စိန်ထွန်း (တရားသူကြီး)

မြန်မာတရားသူကြီးတစ်ဦးဖြစ်သည် From Wikipedia, the free encyclopedia

Remove ads

ဦးစိန်ထွန်း (၁၉၅၈ ဖွား) သည် မြန်မာတရားသူကြီးတစ်ဦးဖြစ်သည်။[]သူသည် မကွေးတိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ရက်ကစပြီး ၁၂နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။[] ယခင်က သူသည် မကွေးတိုင်းတွင် တိုင်းတရားသူကြီးဖြစ်ခဲ့သည်။

အချက်တိုများ စိန်ထွန်း, မကွေးတိုင်းဒေသကြီးလွှတ်တော်တရားသူကြီးချုပ် ...
Remove ads

ပညာရေးနှင့်ဝန်ထမ်းဘဝ

၎င်းသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မှနေ၍ ဝိဇ္ဇာ(ဥပဒေ) ဘွဲ့ကို ၁၉၇၉ ခုနှစ်တွင်လည်းကောင်း၊ ဥပဒေ ဘွဲ့ကို ၁၉၈၀ ခုနှစ်တွင် လည်းကောင်း အသီးသီးရရှိခဲ့သည်။တရားသူကြီးချုပ် ဦးစိန်ထွန်းသည် တရားရေးဝန်ထမ်း အဆင့်-၄ အဖြစ် ၁၉၈၃ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ပြီး အဆင့်ဆင့် ရာထူးတိုးမြှင့်ခံရပြီးနောက် တနင်္သာရီတိုင်းဒေသကြီး တိုင်းတရားသူကြီး၊ မကွေးတိုင်းဒေသကြီး တိုင်းတရားသူကြီးအထိ တရားရေးဝန်ထမ်းလုပ်သက် (၃၃) နှစ်ကြာသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[]

Remove ads

တိုင်းလွှတ်တော်တရားသူကြီးဘဝ

တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းကို မကွေးတိုင်းဒေသကြီးလွှတ်တော် တရားသူကြီး ချုပ်အဖြစ် ၂၀၀၁ ခုနှစ်၊ မတ်လ ၃၀တွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က အဆိုပြု ခန့်အပ်တာဝန်ပေးသည်။သူသည် တိုင်းနှင့်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များထဲ ၁၂နှစ်ကျော် တစ်ဆက်တည်း တာဝန်ထမ်းဆောင်ခံရသည့် အနည်းငယ်သောတရားသူကြီးချုပ်များထဲ တစ်ဦးအဖြစ်ပါဝင်ခဲ့သည်။ထိုတာဝန်ကို စစ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကြာသည်အထိ ထမ်းဆောင်ကာ အငြိမ်းစားယူသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads