စိန်မောင်
၃၀.၈.၂၀၂၁ နေ့တွင် ကွယ်လွန်သည်။ကွယ်လွန်ချိန်တွင် အသက် ( ၈၅ )ရှိပြီ ဖြစ်ပါသည်။ From Wikipedia, the free encyclopedia
Remove ads
ဒေါက်တာစိန်မောင် (၁၉၃၆-၂၀၂၁) သည် [၁] ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် စာရင်းသွင်းထားသော First Private Bank အများပိုင်ကုမ္ပဏီကို တည်ထောင်သူနှင့် ယင်းဘဏ်၏ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀နီးပါးဆောင်ရွက်ခဲ့သူဖြစ်သည်။မြန်မာ့ဘဏ်လောက၏ ဦးဆောင်ပညာရှင်တစ်ဦးဟုလည်းဖော်ညွှန်းခြင်းခံရသည်။
Remove ads
ငယ်ဘဝ
အဖ ဦးစိန်ယုံ၊ အမိ ဒေါ်မြရင်တို့က လှည်းကူးမြို့နယ် ဒါးပိန်မြို့တွင် ၁၉၃၆ ခုနှစ်၌ မွေးဖွားခဲ့သည်။၁၉၅၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ BA (Honours) ဘွဲ့ကို လည်းကောင်း၊ ၁၉၆၀ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု Syracuse University ရှိ Maxwell Graduate School မှ MPA ဘွဲ့ကို လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် New York Univeristy မှ PhD ကို လည်းကောင်း ရရှိသည်။
၁၉၆၅-၆၆ ခုနှစ်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ် ၌ လက်ထောက် ကထိက အဖြစ် လည်းကောင်း၊ ၁၉၆၆ မှ ၁၉၈၈ ခုနှစ်ထိ ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီးဌာနတွင် ဒုတိယအတွင်းဝန်နှင့် တွဲဖက်ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း၊ တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်သော အဖွဲ့အစည်းများတွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။
၎င်းသည် နိုင်ငံတော်အေးချမ်းသားယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူတစ်ဦးဖြစ်သည့်အပြင် အထူးသဖြင့် ဦး ခင်ညွှန့်နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိသည်။ ၂၀၁၇ခုနှစ်က ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင် ကျောင်းသားအချို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ကန်တော့ခဲ့ရာတွင် ဒေါက်တာစိန်မောင်လည်း ကန်တော့ခံသည့်ထဲပါဝင်ခဲ့သည့်အပြင် ဦးခင်ညွှန့်ကို ဖိတ်ကြားပေးသူဟု ဧရာဝတီက ဖော်ပြသည်။ [၂]
Remove ads
နိုင်ငံတကာ အတွေ့အကြုံများနှင့်တာဝန်ထမ်းဆောင်ခဲ့မှုများ
နိုင်ငံတကာ အတွေ့အကြုံများ အဖြစ် ၁၉၇၆-၇၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)၏ အလှည့်ကျ အမှုဆောင် ဒါရိုက်တာ၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ နိုင်ငံတကာ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (IBRD) တွင် စီးပွားရေး/ ချေးငွေ အရာရှိတို့ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၆၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ IMF, World Bank, UACTND, GATT, ECAFE စသည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာ Seminar နှင့် Conference များ၊ ၂၀၀၂ ခုနှစ်မှ စ၍ အာဆီယံ ဘဏ်လုပ်ငန်းဆိုင်ရာ ကောင်စီနှင့် Conference များကို တက်ရောက်ခဲ့သည်။မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ အာဆီယံဘဏ်များအသင်း ငွေကြေး ရင်းနှီးမြှုပ်နှံ့မှုနှင့် ကုန်သွယ်ရေး အမြဲတမ်း ကော်မတီတွင် အမြဲတမ်း အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဘဏ်များအသင်းတွင် အမှုဆောင် အဖြစ် လည်းကောင်း၊မြန်မာနိုင်ငံဘဏ်များအသင်းတွင် ဒုတိယဥက္ကဋ္ဌ တစ်ဦးအဖြစ် လည်းကောင်း တာဝန်ယူခဲ့ပြီး၊ အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများတွင် ဘဏ်လုပ်ငန်းနှင့် စီးပွားရေး ဆိုင်ရာ အတိုင်ပင်ခံ ပညာရှင် တဦး အဖြစ် ဟောပြော ဆွေးနွေးခဲ့သည်။ထို့အပြင်အများပိုင် ပထမပုဂ္ဂလိကဘဏ်လီမိတက်ကို ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလတွင် တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်နှစ်ပေါင်း ၃၀နီးပါး တာဝန်ယူ ဆောင်ရွက်ခဲ့သည်။[၃]၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သည်။[၄] [၅]
Remove ads
ဘဝနိဂုံး
ဒေါက်တာ စိန်မောင်သည် ၂၀၂၁ခုနှစ် ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။ [၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads