စိန္တမုဒြာ

From Wikipedia, the free encyclopedia

စိန္တမုဒြာ
Remove ads

စိန်မုဒြာဟုလည်း ခေါ်သည်။ ဉာဏမုဒြာ ဗျာချာနမုဒြာ သန္ဒဿနမုဒြာတို့နှင့် ဆင်တူယိုး မှားဖြစ်သည်။ စိန္တမုဒြာနှင့်ရုပ်ပွားတော်ကို စိန္တာမုနိကိုယ်တော်ဟု ခေါ်ကြသည်။

Thumb

လက်မထိပ်ဖျားနှင့် လက်ညှိုးကို ထိထားပြီး အခြားလက်ချောင်းများကို ထောင်ထားကာ လက်ဝါးကို ပြင်ဘက်သို့ ပြထားသော ဟန်ဖြစ်သည်။ လက်ကိုရင်ဘတ်နှင့် ကပ်၍ ထားတတ်သည်။ တခါတရံ လက်ကိုရှေ့သို့ထုတ်ပြီး၊ လက်မလက်ညှိုးကွင်း၍ အောက်နှိမ့်ပြီး ပြထားတတ်သည်။

တရားသဘောကို ရှင်းလင်းဟောပြနေသည့် သဘောကို ဆောင်သည်။

အနှစ်သာရအားဖြင့် ဈာန်သမာဓိလုပ်ငန်း သမထလမ်းကို ညွှန်ပြလိုခြင်းဖြစ်သည်။

ဓမ္မဿဝနမင်္ဂလာ, ဓမ္မသာကစ္ဆာမင်္ဂလာ, ဓမ္မေသု အပ္ပမာဒမင်္ဂလာ, ဗာဟုသစ္စမင်္ဂလာ, ဝိနယ သုသိက္ခိတမင်္ဂလာများနှင့် ပြည့်စုံကြပါရန် သဏ္ဌာန်သရုပ်ဆောင် ပြထားခြင်း ဖြစ်သည်။

သန္တရသ, ဝီရရသများကို ပေါ်လွင်ထင်ရှားစေသည်။

ပညာပါရမီ သစ္စာပါရမီ အဓိဋ္ဌာနပါရမီ မေတ္တာပါရမီစသည်တို့ကို ညွှန်ပြထားသည့်ဟန်ဖြစ်ပေသည်။

ဒိသာပါမောက္ခဆရာကြီးက တပည့်များအား သင်ပြရှင်းလင်းနေသည့် ရုပ်ပုံများတွင် ဤ မုဒြာဖြင့် တွေ့ရတတ်သည်။

ရသေ့များ ရဟန်းများ ပုဏ္ဏားတို့၏ ရုပ်ပွား ရုပ်လုံး ရုပ်ကြွများတွင် တခါတရံ တရားရှင်းပြနေဟန်ဖြင့် ဤမုဒြာကို တွေ့ရတတ်ပေသည်။

ဤစိန္တမုဒြာပါသောရုပ်တုကို ကိုးကွယ်လျှင် အကြံအစည်ကောင်းများ ပေါ်ပေါက်လာတတ်ခြင်း သမထပေါက်မြောက်ခြင်း, သိဒ္ဓိပြီးစီးခြင်း, တရားထူးကို ရရှိခြင်း, ပညာထူးကို ရရှိခြင်း, လျှိုပညာ မှော် ပညာများကို တတ်မြောက်ခြင်း, ပညာဉာဏ်ထက်မြက်ခြင်း စသောအကျိုးထူးများကို ရနိုင်သည်ဟု တန္တရာယာန ကျမ်းများ၌ ဖွင့်ဆိုထားပေသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads