မြင့်သိန်း (တရားသူကြီး)

ဒုတိယမြောက် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြ From Wikipedia, the free encyclopedia

Remove ads

တရားသူကြီး ဦးမြင့်သိန်း (၁၉၅၈ ဖွား) သည် ဒုတိယမြောက် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ []သူသည် ယခင်က တိုင်းဒေသကြီးလွှတ်တော် တရားသူကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ တိုင်းလွှတ်တော်တရားသူကြီးချုပ်အဖြစ် ၂၀၂၃ ဇွန်လ ၁၆ ရက်တွင် ခန့်အပ်ခံရပြီး ၂၀၂၃ အောက်တိုဘာ ၁၀ရက်တွင် သက်ပြည့် အငြိမ်းစားယူသည်။

အချက်တိုများ မြင့်သိန်း, မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ...
Remove ads

ပညာရေး

၎င်းသည် ဥပဒေဘွဲ့ကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း၊ စီးပွားရေးဥပဒေပညာ ဒီပလိုမာဘွဲ့ကို ၂၀၀၆ ခုနှစ်တွင် လည်းကောင်း ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ တရားသူကြီး ဦးမြင့်သိန်းသည် တရားရေးဝန်ထမ်း အဆင့် (၄) အဖြစ် ၁၉၈၄ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဆင့်ဆင့် ရာထူးတိုးမြှင့်ခံ ရပြီးနောက် တရားရုံးချုပ် (နေပြည်တော်) တွင် ညွှန်ကြားရေးမှူးအဆင့်အထိ တရားရေးဝန်ထမ်းလုပ်သက် (၃၄) နှစ်ကျော် ကြာသည်အထိ တာဝန်ထမ်းဆောင်သည်။[]

Remove ads

တရားလွှတ်တော်တရားသူကြီးဘဝ

သူ့ကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀တွင် မကွေးတိုင်းတရားလွှတ်တော် တရားသူကြီး အဖြစ် နိုင်ငံတော်သမ္မတက အဆိုပြု ခန့်အပ်သည်။[]ထိုတာဝန်ကို ၂၀၂၃ ဇွန်လ ၁၆ ရက် တိုင်းလွှတ်တော်တရားသူကြီးချုပ် တာဝန်မထမ်းဆောင်မီအထိ တစ်ဆက်တည်း တာဝန်ယူခဲ့သည်။

မိသားစုဘဝ

၎င်းသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads