စမ်းစမ်းအေး (ရုပ်ရှင်သရုပ်ဆောင်)

From Wikipedia, the free encyclopedia

စမ်းစမ်းအေး (ရုပ်ရှင်သရုပ်ဆောင်)
Remove ads

အကယ်ဒမီ ရှုမဝ စမ်းစမ်းအေးကို အဖ ဦးအေးနှင့် အမိဒေါ်လှမြင့်တို့က ၁၉၄၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ရန်ကုန်မြို့၊ ရေကျော်မြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ခြောက်ယောက်ရှိသည့်အနက် ဒုတိယမြောက် သမီးတစ်ဦးဖြစ်သည်။

Thumb
San San Aye

ငယ်ဘဝ

ငယ်စဉ်က တာမွေ အ.ထ.က(၁)ကျောင်းတွင် ဒသမတန်းအထိ ပညာသင်ယူခဲ့သည်။

ရှုမဝ

ရှုမဝ စမ်းစမ်းအေးသည် ရုပ်ရှင်လောကသို့ မဝင်ရောက်မီ ရဲဆန်းသစ် တီးဝိုင်းတွင် အပျော်တမ်း သီချင်းဆိုသည်။ မြန်မာ့အသံမှ ထုတ်ဝေသော သောတရှင် မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင်အဖြစ် ပါဝင်ဖော်ပြခြင်း ခံရသည်။ ယင်းမျက်နှာဖုံး ဓာတ်ပုံကို ဒါရိုက်တာ ရှုမဝဦးကျော်က တွေ့ရှိပြီးနောက် စမ်းစမ်းအေးကို ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းသည်။ ၁၉၆၀-ပြည့်နှစ်တွင် ရုပ်ရှင်လောကသို့ စတင်ရောက်ရှိပြီး ဒါရိုက်တာ ရှုမဝဦးကျော် ရိုက်ကူးသော ရွှေရင်သိမ်းသစ်"ဇာတ်ကားတွင် ပထမဆုံး သရုပ်ဆောင်ခွင့် ရရှိသည်။ သူမ၏ လက်ဦးဆရာမှာ ဒါရိုက်တာ ရှုမဝဦးကျော်ဖြစ်သည်။

ရွှေရင်သိမ်းသစ် ဇာတ်ကားကို စတင်ရိုက်ကူးပြီးနောက် ချစ်တဲ့သူရဲ့ရင်ခွင်ရင်ဝယ်တသိမ့်သိမ့်လုလင်ငယ်သွေးလေချိုတသွေးသွေးချွေးကလေးစိုစို ဇာတ်ကားများကို ရုပ်ရှင်မင်းသား မောင်ယဉ်ထွေးနှင့် ရိုက်ကူးရင်း ဖူးစာဆုံကာ အိမ်ထောင်ပြုသည်။ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားသည်။

စမ်းစမ်းအေး ပါဝင်သရုပ်ဆောင်ရသည့် အပယ်ရတနာဒေါင်းမလေး၊ ပန်းရုံပန်းနွယ်ကစိမ်းခြေဖဝါးတော်နုနုနေထွက်သောည၊ ပစ်မှတ်စိန်ခေါ်နေသည့်အချစ်ချစ်သူရွေးမယ် ချစ်ဝဲလည် ရုပ်ရှင်ဇာတ်ကားများမှာ ထင်ရှားသည်။ ၎င်းဇာတ်ကားများအနက် ၁၉၉၃-ခုနှစ်တွင် "စိန်ခေါ်နေတဲ့အချစ်'ရုပ်ရှင်ဇာတ်ကား၌ အကောင်းဆုံး မင်းသမီး ဇာတ်ပို့ဆု အကယ်ဒမီဆုကို ရရှိခဲ့သည်။

ရှုမဝစမ်းစမ်းအေး မကွယ်လွန်မီအချိန်အထိ ကားကြီးပေါင်း ၁၀၀ ကျော်နှင့် ဗီဒီယို ဇာတ်ကား ၄၀၀ ကျော်ခန့် ရိုက်ကူးခဲ့သည်။

Remove ads

ဘဝနိဂုံး

အကယ်ဒမီ ရှုမဝ စမ်းစမ်းအေးသည် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးရင်း ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါဖြင့် ၂၀၀၇-ခုနှစ်၊ ဧပြီလ (၄)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၂)နှစ် ရှိပြီဖြစ်သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads