားစုဝင်များ
မကြာမီက လွန်လေပြီးသော မိသားစုဝင်များ
- ဘူမိဗလအတုလျတေဇ (၂၀၁၆)
- ဝဇိရရတန (ဘုရင်ဘူမိဗလ၏ ဝမ်းကွဲ၊ဗာဂျီရာဗုဘုရင်၏ တစ်ဦးတည်းသောသမီး) (၂၀၁၁)
- ကလျာဏိ ဝဎနာ (ဘုရင်ဘူမိဗလ၏ အစ်မတော်) (၂၀၀၈)
- ပွန်းဂျန်ဆန် (ဥပ္ပလရတနာ၏ သားတော်) (၂၀၀၄)
- သီရိနဂရိန္ဒြာ (ရာမ၈နှင့် ရာမ၉ တို့၏မယ်တော်) (၁၉၉၅)
Remove ads
နန်းမွေနန်းလျာ ဆက်ခံမှု ဇယား
ဗုဒ္ဓယော့ဖာစုဠာလောက (ရာမ ၁) (၁၇၃၇–၁၈၀၉)
ဗုဒ္ဓ လော့လာ နဘလယ (ရာမ ၂) (၁၇၆၇–၁၈၂၄)(ရာမ ၁၏ သားတော်)
နန်းကလော (ရာမ၃) (၁၇၈၈–၁၈၅၁)(ရာမ၂၏သားတော်)
မကုဋ (ရာမ၄) (၁၈၀၄–၁၈၆၈)(ရာမ၂၏သားတော်)
စုဠာလင်္ကရဏ (ရာမ၅) (၁၈၅၃–၁၉၁၀)(ရာမ၄၏သားတော်)
ဝဇိရာဝုဓ (ရာမ၆) (၁၈၈၁–၁၉၂၅)(ရာမ၅၏သားတော်)
ပြဇာဓိပက (ရာမ၇) (၁၈၉၃–၁၉၄၁)(ရာမ၅၏သားတော်)
- အာနန္ဒာ မဟီတလ (ဆုန်ခလာမင်းသား) (၁၈၉၂–၁၉၂၉)(ရာမ၅၏သားတော်)
အာနန္ဒ မဟိတလ (ရာမ၈) (၁၉၂၅–၁၉၄၆)(ဆုန်ခလာမင်းသား၏သားတော်)
ဘူမိဗလအတုလျတေဇ (ရာမ၉) (၁၉၂၇–၂၀၁၆)(ဆုန်ခလာမင်းသား၏သားတော်)
ဝဇိရာလင်္ကရဏ (ရာမ၁၀) (၁၉၅၂-)(ရာမ၉၏သားတော်)
- (၁) ဒီပင်္ကရ ရံသိဇောတိမင်းသား (၂၀၀၅-)(ရာမ၁၀၏သားတော်)
- (၂) ဝဇိရကိတိယာဘာ (၁၉၇၈-)
- (၃) သီရိဝဏ္ဏဝရီ နာရီရတန (၁၉၈၇-)
- (၄) သိရိန္ဓရမင်းသမီး (၁၉၅၅-)
- (၅) စုဠာဘရဏမင်းသမီး (၁၉၅၇-)
- (၆) သိရိဘာစုဍာဘရဏ (၁၉၈၂-)
- (၇) အဒိတျာဒရကိတိဂုဏ (၁၉၈၄-)
မှတ်စု
- ဥပ္ပလရတနာ ရာဇာကညာမင်းသမီးသည် ဘုရင်ဘူမိဗလ၏ သမီးကြီးဖြစ်သော်လည်း ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသားနှင့် လက်ထပ်အပြီး သူ၏ နန်းမွေနန်းလျာနှင့် တော်ဝင်ဂုဏ်ပုဒ်များကို စွန့်လွှတ်ခဲ့သည်။
- စုဍာဝဇရ ဝိဝဇရဝံသ၊ ဝဇိရရေသ ဝိဝဇရဝံသ၊ စကြီဝဇိရ ဝိဝဇရဝံသ၊ ဝဇရဝီရ ဝိဝဇရဝံသ မင်းသားများသည် ဝဇိရာလင်္ကရဏဘုရင်၏ သားတော်များဖြစ်သော်လည်း ဝဇိရာလင်္ကရဏက သုစာရိဏီ ဝိဝဇရဝံသမိဖုရားနှင့်အတူ ၎င်းတို့ကိုပါ စွန့်ပစ်လိုက်သည်။
Remove ads
သမိုင်းကြောင်း
ဘုရင်များ
ဥပရာဇာများ (အရှေ့နန်းတော်မင်း သို့မဟုတ် အိမ်ရှေ့မင်းများ)
ဥပရာဇာသည် ဆိုင်ယမ်တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ခဲ့သည်။ ထိုနေရာကို အဆင့်အမြင့်ဆုံးမင်းသားကို ပေးလေ့ရှိသည်။ဥပမာ- ဘုရင်၏ညီငယ် (သို့မဟုတ်) သားတော်ကြီးများဖြစ်သည်။၁၈၈၅ ခုနှစ်မတိုင်မီအထိ စက္ကရီမင်းဆက်မှန်သမျှသည် ဥပရာဇာခန့်လေ့ရှိသည်။ဥပရာဇာသည် အရှေ့နန်းတော်တွင် ရုံးစိုက်လေ့ရှိသည်။ ထိုင်းအစဉ်အလာအရ ဥပရာဇာသည် နန်းတက်ရန် လျာထားသတ်မှတ်ခံရသော်လည်း အစာရစန်ဒုံမင်းသားသာလျှင် ဗုဒ္ဓ လော့လာ နဘာလယဘုရင်အဖြစ် နန်းတက်နိုင်ခဲ့သည်။ စုဠာလင်္ကရဏဘုရင်လက်ထက်တွင် သူ၏ဝမ်းကွဲ ဥပရာဇာဖြစ်သော ဝိဇယဇညမင်းသားကွယ်လွန်ပြီးနောက် ဥပရာဇာ ရာထူးနေရာကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် သူ၏ သားအကြီးဆုံးကို အိမ်ရှေ့မင်း ခန့်အပ်ခဲ့သည်။ သို့သော် ဥပရာဇာ မဟုတ်ပေ။ [၁]
အနောက်နန်းတော်
အနောက်နန်းတော်ဆိုသည်မှာ အယုဓျာခေတ်မှ ဆက်၍လာသော နေရာဖြစ်သည်။ သို့သော် ချက္ကရီမင်းဆက် စတင်တည်ထောင်ချိန်မှစ၍ အနောက်နန်းတော်ကို တစ်ဦးသာစိုးစံခဲ့သည်။အနုရတ် ဒီဗေ့ချ်မင်းသားသည် ရာမ၁ဘုရင်၏ ဝမ်းကွဲဖြစ်ကာ ၁၇၈၅တွင် ခန့်အပ်ခံခဲ့ရသည်။
အိမ်ရှေ့မင်းများ
ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်း သို့မဟုတ် သယမ်မကုဋရာဇကုမာရ (สยามมกุฎราชกุมาร)သည် တိုင်းပြည်၏ အနာဂတ်ဘုရင်အဖြစ် သတ်မှတ်ထားသောနေရာဖြစ်သည်။ ၁၈၈၆ခုနှစ်တွင် စုဠာလင်္ကရဏဘုရင်သည် သူ၏ အကြီးဆုံးသားကို ခန့်အပ်ခြင်းဖြင့် ရာထူးစတင်ဖန်တီးခဲ့သည်။ဤနေရာသည် အနောက်နိုင်ငံများ၏ ဓလေ့မှ တိုက်ရိုက်ကူးချထားခြင်းဖြစ်သည်။ ထိုစဉ်မှစ၍ အိမ်ရှေ့မင်းသား (၃)ယောက်သာ ခန့်အပ်ခဲ့သည်။နောက်ဆုံးသော အိမ်ရှေ့မင်းသားမှာ လက်ရှိဘုရင် မဟာဝဇိရာလင်္ကရဏဖြစ်သည်။ သူ့ကို ၁၉၇၂ခုနှစ်တွင် ခမည်းတော် ဘုရင်ဘူမိဗလအတုလျတေဇက ခန့်အပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဘုရင်ဖြစ်လာခဲ့သည်။
မိဖုရားခေါင်များ
မှတ်စု
ဥပရာဇာမှာ လက်ရှိနန်းဆက်၏ ဒုတိယဘုရင်သဘောဖြစ်ကာ အိမ်ရှေ့မင်းမှာ နောင်တွင်ဘုရင်ဖြစ်မည့် မင်းလောင်းဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads