စုစုလွင်၊ ဒေါ်

သမ္မတက​တော်၊ First Lady From Wikipedia, the free encyclopedia

စုစုလွင်၊ ဒေါ်
Remove ads

ဒေါ်စုစုလွင် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဝမမြောက် သမ္မတဖြစ်သူ ဦးထင်ကျော်၏ ဇနီး ဖြစ်သည်။ သူမသည် သုံးခွမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့မှ စတင်ကာ ဆောင်ခဲ့သည်။[][][] ပြည်သူ့လွှတ်တော်၏ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ၂၀၁၆ မတ်လ ၃၁ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။

အချက်တိုများ ဒေါ်စုစုလွင်, မြန်မာနိုင်ငံ၏ First Lady ...
Remove ads

ငယ်ဘဝ

ဒေါ်စုစုလွင်ကို လွတ်လပ်ရေးမော်ကွန်းဝင် အငြိမ်းစား ဗိုလ်မှူးကြီး နှင့် အငြိမ်းစား နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် သီရိပျံချီ ဦးလွင် နှင့် ဒေါ်တင်မမလေးတို့က ၁၉၅၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။[] သမီးနှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်စဉ်က အထက ၃၊ မော်လမြိုင်၊ အထက ၂ ကမာရွတ်၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၊ Radnor Elementary School မက်သဒစ် အင်္ဂလိပ်အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။[]

Remove ads

နိုင်ငံ့ဝန်ထမ်းဘဝ

ပညာရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာ အဓိကဖြင့်ရရှိခဲ့ကာ[] မြန်မာနိုင်ငံ ပညာရေး သုတေသီအဖွဲ့တွင် ၁၃ နှစ် ကျော်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဦးထင်ကျော်နှင့် လက်ထပ်ခဲ့သည်။

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်တွင် သင်ခန်းစာ ရေးသားခြင်းဆိုင်ရာ ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ကထိကရာထူးမှ နုတ်ထွက်ခဲ့သည်။

နိုင်ငံရေးသမားဘဝ

၁၉၈၉ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း၌ အင်္ဂလိပ်စာသင်တန်းများ ပို့ချပေးခဲ့သည်။ ၁၉၉၀ ခုနှစ်မှစ၍ UNICEF တွင် ပညာရေး စီမံကိန်းအရာရှိအဖြစ် ထမ်းဆောင်ခဲ့ခြင်း၊ လူအခွင့်အရေး အခြေပြု စီမံကိန်းရေးဆွဲခြင်း တာဝန်များ ထမ်းဆောင်ကာ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများကို ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မော်ရိုကို တို့တွင် တက်ရောက်ခဲ့သည်။

Thumb
​လွှတ်​တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်

၁၉၉၉-၂၀၀၀ မှစ၍ သုံးခွမြို့နယ်တွင် ကျောင်းနေအရွယ် အားလုံး ကျောင်းနေရေး စီမံကိန်းနှင့် စဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင် စီမံရေးအရာရှိအဖြစ် UNICEF ဘက်မှ ဆောင်ရွက်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။ အမေ့အိမ်အခမဲ့ ပညာဒါနကျောင်းများဖွင့်ကာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာများအား ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားနည်းများ ပို့ချဆွေးနွေးပေးခဲ့သည်။

Thumb
ခင်ပွန်းဖြစ်သူ သမ္မတဦးထင်​ကျော်နှင့်အတူ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးသွား​ရောက်စဉ်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ကိုးကား

ပြင်ပလင့်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads